Print

မိန်းကလေးများအတွက် ကိုကိုမောင်မောင်တို့ကို ဆွဲဆောင်နိုင်မည့် သဘာဝအတိုင...

  30-Oct-2016
Preview Image

ရင်သားဖွံ့ထွားမှုအတွက် စိတ်ဝင်စားကြသူ များ၏။ လုံးဝန်းမာကျစ် ကြီးမားသော ရင်သားမျိုး ပိုင်ဆိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေ လေ့လာကြသူ များ၏ ။ သဘာဝအားဖြင့်တော့ ရင်သားဟာ သားသမီးရင်သွေးငယ်များကို နို့ချို တိုက်ကျွေးဖို့ ဖြစ်ပေမယ့် အမျိုးသမီးတို့အတွက် အလှတန်ဆာလဲ ဖြစ်၏။ ခုခေတ်မှာတော့ ကိုယ်လိုချင်တဲ့ ရင်သားအရွယ်အစားဖြစ်ဖို့ ခွဲစိတ် ပြုပြင်လာကြလေပြီ။ ရင်သား ခွဲစိတ်ပြုပြင်ခြင်းဟာ အမှားတရပ် ကျူးလွန်ခြင်းမဟုတ်။ ကိုယ့်ခန္ဓာကိုယ်အတွက် ကိုယ့်ရဲ့ရွေးချယ် ဆုံးဖြတ်ချက်သာ။ ခွဲစိတ်ပြုပြင်ခ ကြီးမြင့်ရုံမက နာကျင်မှုကိုလဲ ခံစားရတတ်ပါတယ်။

အချို့အမျိုးသမီးတို့ဟာ မွေးရာပါအတိုင်း ရင်သား လုံးဝန်း ကြီးမားတဲ့ အလှနဲပြည့်စုံကြပေမယ့်အချို့ကတော့ ရင်သားအရွယ်အစား သေးငယ်ကြ၏။ အမျိုးသမီးတွေရဲ့ရင်သားဟာအပျိုဖော်ဝင်စမှာ တဖြည်းဖြည်း စတင် ကြီးထွားလာပြီး အရွယ်ရောက်ချိန်မှာတော့ ကြီးထွားမှု ရပ်တန့်သွားပါတယ်။ အပျိုဖော်ဝင်ပြီးချိန်ကနေ ကိုယ်ဝန်ဆောင်ချိန်ထိ ရင်သားအရွယ်အစား ကြီးမလာ။ မပြောင်းလဲပဲ သေးငယ်မြဲ။ အဲ့ဒါကြောင့် ရင်သား ကြီးချင်သူများ ဆေးဝါးရှာကြ၏။ရင်သားကြီးဆေး စျေးကွက်ထဲမှာ ဟော်မုန်းထိုးဆေး၊ သောက်ဆေးနဲ့ လိမ်းဆေးခရင်မ် အမျိုးမျိုးရှိပြီး အတော်လေး ကျယ်ပြန့်၏။ တချို့ဆေးဝါးတွေဟာ တခါတရံ ခန္ဓာကိုယ်နဲ့ ဓာတ် မတည့်တာမျိုး ဖြစ်တတ်၏။ သဘာဝနည်းဖြင့် ရင်သားကြီးထွားအောင် လုပ်နည်းလဲ အမျိုးမျိုးရှိ၏။ ခွဲစိတ်စရာ မလို၊ ဆေးထိုးပြုပြင်စရာလဲ မလိုပေမယ့် စိတ်ရှည်ရှည် အချိန်ယူ ပြုပြင်နိုင်တဲ့ ထိရောက်တဲ့ သဘာဝကုထုံး နည်းလမ်းတွေ အကြောင်းကို ကျနော်တို့ သိမှတ်ဖွယ်ရာ ဗဟုသုတရွာ ပေ့ချ်ကနေ မျှဝေပေးလိုက်ပါတယ်။

 

