Print

မျက်ဝန်းနှင့် လိုက်ဖက်သော မျက်ကပ်မှန်အရောင် ရွေးချယ်ခြင်း

  30-Oct-2016
Preview Image

အခုခေတ်မှာ မျက်ကပ်မှန်တွေကို မျက်စိမှုန်တဲ့ သူတွေသာမက နောက်ဆုံးပေါ် ဖက်ရှင်ရေစီးကြောင်း အနေနဲ့ပါ။ ခေတ်မီလှပအောင် တပ်ဆင်လာကြပြီ ဖြစ်ပါတယ်။ လူငယ်တွေကတော့ အစိမ်းရောင်မျက်ကပ်မှန်နဲ့ အပြာရောင် မျက်ကပ်မှန်ကို တပ်ဆင်ကာ များကြပါတယ်။ အရောင်ပါတဲ့ မျက်ကပ်မှန်ကို တပ်ဆင်လိုက်ပြီဆိုရင် မျက်နှာရုပ်သွင်ကတော့ တစ်မျိုးပြောင်းသွားတတ်ပါတယ်။ ကိုယ့်ရဲ့ ဆံပင်အရောင်၊ မျက်လုံးအရောင်နဲ့ အသားအရောင်တို့ကို မူတည်ပြီး လိုက်ဖက်တဲ့ မျက်ကပ်မှန်ကို

ရွေးချယ်မယ်ဆိုရင်တော့ နဂိုရှိရင်းစွဲအလှထက် ပိုကြည့်ကောင်းလာမှာ အမှန်ပါပဲ။

အသားဖြူသူ၊ အသားအရေ ဝင်းပသူများအတွက် သင့်တော်သော မျက်ကပ်မှန်

(၁) အစိမ်းရောင်မျက်လုံး ပိုင်ရှင်ဆိုလျှင် သင့်အနေနဲ့ အသားက ဖြူပြီး အစိမ်းရောင်သန်းတဲ့ မျက်ဝန်းကို ပိုင်ရင် အပြာရောင်မျက်ကပ်မှန်နှင့် လိုက်ဖက်ပါတယ်။ သင့်ပင်ကို အစိမ်းရောင်မျက်ဝန်းကို ပိုမိုထင်ရှားစေချင်ရင်တော့ အစိမ်းရောင်သန်းတဲ့ မျက်ကပ်မှန်ကို တပ်ဆင်သင့်ပါတယ်။

(၂) အပြာရောင်မျက်လုံး ပိုင်ရှင်ဆိုလျှင် အပြာရောင်မျက်ဝန်းအတွက် လိုက်ဖက်တဲ့ မျက်ကပ်မှန်အရောင်တွေက အစိမ်းရောင်နဲ့ ပျားရည်ရောင်တို့ပဲ ဖြစ်ကြပါတယ်။ သဘာဝကျချင်ရင်တော့ အပြာရောင် မျက်ကပ်မှန်ကိုပဲ တပ်ပါ။

(၃) အညိုရောင်မျက်လုံး ပိုင်ရှင်ဆိုလျှင် ထူးထူးကဲကဲ ကြည့်ကောင်းချင်ရင် ပျားရည်ရောင်နဲ့ အစိမ်းရောင်မျက်ကပ်မှန်ကို တပ်ပါ။

(၄) အနက်ရောင်မျက်လုံး ပိုင်ရှင်ဆိုလျှင် အညိုရောင်နဲ့ အစိမ်းဖျော့ရောင် မျက်ကပ်မှန်တွေနဲ့ လိုက်ဖက်ပါတယ်။

အသားလတ်သူ၊ အသားညိုဝင်းသူများအတွက် သင့်တော်သူ မျက်ကပ်မှန်

(၁) အစိမ်းရောင်မျက်ဝန်း ပိုင်ရှင်ဆိုလျှင် ပျားရည်ရောင်နဲ့ အပြာရောင် မျက်ကပ်မှန်တွေနဲ့ လိုက်ဖက်ပါတယ်။

(၂) အပြာရောင်မျက်ဝန်း ပိုင်ရှင်ဆိုလျှင် အပြာရောင်ဖျော့ဖျော့နဲ့ အစိမ်းရောင် မျက်ကပ်မှန်တွေက သဘာဝကျကျ ထင်ရှားလှပစေပါတယ်။

(၃) အညိုရောင်မျက်ဝန်းး ပိုင်ရှင်ဆိုလျှင် ပျားရည်ရောင်နဲ့ အစိမ်းရောင် မျက်ကပ်မှန်တွေနဲ့ လိုက်ဖက်ပါတယ်။

(၄) အနက်ရောင်မျက်ဝန်း ပိုင်ရှင်ဆိုလျှင် အညိုဖျော့ရောင်နဲ့ အပြာရောင် မျက်ကပ်မှန်တွေနဲ့ လိုက်ဖက်ပါတယ်။ သိသိသာသာ အသွင်ပြောင်းပြီး ကြည့်ကောင်းချင်တယ်ဆိုရင် အစိမ်းရောင်နဲ့ ခရမ်းရောင် မျက်ကပ်မှန်ကို တပ်ပါ။

အသားမည်းသူ၊ ချောကလက်ရောင် အသားအရောင်ရှိသူများအတွက် သင့်တော်သော မျက်ကပ်မှန် ဒီလိုအသားအရောင်ရှိသူတွေက များသောအားဖြင့် အညိုရောင်နဲ့ အညိုရင့်ရောင် မျက်ဝန်းတွေပဲ ပိုင်ဆိုင်ကြပါတယ်။ သူတို့ကတော့ အပြာရောင်နဲ့ အစိမ်းရောင် မျက်ကပ်မှန်တွေနဲ့ လိုက်ဖက်တာကြောင့် တပ်ဆင်နိုင်ပါတယ်။

 

Healthcare.com.mm

Ref:

ခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)

Arogyam magazine, No.270, January 2015, Pg.110



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18