Print

လည်ပင်းအရေပြားမပျော့တွဲစေဖို့အတွက်

  08-Jul-2020
Preview Image

          အခုဖော်ပြပေးမယ့် လည်ပင်းအရေပြားအတွက် လေ့ကျင့်ခန်းကို နံနက်၊ ညမှာတစ်ကြိမ်စီ ပြုလုပ်ပေးရပါလိမ့်မယ်။ အဲဒီ လေ့ကျင့်ခန်းကတော့ . . .


၁။ ပါးစပ်မှ O (အို) ဟု အသံထွက်ရပါမယ်။ ဒီလိုပြုလုပ်ရာမှာ လည်ပင်းကြောတွေအထိကိုပါ အားစိုက်ပြီး အကြိမ် ၂၀ လောက် ခပ်ဖြည်းဖြည်း ပြုလုပ်ပေးသွားပါ။


၂။ ပြီးတဲ့အခါ ညာဘက်လက်ကို လည်ပင်းအပေါ် တင်ရပါမယ်။ အဲဒီနောက်ဦးခေါင်းကို အနောက်ဘက် လှန်လိုက်ပါ။ အဲဒီအချိန်မှာ ညာဘက်လက်က လည်ပင်းအရေပြားကို အောက်ဘက်သို့ ဆွဲချပေးရပါမယ်။ အကြိမ် ၂၀ ပြုလုပ်ပေးပါ။


၃။ နောက်ထပ်တစ်မျိုးကတော့ လည်ပင်းအရေပြားကို ညာဘက်လက်နဲ့ ထိကိုင်ထားရပါမယ်။ ပြီးတဲ့အခါ ဦးခေါင်းကို ဘယ်နှင့်ညာသို့ တစ်လှည့်စီလှည့်နေတုန်း လက်ကနေပြီး လည်ပင်းအရေပြားကို ဆွဲချပေးရပါမယ်။ ဒီလိုမျိုးကိုလည်း အကြိမ် ၂၀ ပြုလုပ်ပေးရပါလိမ့်မယ်။


၄။ အဲဒီနောက် ပက်လက်လဲလျောင်းရပါမယ်။ ဦးခေါင်းတစ်ခုတည်းကိုပဲ ကြွပြီး ဘယ်ညာလှည့်ပေးရပါမယ်။ ဒါဟာလည်း အကြိမ် ၂၀ ပါပဲ။ ဒီလိုပြုလုပ်တာဟာ မျက်နှာပြင်အရေပြား တင်းရင်းဖို့အတွက်ပါ အထောက်အကူပြုပါလိမ့်မယ်။


၅။ လည်ပင်းကြွက်သားတွေ သန်မာစေမယ့် နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ ပါးစပ်မှ အင်္ဂလိပ်စာလုံး a, e, i, o နဲ့ u ကို တစ်လုံးစီ ပါးစပ်မပိတ်ဘဲ ဆက်တိုက် ရွတ်ရပါလိမ့်မယ်။ ဒါဟာ အကြိမ် ၂၀ အထိ ပြုလုပ်ပေးရမှာပါ။


၆။ မေးစေ့နဲ့ လည်ပင်းအတွက် ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်မျိုးကတော့ လျှာထိပ်ကို အာခေါင်မှာ စက္ကန့်အနည်းငယ်လောက် ထောက်ပေးရပါမယ်။ သတိရရင်ရသလို အချိန်တိုင်း ပြုလုပ်ပေးနေရင် အကျိုးထူးလာပါလိမ့်မယ်။


၇။ နောက်ထပ် လည်ပင်းလေ့ကျင့်ခန်းတစ်မျိုးကတော့ ပါးစပ်ကို လုံးဝတင်းတင်းပိတ်ထားပြီး အတွင်းကနေ လျှာကို စက်ဝိုင်းပုံ လှည့်ပေးရပါလိမ့်မယ်။ အကြိမ်များစွာ ပြုလုပ်ပေးရပါလိမ့်မယ်။ ပထမတော့ နာရီလက်တံအတိုင်းပေါ့။ အကျင့်ရသွားရင်တော့ နာရီလက်တံအတိုင်း ပြောင်းပြန်တစ်လှည့်စီ လှည့်ပေးရပါမယ်။ အကြိမ်များစွာ ပြုလုပ်ပေးရပါလိမ့်မယ်။


၈။ ခုတစ်ခါမှာတော့ အောက်ဘက်နှုတ်ခမ်းကို အထက်နှုတ်ခမ်းပေါ်ကျော်ပြီး အပေါ်ပင့်တင်ရပါလိမ့်မယ်။ ဒါဟာလည်း သတိရရင် ရသလောက် ပြုလုပ်ပေးရမှာပါ။


၉။ နောက်ထပ် လေ့ကျင့်ခန်းကတော့ ပါးစပ်ဟပြီး သွားကိုတင်းတင်းစေ့ကာ ပြုံးပေးရပါမယ်။ ဒီလိုမျိုး ၁၀ ကြိမ်လောက် ပြုလုပ်ရမှာပါ။


၁၀။ လည်ပင်းနဲ့ ပခုံးအတွက် ပခုံးကို စက်ဝိုင်းပုံ လှည့်ရမှာပါ။ ပထမတော့ ဘယ်နဲ့ညာ တစ်ဖက်စီပေါ့။ နောက်မှ နှစ်ဖက်စလုံးကို ပြိုင်တူလှည့်ရပါမယ်။ သတိရရင် ရသလို ပြုလုပ်ပေးပါ။

Credit : Orchid



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18