Print

အများကြီးမစားမိအောင် ဘယ်လိုလုပ်မလဲ

  21-Apr-2017
Preview Image

( မှန်ရှေ့ဝယ် ) .....  ဟယ် ....  ဝတုတ်နေတာပဲ ... တော်တော့ကို ဝလာတာပဲ ...  အရင်တုန်းကနဲ့ ကွာပ ....  အင်းလေ .. မစားဘူးလို့ ထိန်းထားပေမယ့် အများကြီးစားမိနေတာကို .... 

.

.

ဒါဆို အများကြီးမစားမိအောင် ဘယ်လိုုလုပ်လို့ရမလဲဆိုတာ သိချင်ပါသလား ....


အများကြီးမစားမိအောင် ဘယ်လိုလုပ်မလဲ 

(၁) ထမင်းပန်းကန်တွင် အထည့်မှန်ပါစေ

- ဟင်းသီးဟင်းရွက်၊ အရွက်သုတ်နှင့် လတ်ဆတ်တဲ့ အသီးအနှံတွေကိုပဲ အဓိက ထားစားပါ။


(၂) ကိုယ်ခန္ဓာရဲ့လိုအပ်ချက်ကို သိအောင်လုပ်ပါ။ 

- ကိုယ်ဘယ်လောက်ဆာနေပြီဆိုတာ သိထားပြီး လိုသလောက်ပဲစားပါ။


(၃) များတိုင်းမကောင်းပါ။

ဈေးပေါပြီးတန်တယ်ဆိုတိုင်း အမြန်စာအထုပ်တွေကို မစားသင့်ပါဘူး။ စားသောက်ဆိုင်မှာ စားမယ်ဆိုလည်း အသားများများမှာမယ့်အစား အရွက်သုပ်ကို ပန်းကန်အကြီးစားသာ မှာစားပါ။ မစားနိုင်တော့ရင်လည်း နှမြောလို့ဆိုပြီး မစားလိုက်ပါနဲ့။


(၄) ဘယ်လောက် ပမာဏ စားသင့်သလဲဆိုတာ နားလည်အောင်လုပ်ပါ။

- ကိုယ်စားမယ့် အစားအစာတစ်ခုချင်း၏ ကယ်လိုရီပမာဏကို သိရှိအောင်လုပ်ပြီး တစ်နေ့လိုအပ်သော ကယ်လိုရီပမာဏကို တွက်ချက်၍ စားသုံးပါ။ ကြိုက်တယ် စားလို့ကောင်းတယ်ဆိုပြီး မစားသင့်ပါဘူး။


(၅) ညစာအတွက် ပွဲသေး

- ညစာကို စားသောက်ဆိုင်မှာ သွားစားမယ်ဆိုရင် ပွဲသေးလို့ တစ်ကူးတက ပြောပြီး မှာစားပါ။ 


(၆) သက်သေဆောင်ထားပါ။

- ကိုယ်ဘယ်လောက်စားပြီးသွားသလဲဆိုတာ သိရအောင် စားပြီးသမျှ ဘူးခွံနဲ့ အထုပ်ခွံတွေကို ချက်ချင်းအမှိုက်ပုံးထဲ မပစ်ပါနဲ့။


(၇) ကျန်တဲ့အစားအသောက်တွေကို မြင်ကွင်းမှာ မထားပါနဲ့။ 

- ဒါမှ " ငါ ထပ်ထည့်ရဦးမလား၊ မဝသေးဘူးလား " ဆိုပြီး ထပ်မထည့်မိတော့မှာဖြစ်ပါတယ်။ ကိုယ့်ပန်းကန်ထဲကို လိုသလောက်ထည့်ပြီးတာနဲ့ ကြောင်အိမ်ဖြစ်စေ၊ ရေခဲသေတ္တာဖြစ်စေ တစ်ခါတည်း ထည့်သိမ်းလိုက်တာ ကောင်းပါတယ်။


(၈) ထပ်မယူမိပါစေနဲ့

- ကယ်လိုရီနဲ့တွက်ပြီး ပန်းကန်ထဲ ထည့်ထားသလောက်ပဲစားပါ။ နောက်ထပ် ထပ်ယူဖို့ လုံးဝမစဉ်းစားပါနဲ့။ တစ်ပန်းကန်တည်း စားဖို့ ကို ဆုံးဖြတ်ချက်ချထားပါ။


