Print

သရက်သီးမှည့်နှင့် မျက်နှာပေါင်းတင်ကြည့်ပါ။

  30-Oct-2016
Preview Image

သရက်သီးမှည့်ကို ယူသောအခါတွင် အဓိက ဂရုပြုရမည်မှာ ယင်း၏အခွံဖြစ်သည်။ အခွံတွင် အသားကို ယားယံစေတတ်သော အင်ဇိုင်းဓာတ် ပါဝင်သဖြင့် အလယ်မှ သရက်သီးမှည့် အနှစ်များကိုသာ သီးသန့်ထုတ်ပါ။

၁.ပြီးလျှင် မြေစေးဆပ်ပြာ၊ လက်ဖက်ရည်ဇွန်း ၂ဇွန်း ၃ ဇွန်းကို သရက်သီးမှည့် အနှစ်ရော၍ ပျစ်အောင် လုပ်ပါ။

၂.ဤအရောကို မျက်နှာပေါ်တွင် မျက်လုံး၊ နှုတ်ခမ်းတစ်ဝိုက်၊ မျက်ခုံး တစ်ဝိုက်ကို ရှောင်၍ လိမ်းပြီး (၁၅) မိနစ်ခန့်ထားပါ။

၃.ဤအရောက အခြားမျက်နှာ ပေါင်းတင်သည့် အရာများကဲ့သို့ ခြောက်သွားခြင်းမရှိပါ။ (၁၅)မိနစ် ကြာလျှင် အဖတ်များကို ခွာ၍ ရေနှင့်သစ်ချပါ။ သရက်သီးမှည့်နှစ် သည် ဗီတာမင် A နှင့်C ကြွယ်ဝပြီး ရေဓာတ် ဖြည့်ဆည်းမှု မြင့်မားစွာ ပါဝင်သည်။

အရေပြားကို စိုပြည်စေပြီး မည်သို့ သော အသားအရေမျိုး၌မဆို ပြုလုပ်နိုင်သည်။

 

Healthcare.com.mm

Ref: Health Updates

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18