Print

နုပျိုလှပမှုကို အမှန်တကယ် လိုချင်ပါသလား

  21-Jun-2020
Preview Image

နုပျိုသူတွေ ဘယ်လိုအမူအကျင့်တွေ ကျင့်သုံးနေသလဲ

          နုပျိုမှုကို အပြင်ပန်း ပြင်ဆင်လိမ်းခြယ်ထားရုံနဲ့ ဖုံးကွယ်လို့ မရပါဘူး။ ခန္ဓာကိုယ်တွင်းမှာရော ပြင်ပကပါ နုပျိုနေမှသာ အမှန်တကယ်နုပျိုတယ်လို့ ဆိုနိုင်မှာပါ။


ပျော်စရာအတွေးတွေနဲ့ နေထိုင်တယ်

          စိတ်ပျိုကိုယ်နုဆိုတဲ့ စကားကိုကြားဖူးကြမှာပါ။ အကောင်းမြင်စိတ်ရှိတာ၊ တစ်ပါးသူတွေအပေါ် အကောင်းမြင်စိတ်နဲ့ တွေးတောပေးတာတွေက သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို နုပျိုနေစေပြီး အသက်ရှည်စေပါတယ်။ အတိတ်က ပျော်ရွှင်စရာဖြစ်ရပ်တွေကို ပြန်လည်တွေးတောတာက သက်ရှည်နုပျိုစေတယ်လို့ ‘ပျော်ရွှင်ဖွယ်အကောင်းဆုံးဘဝ’ စာအုပ်ကို ရေးသားခဲ့သူ ကယ်ရိုလင်းအဒမ်မိုင်လာက ပြောပါတယ်။


စောစောအိပ်စောစောထတယ်

          နုပျိုစေတဲ့ အကောင်းဆုံး လျှို့ဝှက်ချက်က အိပ်ရာစောစောဝင်တာပါ။ အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ လိုအပ်တာတွေကို ပြန်လည်ပြုပြင်ပေးပြီး အကောင်းဆုံးဖြစ်စေပါတယ်။ အိပ်ရေးဝဝအိပ်စက်တာကြောင့် သင့်ခန္ဓာကိုယ်ကို နုပျိုစေပြီး ဦးနှောက်ဉာဏ်ရည်ထက်မြက်စေပါတယ်။ အိပ်စက်တဲ့အခါ အိပ်ရာစောစောဝင်ပြီး တစ်ညကို ရှစ်နာရီကြာအိပ်စက်သင့်ပါတယ်။


နုပျိုစေတဲ့အစားအစာတွေကို စားတယ်။

          သင်စားတဲ့ အစားအသောက်တွေက နုပျိုလှပဖို့အတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ အစားအသောက်စားတိုင်းမှာ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ရေတစ်ဖန်ခွက်ပါဝင်အောင် စားသောက်သင့်တယ်လို့ Dr.Lodge က ပြောပါတယ်။ ဒီလို စားသောက်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္ထုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေရရှိပြီး စွမ်းအင်ပြည့်ဝကာ လန်းဆန်းစေပါတယ်။ နေ့လယ်စာ၊ ညစာတွေစားပြီးတဲ့အခါ အချိုပွဲစားတဲ့ အကျင့်ကို ဖျောက်ပစ်ဖို့ မလိုပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သီးနှံတစ်မျိုးမျိုး ဒါမှမဟုတ် သီးနှံတွေနဲ့ ပြုလုပ်ထားတာကို ရွေးချယ်စားဖို့သာ လိုအပ်တာပါ။


ကြွက်သားသန်မာအောင် လုပ်ဆောင်တယ်

          လက်ရှိအသက်အရွယ်ထက် ဘယ်လောက် အတိုင်းအတာအထိ ငယ်ရွယ်နုပျိုချင်ပါသလဲ။ ဒီမေးခွန်းကို လေ့ကျင့်ရေးနည်းပြတွေက မေးတဲ့အခါ အများစုက လက်ရှိအသက်ထက် ၂၀ နှစ်ခန့် နုပျိုချင်တယ်လို့ ပြောကြပါတယ်။ ဆွဲဆန့်လေ့ကျင့်ခန်း၊ အလေးအသုံးပြုပြီး လေ့ကျင့်တာတွေ ပြုလုပ်တာကြောင့် ကြွက်သားတွေကို ပိုမိုသန်မာလာပြီး သက်လုံ ပိုမိုကောင်းလာစေပါတယ်။ သင့်ကိုယ်သင်လည်း အသက် ၂၀ လောက် ပိုငယ်သွားတယ်လို့ ထင်မြင်လောက်အောင်ကို သွက်သွက် လက်လက်လှုပ်ရှားသွားလာနိုင်မှာဖြစ်ပါတယ်။


