Print

အရေးပေါ် (၇)ရက်အတွင်း ဝိတ်ချနည်း

  30-Oct-2016
Preview Image

''အကျႌလှလှလေး ဝတ်ဖို့ Emergency ရရက်အတွင်း ဝိတ်ချနည်း''

သူငယ်ချင်း မင်္ဂလာဆောင်သွားစရာ ရှိလို့၊ ညစာစားပွဲ သွားရမှာမို့ အရေးပေါ် ၁ပတ်အတွင်း ဝိတ်ချချင်ရင် အလုပ်ဖြစ်တဲ့ နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ဂေါ်ဖီထုပ်ဟင်းချို ချက်နည်းလေးပါ။ ဒီနည်းက ရေရှည် ဝိတ်ချချင်သူအတွက်တော့ အလုပ်မဖြစ်ပေမယ့် ၁ပတ်အတွင်း အကျႌလှလှလေး ဝတ်ဖို့အတွက်တော့ သင့်လျော်တဲ့နည်းပါ။ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ အသီးအရွက်များဖြစ်တဲ့ ဂေါ်ဖီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ မှို စသည့်တို့ဖြင့် ပြုတ်ထားသော ဟင်းချိုကို ထမင်းနဲ့ ဟင်း နေရာမှာ အစားထိုး စားသုံးရမှာဖြစ်ပါတယ်။ ဟင်းချိုချည်းပဲ နေ့တိုင်းစားလို့ ဘယ်လို ဗိုက်ပြည့်မှာလဲလို့ ပြောစရာရှိပါတယ်။ ဂေါ်ဖီထုပ်ဟင်းချိုအပြင် သူ့နေ့အလိုက် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အမဲသား၊ အာလူး စသည်ဖြင့် တနေ့နဲ့ တနေ့ သူရဲ့ plan အတိုင်း အလှည့်ကျ စားသွားရင် ၁ပတ်အတွင်း အကျႌလှလှလေးတွေ ဝတ်နိုင်ပါလိမ့်မယ်။

ပထမနေ့

ဂေါ်ဖီထုပ်ပြုတ်ဟင်းချို နှင့် ငှက်ပျောသီးမှ လွဲ၍ မိမိကြိုက်နှစ်သက်သော သစ်သီးများကို စားနိုင်သည်။ အရည်အတွက် မချိုသော လက်ဘက်ရည်၊ cranberry juice နှင့် ရေကို သောက်သုံးနိုင်ပါသည်။

ဒုတိယရက်

ဂေါ်ဖီထုပ်ပြုတ်ဟင်းချို နှင့် မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်သည်။ ပဲနှင့် ပြောင်းဖူးကိုတော့ မစားသုံးပါနှင့်။ ညစာအတွက် ဆုကြေးအနေနဲ့ အာလူးကင်ကို ထောပတ်နဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒုတိယနေ့အတွက် သစ်သီးများ မစားပါနှင့်။

တတိယရက်

ပထမရက် နဲ့ ဒုတိယရက်ကို ပေါင်းပြီ ဂေါ်ဖီထုပ်ဟင်းချို၊ သစ်သီး၊ ဟင်းသီးဟင်းရွက် အားလုံးကို သုံးဆောင်လို့ရပါတယ်။ ဒါပေမယ့် အာလူးကင်တော့ မပါပါဘူး။

စတုတ္တရက်

ဂေါ်ဖီထုပ်ဟင်းချို နှင့် ငပျောသီး (စားနိုင်သလောက် အများဆုံး ၈လုံး) လောက်စားနိုင်ပြီ အဆီမပါသော နွားနို့(အများဆုံး ၂ခွက်) သောက်နိုင်ပါတယ်။

ပဥ္စမရက်

အမဲသား ၂၂အောင်စ၊ ခရမ်းချဉ် (အများဆုံး ၆လုံး) ကို စားသုံးနိုင်ပါတယ်။ အမဲသား မစားသူများအတွက် အရေခွံမပါသော ကြက်သား(သို့)ငါးကို ပြုတ်၍ဖြစ်စေ၊ ကင်၍ဖြစ်စေ စားသုံးနိုင်သည်။ ခန္ဒာကိုယ်ထဲမှ uric acid ကို ဖယ်ရှားရန် တစ်နေ့လုံး

