Print

ဖြောင့်စင်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို ့အတွက် သဘာဝနည်းလမ်း (၄) သွယ်

  30-Oct-2016
Preview Image

ဖြောင့်စင်းလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို ့အတွက် သဘာဝတရားက ပေးထားတဲ့ နည်းလမ်းကောင်းများစွာရှိပါတယ်။ အဆိုပါနည်းလမ်းတွေထဲမှ အလွယ်တကူ ပြုလုပ်နိုင်ပြီး ရိုးရှင်းတဲ့ နည်းလမ်း လေးသွယ်ကို ဖော်ပြလိုက်ပါတယ်။

၁။ အုန်းသီးနဲ ့ရှောက်သီး

အသင့်ပြင်ဆင်ထားတဲ့ အုန်းနို ့လတ်လတ်ဆတ်ဆတ် တစ်ဖန်ခွက်ထဲကို ရှောက်ရည် အစက် အနည်းငယ် ထည့်ပါ။ အုန်းနို့ နဲ့ရှောက်ရည်ရောထားတဲ့ ဖန်ခွက်ကို ရေခဲသေတ္တာထဲမှာ နာရီအနည်းငယ်ကြာအောင် ထည့်ထားပါ။ ဖန်ခွက်ပေါ်မှာ အမြှပ်ထနေတဲ့ မျက်နှာပြင်ထူထူတစ်ခု ဖြစ်ပေါ်လာပါလိမ့်မယ်။ ထိုအနှစ်ကို ချက်ချင်း ဦးရေပြား နဲ ့ဆံပင်တစ်ခုလုံးကို ပွတ်လိမ်းပေးပါ။ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက်ထားပြီးရင် ရေဆေးချပါ။ ဒီနည်းလမ်းကို ပုံမှန်ခဏခဏ လုပ်ပေးပါက ဖြောင့်စင်းတဲ့ ဆံကေသာကို ရရှိမှာပါ။

၂။ တရုတ်နံနံရွက်

တရုတ်နံနံရွက်အနု အနည်းငယ်ကို ခြေပြီး ရေအနည်းငယ်နဲ ့ရောမွှေပါ။ အရည်ညှစ်ချပြီး ဖန်ပုလင်းထဲမှာ သိမ်းထားပါ။ အဆိုပါပုလင်းကို အနည်းဆုံး တစ်ရက် ဒီတိုင်းထားရပါတယ်။ ထိုအဆီရည်ကို အထူးသဖြင့် မနက်ပိုင်း ရေမချိုးခင်မှာ ပုံမှန်လိမ်းပေးပါက ဖြောင့်စင်းတဲ့ဆံကေသာကို ရရှိဖို့အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ခေါင်းလျှော်ရည်နဲ့မလျှော်ပစ်ခင် ဦးရေပြားပေါ်မှာ နှံ့အောင်လိမ်းပြီး ၁၅ မိနစ်မှ မိနစ် သုံးဆယ်လောက် ထားပေးဖို့လိုပါတယ်။

၃။ နွားနို့

နွားနို့ဟာ အစိုဓာတ်ကိုဖြည့်ဆည်းပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ဆံပင်ဖြောင့်ဖို့ အတွက် သင့်လျော်ပါတယ်။ နွားနို့ခွက်တစ်ဝက် (ဖြစ်နိုင်ပါက ကျိုချက်ထားပြီး အအေးခံထားသော နွားနို ့) ကို ယူပါ။ ရေခွက်တစ်ဝက်နဲ့ဆတူရောပေးပါ။ ထိုအရည်ကို စပရေးဖြန်းနိုင်တဲ့ဘူးထဲမှာ သိုလှောင်ပြီး ဆံပင်ကိုဖြန်းပေးပါ။ ခေါင်းမလျှော်ခင် နာရီဝက်လောက် ထားပေးရပါမယ်။ ဒီနည်းလမ်းက ဆံကေသာ ဖြောင့်စင်းစေရုံမက နူးညံ့ချောမွေ့တဲ့ ဆံကေသာကိုပါ ရရှိစေမှာပါ။

၄။ ကြက်ဆူဆီ

ကြက်ဆူဆီဟာ ဆံပင်ဖြောင့်စင်းစေနိုင်တဲ့ ဂုဏ်သတ္တိနဲ ့ဆံကေသာသန်စွမ်းမှု ပေးနိုင်တာကြောင့် နာမည်ကျော်ပါတယ်။ ဦးရေပြားနဲ့ဆံပင်တစ်လျှောက် လိမ်းပြီး ဘီးနဲ့ခေါင်းဖြီးပေးပါ။ ခေါင်းဖြီးနေစဉ်မှာပဲ၊ ဆံပင်အခြောက်ခံစက် နဲ့အပူချိန်အမြင့်ဆုံး ထားပြီး မှုတ်ပေးပါ။ ဆံပင်ဟာ ဆီစိုမနေဘဲ လုံးဝခြောက်သွေ ့သွားသည်အထိ မှုတ်ရပါမယ်။ နောက်မှာတော့ အအေးခံ (ရေခဲသေတ္တာထဲထည့်ထားတဲ့) တဘက်နဲ့ရစ်ပတ်ထားပြီး နာရီဝက်လောက် ထားပေးပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် အပူပြင်းပြင်းနဲ့ထိတွေ့ခဲ့ရတဲ့ ဆံပင်ကို ပြန်လည်ထိန်းသိမ်းရာရောက်ပြီး ဖြောင့်စင်းတဲ့ ဆံကေသာကို ရရှိစေမှာပါ။

 

Healthcare.com.mm

Ref:

TrendMyanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18