(၉) အထုပ်သေးအဖြစ် ခွဲထုပ်လိုက်ပါ။

- ကယ်လိုရီများများပါတဲ့ အစားအစာတွေကို စားမယ်ဆိုရင် အထုပ်သေးကိုသာ ရွေးဝယ်ပြီးစားပါ။ မဖြစ်မနေ အထုပ်ကြီးဝယ်ရမယ်ဆိုလည်း အထုပ်သေးအဖြစ် ထုပ်ပိုးပြီး ခွဲထားလိုက်ပါ။


(၁၀) အစားအစာများ ခွဲပြီး သိမ်းဆည်းထားပါ။

- အစားအသောက်ချက်တဲ့အခါ လိုသလောက်ပဲ ချက်ပါ။ ခပ်များများ ချက်မယ်ဆိုရင်လည်း စားဖို့လောက်ပဲ ချန်ထားပြီး သိမ်းထားပေးပါ။


(၁၁) စိတ်မထိန်းနိုင်မယ့် ကိစ္စတွေကို မလုပ်မိအောင် နေပါ။

- ဈေးဝယ်တဲ့အချိန် ကယ်လိုရီတက်စေမယ့်အစားအစာဝယ်တာမျိုး၊ စားသောက်ဆိုင်ခဏခဏသွားတာမျိုး ကို သတိထားစေချင်ပါတယ်။


(၁၂) အပြင်ကို ညစာထွက် မစားမီ အိမ်မှာသင့်တော်တဲ့ အစားအစာကို အနည်းငယ်စားထားပါ။

- စားသောက်ဆိုင်ကို ရောက်တော့မှ ဘယ်အစားအစာကို မှာရမယ်မှန်းဝေခွဲမရတာမျိုးလည်း ကြုံဖူးပါလိမ့်မယ်။ တစ်ခါတလေ စားတာပဲဆိုပြီး အရင်က စားချင်ရက်နဲ့ အောင့်အည်းထားတဲ့ အစားအစာတွေကိုပဲမှာမလား၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကိုပဲ မှာရမလားဆိုတာ ဖြစ်နေမယ်ထင်ပါတယ်။ လူ့စိတ်ဆိုတာလည်း ဆာလောင်နေတဲ့အခါမှာ မှာချင်တာတွေ မှာမိတတ်သွားတာကြောင့် အဲ့ဒီလို မဖြစ်အောင် အိမ်မှာကတည်းက သစ်သီးဖြစ်စေ၊ ဆန့်မှုန့်ဖြစ်စေ နည်းနည်းစားသွားပါ။ ဒါမှ ဗိုက်သိပ်မဆာတဲ့အတွက် သင့်တော်မယ့် အစားအသောက်ကိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရွေးမှာမိသွားမှာဖြစ်တယ်။


(၁၃) အရွယ်သေးငယ်မှုအပေါ် အလှည့်စား မခံရပါစေနဲ့။

- အရွယ်အစားသေးပေမယ့် ကယ်လိုရီမြင့်မားတဲ့ အစားအစာများရှိသလို အရွယ်အစားသေးတယ်ဆိုပြီး အရေအတွက် ပိုများများစားမိတတ်လို့ပါ။


(၁၄) အရွယ်အစား အတိုင်းအဆ သေချာပါစေ။ 

- ဥပမာ ဝိုင်ခွက်အနေနဲ့ဆိုရင် အိမ်မှာသောက်တဲ့ ဝိုင်ခွက်အရွယ်အစားနဲ့ စားသောက်ဆိုင်ရှိ အရွယ်အစားကွာတဲ့ အပြင် ကယ်လိုရီ ပမာဏပါ များပြားစွာ ကွာဟနိုင်ပါတယ်။


(၁၅) ပန်းကန်အသေးကို အသုံးပြုပါ။

- အစားအစာထည့်စားတဲ့ ပန်းကန်အရွယ်အစားကလည်း ကြီးရင် ကြီးသလို၊ သေးရင်သေးသလို စကားပြောပါတယ်။ ပန်းကန်အသေးထဲမှာ အစားအစာထည့်စားရင် များနေသယောင်ဖြစ်ပြီး ပန်းကန်အကြီး ဇွန်းအကြီးနဲ့ စားမယ်ဆိုရင် ပုံမှန်ထပ် ပိုစားမိတတ်ပါတယ်။ ဒါကြောင့် အရွက်သုပ်လိုမျိုး စားမယ်ဆိုရင် ပန်းကန်အကြီးစားကို သုံးပြီး ရေခဲမုန့်လိုမျိုးစားမယ်ဆိုရင်တော့ ခွက်အသေးကိုပဲ အသုံးပြုပါ။


Dr.Greenbud ( 7887 Healthcare Call Center )

Credit - ပိန်စေခြင်း၏ လျို့ဝှက်ချက် ( နန်းအိအိဇာ )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18