ရေကို ၆ခွက်မှ ၈ခွက်ထိ သောက်ပေးပါ။ သို့ပေမယ့် ဂေါ်ဖီထုပ်ဟင်းချိုကို အနည်းဆုံး ၁ကြိမ်တော့ စားဖို့ မမေ့ပါနှင့်။

ဆဌ္ဖမနေ့

တစ်နေ့ကုန် အမဲသားနှင့် ကြိုက်နှစ်သက်ရာ အရွက်တွေကို သုံးဆောင်နိုင် ပါသည်။ အမဲသားကို ၂၊ ၃တုံးထိပင် သုံးဆောင်နိုင်ပါသေးသည်။ သို့သော် အာလူးကင်တော့ မစားပါနှင့်။ ဂေါ်ဖီထုပ်ဟင်းချိုကတော့ အနည်းဆုံး ၁ကြိမ်သောက် စားပေးပါ။

သတ္တမနေ့

ထမင်းအညို ၊ မချိုတဲ့ သစ်သီး နှင့် ဟင်းသီးဟင်းရွက် စားလို့ရပါတယ်။ ဂေါ်ဖီထုပ်ဟင်းချိုကိုတော့ အနည်းဆုံး ၁ကြိမ်တော့ သောက်ပေးပါဦး။

မှတ်ချက် ။ ။ ဒီဝိတ်ချနည်းက ရက်တို ရရက်အတွက်သာ ဖြစ်ပါသည်။ ရရက်ပြည့် သွားလျှင် ၂ပတ်ပုံမှန် စားနေကျအတိုင်း ပြန်စားပြီးမှ ဒီဝိတ်ချနည်းအတိုင်း ပြန်စားရမှာပါ။ ရေရှည်စားဖို့ သင့်လျော်တဲ့နည်းမဟုတ်ပါ။

ဂေါ်ဖီထုပ် ဟင်းချိုချက်နည်း

ပါဝင်ပစ္စည်းများ

• ဂေါ်ဖီထုပ် - ၁စိတ် ( တကိုက်စာ အရွယ်ပိုင်းပေးပါ)

• မုန်လာဥနီ - ၂ဥ (ပါးပါးလှီးပါ)

• ငရုတ်ပွစိမ်း - ၂ခု (အစေ့ထုတ် အတုံးသေးများ တုံးပေးပါ)

• မှို - ၁ဝကျပ်သား (ထပ်ခြမ်းခြမ်းပေးပါ)

• ခရမ်းချဉ်သီး - ၂လုံး ( ၈စိမ်စိပ်ပေးပါ)

• ကြက်သွန်မြိတ် - ၁စည်း ( ပါးပါးလှီးပါ)

• ဟင်းခတ်အမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း

• ငရုတ်ကောင်းမှုန့် - အနည်းငယ်

• တုံယမ်းအခဲ - ၁ခဲ (optional)

• ဆား (လုံးဝ မထည့်ရပါ)

ချက်ပြုတ်နည်း

၁။ အိုးတစ်ခုထဲ ရေ(ရခွက်) ထည့်ပေးပြီ ဆူအောင်တည်ထားပေးပါ။

၂။ ဆူလာလျှင် ပါဝင်ပစ္စည်းများဖြစ်သော (ဂေါ်ဖီထုပ်၊ ငရုတ်ပွစိမ်း၊ မုန်လာဥနီ)တို့ကို ထည့်ပေးပါ။

၃။ ပြီးမှ အနူးလွယ်သော (မှို၊ ခရမ်းချဉ်သီး) တို့ကို ထည့်ပေးပြီး အရသာအတွက် ဟင်းခတ်မှုန့် နှင့် တုံယမ်းအခဲတို့ကို ထည့်ပေးပါ။

၄။ ဟင်းရွက်များ နူးပြီဆိုလျှင် ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်တို့ကို ဖြူးပေးပါ။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18