(၁) ရင်အုံကြွက်သား ပြုပြင်ပေးနည်း

(၂) ကိုယ်အလေးချိန် ထိန်းနည်း

(၃) ခန္ဓာကိုယ်အနေအထား ပြုပြင်နည်း

(၄) နှိပ်နယ်ပေးခြင်းနဲ့

(၅) ဆေးဖက်ဝင်အပင် သုံးစွဲနည်းတို့ပါ။

(၁) ရင်အုံကြွက်သား ပြုပြင်ပေးနည်း

ရင်အုံကြွက်သား ပြုပြင်ပေးနည်း ကတော့ ရင်အုံ၊ လက်မောင်းနဲ့ ရင်ဘတ် (နို့အုံ) ကြွက်သားတွေကို ဒိုက်ထိုး လေ့ကျင့်ခန်း လုပ်ပေးတာပါ။ ဒိုက်ထိုးနည်းတွေမှာလဲ regular push-up,elevated push-up,wall push-up စသဖြင့် နည်းအမျိုးမျိုးရှိပါတယ်။ အဲ့ဒီဒိုက်ထိုးနည်း ၃ မျိုးကို တစ်မျိုးကို ၁၃ ခါမှ ၁၅ ခါ၊ တစ်ပတ်ကို ၃ ကြိမ်မှ ၅ ကြိမ် မှန်မှန် လုပ်ပေးရင် တစ်လအတွင်းသိသာလာမှာ ဖြစ်ပါတယ်။နောက်တစ်ခုကတော့chest press လို့ ခေါ်တဲ့ အိပ်ရက်ကနေ ရင်ဘတ်ပေါ် အလေးမတာပါ။ ကျောကို ကြမ်းပေါ် (သို့) ခုံမှာကပ်ပြီး လှဲချကာ ဒူးလဲ ကွေးထားရမှာပါ။ လေ့ကျင့်ခန်းသုံး ကိရိယာကို လက်တဖက်စီက ကိုင်ပြီး မြှောက်လိုက် ချလိုက် လေ့ကျင့်ရမှာပါ။ ခန္ဓာကိုယ်အနေအထား၊ တံတောင်ဆစ်အနေအထား အချိုးကျကျ သိချင်ရင် youtube မှာလေ့ကျင့်ခန်းတွေ ရှာကြည့်နိုင်ပါတယ်။

(၂) ကိုယ်အလေးချိန်ထိန်းနည်း

သင်ဟာ ခန္ဓာကိုယ် ပိန်သွယ်သူ ဆိုရင် ရင်သားကြီးလာဖို့ ကိုယ်အလေးချိန်တိုးအောင် လုပ်ပေးရမှာပါ။ နို့အုံ ရင်သားက အဆီတွယ်ဆက်တစ်ရှူးဖြစ်ပြီး တကိုယ်လုံးက အဆီတွေနဲ့ အတူတူပါပဲ။ ကိုယ်အလေးချိန် လျော့နည်းရင် အဆီတွေကျပြီး ရင်သားလဲသေးငယ်တတ်ပါတယ်။ ရင်သားကြီးအောင်လို့ အချိန်တိုအတွင်း ကိုယ်အလေးချိန် ချက်ချင်းတိုးအောင် လုပ်ရင်လဲ နည်းမှန်လမ်းမှန် မဟုတ်ရင် ကျန်းမာရေးအန္တရာယ် ဖြစ်တတ်ပါတယ်။

(၃) ခန္ဓာကိုယ်အနေအထား ပြုပြင်နည်း

ခန္ဓာကိုယ်အနေအထား ပြုပြင်နည်း ဆိုတာကတော့ ထူးဆန်းခက်ခဲတဲ့ နည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်အနေအထား မှန်မှန် မထားတတ်ရင် ရင်သား သေးနေသလို ထင်ရတတ်ပါတယ်။ လည်တိုင်နဲ့နောက်ကျောကို တည့်တည့်မတ်မတ်လေး ထားပြီး ပုခုံးကို ခပ်ပြေပြေနဲ့ မေးစေ့ကို မြှင့်ပြီး နေတာမျိုးက ကျော့ကျော့မော့မော့နဲ့ ရင်သားကို စွင့်ထားသလို အနေအထား ဖြစ်စေတာကြောင့် လှပတဲ့ကိုယ်ဟန်ကို ဖြစ်စေပါတယ်။

(၄) ရင်သားကို နှိပ်နယ်ပေးခြင်း

ထိုင်းရိုးရာဆေးနည်းတွေအရဆိုရင် ရင်သားကို ပုံမှန်နှိပ်နယ်ပေးခြင်းဟာ ရင်သားအရွယ်အစားကို ကြီးထွားလာစေပါတယ်။ နှိပ်နယ်ပေးခြင်းဟာ ရင်ဘတ်တစ်ရှူးကို ဆွဲဆန့်ပေးပြီး ကျစ်လျစ်သွားစေတာကြောင့် နို့အုံ ပိုကြီးပြီး လုံးကျစ်သွားစေသလို ရင်ဘတ်တဝိုက်က သွေးလှည့်ပတ်မှုကို တိုးတက် ကောင်းမွန်စေပါတယ်။ ရင်သားကိုနှိပ်နယ်ရာမှာလဲ သဘာဝပစ္စည်းတွေကနေ ထွက်ရှိတဲ့အဆီကို သုံးစွဲနှိပ်နယ်သင့်ပါတယ်။

(၅) saw palmetto

saw palmettoဆိုတဲ့ ထန်းပင်တစ်မျိုးက ရင်သားကြီးထွားစေဖို့အတွက် အကောင်းဆုံး ဆေးတစ်လက်လို့ ဆိုပါတယ်။ ဒီအပင်မှာ ပါ၀င်တဲ့ ဖက်တီးအက်ဆစ်နဲ့ ဖိုင်တို နျူထရီယန့် ဆိုတဲ့ သဘာဝဒြပ်ပေါင်းတွေက ရင်သားတစ်ရှူး ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုပေးပါတယ်။ saw palmetto အပင်ကနေ သီးတဲ့အသီးတွေကနေ ရင်သားကြီးထွားစေတာတင်မက အမျိုးသား လိင်အင်္ဂါဆိုင်ရာပြသနာတွေ၊ ဆံပင်မပေါက်သူတွေ ပြန်ပေါက်စေတဲ့ ဆေးဝါးတွေကိုလဲ ထုတ်လုပ်ထားပါတယ်။

 

Ref:

ကျန်းမာရေးသတင်းများ

From. ; New Myanmar News

26.10.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18