Print

Eyebrow Threading vs Tweezing

  30-Oct-2016
Preview Image

မြတ်စု မျက်ခုံးမွှေးနဲ့ပတ်သက်ပြီးဖတ်ထားတဲ့ article မျှဝေချင်ပါတယ်။ မျက်နှာ အစိတ်အပိုင်းမှာ တိကျပြတ်သားလှပတဲ့ မျက်ခုံးမွှေး ပိုင်ဆိုင်ခြင်းဟာ အရေးပါလှပါတယ်။ ဘယ်လောက်ဘဲ အလှပြင်ထားပါစေ သေသပ်လှပတဲ့ မျက်ခုံးမွှေး တစုံမပိုင်ဆိုင်ထားဘူူူး ဆိုရင်တော့ ပြီးပြည့်စုံတဲ့ အလှမဖြစ်ပါဘူး။ လှပသေသပ်သောမျက်ခုံးမွှေးပိုင်ဆိုင်ဖို့ဆိုတာ တကယ်တော့ ပြောသလောက် မလွယ်ကူပါဘူူး။ မြတ်စု ကိုယ်တိုင် မိတ်ကပ်ကိုစထိတွေ့တဲ့ ခါတုန်းကဆို မျက်ခုံးမွှေးဖြောင့်အောင် မဆွဲနိုင်ခဲ့ဘူး။ Practice makes

perfect ဆိုတဲ့အတိုင်း ၁နှစ်လောက် အချိန်ယူလိုက်ရပါတယ်။ ဒါလေးကတော့ ကိုယ်တွေ့ experience လေးပေါ့။ မျက်ခုံးကို ဘယ်လောက်ဘဲ အပေါ်က eyebrow pencilsတွေနဲ့ဆွဲဆွဲ မျက်ခုံးမွှေးကို ရိတ်ပြီး သေချာ ပုံမဖော်ထားရင် တော့ အလကားပါဘဲ . ဒီ article အကြောင်းကတော့ မိမိ ရဲ့ မသေသပ်ဘဲ ပြန့်ပေါက်နေတဲ့ မျက်ခုံးမွှေးကို နည်း ၂ မျိုးသုံးပြီး ရိတ် နိုင်ကြောင်း ပြောပြ ထား ပါတယ်။Threading လို့ခေါ်တဲ့ အပ်ချည်ကြိုးသုံး ပြီး မျက်ခုံးကို ရိတ်နည်းနဲ့ Tweezing လို့ခေါ် တဲ့ tweezer ( မွှေးညှပ်ဇာဂနာ) သုံးခြင်းတို့ဖြစ် ပါတယ်.

 

Threading နည်းနဲ့ရိတ်တဲ့မျက်ခုံးမွှေး နဲ့ Tweezing နည်းနဲ့ရိတ်တဲ့ မျက်ခုံးမွှေး ကွာ ခြားချက်က Final eyebrow shape ဖြစ်ပါတယ်။ Tweezing နည်းနဲ့ဆို မျက်ခုံး မွှေး များကို အမြစ်ပါအောင် နုတ်နိုင်တော့ " clean, precise , defined brows" ဖြစ် စေပြီး Threading နည်းလည်းထိုနည်းတူစွာပြောင် အောင် ရိတ်နိုင်ပြီး သူ့ကိုတော့ natural look လိုချင် တဲ့သူတွေအတွက်အကြံပြုပါတယ်။Tweezer မပေါ်ခင် တည်းက Threading နည်းဟာဆို နှစ်ပေါင်းများစွာ ထဲ က ပေါ်ပေါက် တဲ့နည်းဖြစ်ပါတယ်။ ဒါ့အပြင်ခုနောက် ပိုင်း ပေါ်ပေါက်လာတဲ့ eyebrow waxing ကတော့ eye area နားဖြစ်တဲ့အတွက် harsh ဖြစ်ပါတယ်. Waxing နည်းဟာဆိုပြတ်သားတဲ့ shape မပေးနိုင် တဲ့ အပြင် eyebrow ပါ မတော် တဆပုံပျက်နိုင် ပါတယ်။.မြတ်စုအတွေ့အကြုံရဆို waxing ကိုအား မပေးပါဘူး. ကိုယ်တိုင်လည်း လုပ်ဖူးပြီး final result မကောင်းပါဘူး.မြတ်စုကတော့ Tweezing နည်းကို သဘောကျ ဆုံးပါ. နုတ်တဲ့မျက်ခုံးမွှေးလည်း ကြာကြာ နေမှပြန်ပေါက်ပြီး သပ်ရပ်တဲ့ result ပေးနိုင်ပါတယ်. threading ကို တော့ ခုထိမလုပ်ဖူးသေးပါဘူး။ ကောင်းတဲ့ဆိုင်များ သိရင် recommend သွားပါနော်။Eyebrow shapeကမိန်းကလေးတယောက်အ တွက်အဓိကကျ တာမို့ ဒီအကြောင်းလေး shareပေးလိုက်ပါတယ်နော်။ အထောက် အကူဖြစ်လိမ့်မယ် လို့မျှော်လင့်ပါတယ်။

 

Ref:

မြတ်စု

26.10.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18