ဆံပင်ပုံစံ မကြာခဏ ပြောင်းလဲတယ်

          လက်ရှိအသက်ထက် ပိုနုငယ်တယ်လို့ ထင်မြင်အောင် သင်ရဲ့အပြင်အဆင်တွေနဲ့ ပြောင်းလဲယူလို့ရပါတယ်။ ဆံပင်ပုံစံကို လက်ရှိပုံစံနဲ့ လုံးဝမတူအောင် အသွင်ပြောင်းလိုက်တာက သင့်ရုပ်သွင်ကို ထူးခြားစွာ ပြောင်းလဲသွားစေပါတယ်။ အသားအရေ၊ ဆံပင်ပုံစံနဲ့ ခန္ဓာကိုယ်အချိုးအစားပြောင်းလဲမှုတွေကို အနည်းငယ် ပြောင်းလဲမှုလုပ်လိုက်တာနဲ့ လက်ရှိအသက်ထက် ငယ်ရွယ်တယ်လို့ ထင်မြင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုတိုးလာစေပါတယ်။


ဦးနှောက်ကို အလုပ်ပေးတယ်

          ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားတာ၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေလုံလောက်တာ၊ မျက်နှာပေါင်းတင်တာကို ပုံမှန်ပြုလုပ်တာတွေ ဆောင်ရွက်ပေမယ့်လည်း ဇရာကို အန်တုနိုင်ဖို့တော့ ခဲယဉ်းပါတယ်။ အသက်အရွယ်ရလာချိန်မှာ ဇရာရဲ့ ပြောင်းလဲလာမှုတွေကို ရင်ဆိုင်ရမှာပါပဲ။ ဦးနှောက်ကို လှုံ့ဆော်မှုပေးတာကသာ သင့်စိတ်ကို အစဉ်နုပျိုလန်းဆန်းနေမှာပါ။ ပတ်ဝန်းကျင်အသစ်ကို လေ့လာစူးစမ်းတာ၊ ပညာရပ်ဆိုင်ရာ အသစ်အဆန်းတွေ လေ့လာတာကို ဆောင်ရွက်ပါ။


အတိတ်ကို အမှတ်တရရှိတယ်

          အတိတ်က ပျော်ရွှင်ခဲ့ဖူး၊ သွားလာခဲ့ဖူးတဲ့နေရာတွေကို ပြန်သွားတာ၊ ကြိုက်ခဲ့ဖူးတဲ့အရောင်၊ အကျီၤပုံစံတွေကို ပြန်လည်ဝတ်ဆင်တာ၊ ကြိုက်ခဲ့ဖူးတဲ့ ဂီတအမျိုးအစားကို နားထောင်တာစတဲ့ လုပ်ဆောင်မှုတွေက မှတ်ဉာဏ်တွေ ပိုမိုကောင်းမွန်လာပြီး ပျော်ရွှင်မှုတွေ တိုးပွားတဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။


အကောင်းမြင်စိတ်မွေးဖြူတယ်

          ဘယ်လိုပဲ အခက်အခဲ၊ အတားအဆီး၊ အဟန့်အတားနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံတွေ့ရပေမယ့် အကောင်းမြင်စိတ်ထားနဲ့ အရာရာကို ရှုမြင်တတ်သူတွေဟာ နုပျိုလှပနေတတ်ကြပါတယ်။ အကောင်းမြင်စိတ်ရှိသူတွေမှာ စွမ်းအင်သတ္တိတွေဟာလည်း သူ့အလိုလိုဖြစ်ပေါ်လာတာကြောင့် အရာရာကို အောင်မြင်စွာ ကျော်လွှားသွားနိုင်ပါလိမ့်မယ်။


နဖူးပြင်ပေါ်က အရေးကြောင်းတွေကို ဘယ်လိုဖယ်ရှားမလဲ

          မျက်မှောင်ကြုတ်တာ၊ မျက်ခုံးကို ပင့်တင်တာတွေက နဖူးပြင်ပေါ်မှာ အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အရေပြားကျုံ့ဆန့်မှုဖြစ်စေတဲ့ ကိုလာဂျင်လျော့နည်းတာနဲ့ အစိုဓာတ်နည်းတာတွေက အရေးအကြောင်းတွေကို ပိုမိုထင်ရှားစေပါတယ်။


ရေနံဂျယ်လီလိမ်းပါ

          မျက်နှာသန့်စင်ပြီး ရေနံဂျယ်လီ (Petroleum Jelly) ကို နဖူးပြင်တစ်လျှောက် အပေါ်အောက်ပွတ်လိမ်းပေးပါ။ ရေနံဂျယ်လီက အစိုဓာတ်ကို ထိန်းပေးပြီး အရေးကြောင်းတွေကြားထဲကို စိမ့်ဝင်သွားစေလို့ အရေးကြောင်းတွေ လျော့ပါးသွားစေပါတယ်။ ညအိပ်ရာဝင်ခါနီးအချိန်တိုင်း ပြုလုပ်ပါ။

Credit : နန်းသီရိ(ဆေးဝါး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18