Print

အရပ်ရှည်စေမည့် အကောင်းဆုံး အားကစားများ

  30-Oct-2016
Preview Image

အရပ်ရှည်စေမည့် အကောင်းဆုံး အားကစားများ

အရပ်ရှည်စေမည့် အားကစားများကို ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

1.ကြိုးခုန်ခြင်း

ကြိုးခုန်ခြင်းဟာ အရပ်ရှှည်ရန် အားပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ အကြောင်းကတော့ ကြိုးခုန်တဲ့အခါ - ဒူးများကွေးခုန်ရတဲ့အတွက် ဒူး၊ပေါင်နဲ့ ခြေသလုံး ကြွက်သားတွေကို ဆန့်ထုတ်ပေးရလို့ ဖြစ်ပါတယ် နောက်တစ်ချက်ကကျတော့ သွေးလည်ပတ်မှု

အားကောင်းစေပြီး သွေးများနှလုံးအိမ်သို့ ချဉ်းကပ်ကာ စီးဆင်းနိင်စေလို့ပဲ ဖြစ်ပါတယ် ဝိတ်ကျလိုသူများလည်း ပြုလုပ်နိင်ပါတယ်။

အရေအတွက်ကတော့ စစလုပ်ချင်းရက်ကို အခေါက် ၅၀ ခန် ့ ပြုလုပ်ပေးပါ။ နောက်ရက်တွေကိုတော့ ရ၅-၁၀၀ ကြိမ်ခုန်ပေးပါ။

တစ်ပတ်လျှင် ၄ ရက်ပြုလုပ်ပါ။

2.အမြင့်ခုန်ခြင်း

အမြင့်ခုန်ခြင်းဟာလည်း အလွန်ထိရောက်တဲ့ လေ့ကျင့်ခန်းပါ။ အကြောင်းကတော့ - သင်ဟာ မြေပြင်ရဲ ့ဆွဲအားကို ဆန် ့ကျင်ကာ ခုန်ရတဲ့အတွက် ပေါ့ပါးလာပြီး အရိုးတွေကို ရှည်လျားလာစေမှာပါ။

အမြင့်ခုန်တဲ့အခါ ဦးစွာ ခန္ဓာကိုယ်ကို ကျုံ ့၍ထိုင်ချပါ။ ပြီးလျှင် ခြေဖျားထောက်၍ လက်ကိုမြှောက်ကာ ခုန်ပါ။ တနေ့လျှင် ၃၀ - ၆၀ ကြိမ် ခုန်ပါ။

3.ဘားခိုခြင်း

ဘားခိုခြင်း /ဘားဆွဲခြင်း ဟာလည်း သင့်အားအကျိုးများစွာရှိစေပါတယ် ဘားခိုတဲ့အခါ Gravity ဆွဲအားနဲ့ ဆန့်ကျင်ကာ အပေါ်သို့ ခန္ဓာကိုယ်ကို ဆန့်ကာခိုရတဲ့အတွက် အရပ်ရှည်လာစေနိုင်ပါတယ် အရေအတွက်ကတော့ စွမ်းဆောင်နိင်သမျှသာ ခိုပါ။ အလွန်အကျွံ မဖြစ်စေပါနှင့်။ ဘားခို ခြင်းဟာ နည်းစနစ်မှန်ကန်ရင်တော့ အရပ်ရှည်ဖို့ အကောင်းဆုံး လေ့ကျင့်ခန်းဆိုတာ မမှားပါဘူး။

4.စက်ဘီးစီးခြင်း

စက်ဘီးစီးခြင်းဟာ ခြေတံများရှည်လျားစေရန်အကောင်းဆုံး လေ့ကျင့်ခန်းပါ။ အထူးသဖြင့် အမျိုးသမီးများ ရှည်လျားတဲ့ ခြေထောက်လိုချင်ရင် စက်ဘီးစီးပါ။ အကြောင်း ကတော့ - စက်ဘီးစီးတဲ့အခါ ခြေထောက် ကို ကွေးတစ်လှည့်ဆန့်တစ်လှည့် ပြုလုပ်ပေးရတဲ့အခါ ခြေသလုံး ကြွက်သားများ tension လျော့လာပြီး အရိုးများရှည်ထွက်လာစေပါတယ်။

သတိထားရမည့် အချက်ကတော့ စက်ဘီးစီးတဲ့အခါ ထိုင်ခုံကို မြှင့်ကာစီးပေးပါ။ ခါးမတ်မတ်ထိုင်ပါ။ တနေ့ကို ၁၀ မိနစ် နှင့် တပတ်ကို ၄ ရက်စီးပါ။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို အချိန်ပေးလုပ်ဆောင်ပါ။ ရလဒ်ကို တိုတောင်းလွန်းသော အချိန်တွင်း မမျှော်လင့်ပါနှင့်။ အနည်းဆုံး ၅ လခန့် အချိန်ပေးပါ။ သင်မုချအရပ်ရှည်ရမည်။

(၂၅ နှစ် & အောက်သာ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18