Print

ဆံပင်သားပါးတဲ့ ပျိုမေတွေ သိထားသင့်တဲ့ အရာများ

  30-Oct-2016
Preview Image

သင့်ဆံသားတွေဟာ သေးငယ်ပြီး အုံကလည်းပါတယ်ဆိုပါစို့။ ဒါတင်မကသေးပဲ သင်အလုပ်လုပ်ရာ စားပွဲဘေးက ကြမ်းပြင်မှာလည်း သင့်ဆံပင်မွှေးတွေချည်းပဲ။ ဘာ့ကြောင့်များ ဒီလိုဖြစ်နေရတာလဲဆိုတာ သိချင်စိတ်တွေရှိလာပြီပေါ့။ ဆံပင်ကျွတ်ရလောက်တဲ့ ဆေးတွေဘာတွေလည်း မသောက်ရပဲ ဆံပင်တွေကျွတ်တယ်၊ ဆံသားကလည်းပါး၊ အုံကလည်းပါးနေတယ်ဆိုရင်တော့ ဒီအချက်တွေ ဖတ်ကြည့်ဖို့ လိုနေပါပြီ။

၁။ သင့်ဆီမှာ ဆံပင်ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်တွေ ချို့တဲ့နေလို့ပါ။

သင်ဟာ အစားအသောက်လျှော့ချပြီး ဝိတ်ချနေတဲ့သူတစ်ယောက်လား။ အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ သင့်ဆီမှာ ပရိုတင်း၊ အဆီအက်ဆစ်တွေ၊ ဗီတာမင်ဘီ၊ သံဓာတ်၊ ဘိုင်အိုတင် စတာတွေ ချို့တဲ့နေလို့ပါ။ သာမာန်အားဖြင့် ခုနပြောပြသွားတဲ့ ဗီတာမင်နဲ့ သံဓာတ်တွေရှိမှသာ ဆံပင်ဟာ ကျန်းမာသန်စွမ်းနိုင်မှာပါ။

၂။ သင်ဟာ တစ်ခုခုနဲ့ဓာတ်မတည့်တဲ့အခါ ယားယံတာမျိုးတွေ ဖြစ်လေ့ရှိသူမို့လို့ပါ။

Allergic လို့ အလွယ်တကူ ခေါ်ဆိုနေတဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိတတ်တဲ့ လူတွေဟာ ယားယံတာမျိုးတွေ ဖြစ်တတ်သလို သူရဲ့ထူးဆန်းတဲ့ နောက်ထပ် လက္ခဏာတစ်ခုကတော့ ဆံပင်တွေ ပါးလွှာသွားတတ်တာမျိုးပါ။ သွေးကြောတွေကို ပိုအားနည်းသွားစေတဲ့ ဓာတ်တစ်မျိုးကြောင့် ဆံပင်တွေရဲ့ ကျန်းမာမှုပါ ယုတ်လျော့သွားတာမျိုးလို့ အကြမ်းဖျင်း ဆိုနို်င်ပါတယ်။

၃။ ဆံပင်အတွက် အပူချောင်း၊ ဖြောင့်စက် စတဲ့ပစ္စည်းတွေအသုံးများတာကြောင့်ပါ။

ဆံပင်ကို ဖြောင့်စက်နဲ့ဆွဲတော့မယ်ဆို ခေါင်းလျှော်ပြီး မခြောက်တစ်ခြောက်မှာ ဘာမှမလိမ်းပဲ တန်းပြီး အပူချောင်းနဲ့ ဆွဲလိုက်တဲ့အခါ ဆံပင်သားနာသလို ကျွတ်တာတွေ ဖြစ်တာကြုံဖူးကြမှာပါ။ ကောက်တာပဲဖြစ်ဖြစ်၊ ဖြောင့်တာပဲဖြစ်ဖြစ် ဆံပင်သားအတွက် သတိထားဖို့လိုပါတယ်။ ဒီလို ဆက်တိုက်လုပ်နေမယ်ဆိုရင်တော့ ဆံပင်တွေ အဖျားနှစ်ခွဖြစ်တာ၊ ဆံပင်သား ကျိုးကြေတာတွေအပြင် ခုနပြောသလို ဆံပင်ကျွတ်တာ၊ ပါးတာတွေဖြစ်လာမှာ အသေအချာပါပဲ။

၄။ ဦးရေပြား မသန့်ရှင်းတာကြောင့်ပါ။

မျက်နှာကို ချွေးပေါက်မပိတ်စေဖို့ ကာကွယ်ကြသလို၊ ဂရုစိုက်ကြသလို ဆံပင်သားကျန်းမာစေဖို့ကိုလည်း ဆံပင်ဦးရေပြားအတွက် ဂရုစိုက်ဖို့လိုပါတယ်။ ကိုယ်သုံးတဲ့ အလှကုန်၊ အထူးသဖြင့် ခေါင်းလိမ်းဆီ၊ ဂျယ်စတာတွေက ဦးရေပြားမှာ အညစ်အကြေးတွေ ဖြစ်စေတတ်ပါတယ်။ ဒါဟာ ဆံပင်ကျွတ်ရခြင်း၊ ပါးရခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်လာပါတယ်။ အပင်တစ်ပင်ကောင်းမွန်စွာ ရှင်သန်ကြီးထွားလာဖို့၊ မြေကြီး၊ မြေသြဇာကောင်းကောင်းလိုအပ်သလိုပါပဲ။

၅။ သုံးစွဲတဲ့ အလှကုန်တွေနဲ့ မတည့်တာကြောင့်ပါ။

ကိုယ်ရွေးချယ်လိုက်တဲ့ ရှန်ပူအမျိုးအစားက ကိုယ့်ဆံပင်သားအတွက် အကောင်းဆုံးဖြစ်နေရဲ့လား၊ ဒါမှမဟုတ် မရှိရှိတာကို သုံးလိုက်ရတာမျိုးလား ဆိုတာ စဉ်းစားစရာပါ။ ဒီတော့ ကိုယ့်သုံးမယ့် အလှကုန်အတွက် မဝယ်ယူခင်ကတည်းက ဘယ်ဟာကောင်းတယ်၊ ကိုယ့်ဆံပင်သားက ဘယ်လိုမို့လို့ ဘာကို ဝယ်သင့်တာဆိုတာကို လေ့လာသိရှိထားရမှာပါ။

၆။ ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။

တစ်ခါတစ်လေ ဟော်မုန်းဓာတ်ကြောင့် သင့်ဆံပင်တွေ အထွေးလိုက်ကျွတ်တာမျိုးတွေ ရှိတတ်ပါတယ်။ တစ်ခါတစ်လေမဟုတ်ပဲ ပုံမှန်ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်ဆီ မဖြစ်မနေပြသင့်တဲ့အခြေအနေပါပဲ။

 

Healthcare.com.mm

Ref:

Trendmyanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18