Print

ခန္ဓာကိုယ် သွယ်လျလှပစေသော စူပါအစားအစာများ

  15-Jul-2020
Preview Image

          ဒီကနေ့မှာတော့ ဝဝလှလှပြောတဲ့ အလေ့အထကုန်သွားပါပြီ။ မိန်းကလေးအများစုက ခန္ဓာကိုယ်ဝလာရင် အလှပျက်တာ တစ်ခုလည်းမဟုတ်ပါဘူး။ တကယ်တော့ ဝတာက အလှပျက်တာ တစ်ခုတည်းမဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်မှာ ရောဂါတွေကို သယ်ဆောင်ထားသလို ရောဂါထူပြောလာစေပါတယ်။ သင့်ခန္ဓာကိုယ်ကို အဝမလွန်အောင်၊ ခန္ဓာကိုယ် သွယ်လျလှပအောင် ထိန်းသိမ်းနိုင်တဲ့ အကောင်းဆုံးနည်းကတော့ စူပါအစားအစာတွေစားပြီး ထိန်းသိမ်းနည်းပါပဲ။

          သင့်ခန္ဓာကိုယ်သွယ်လျ လှပအောင် စွမ်းဆောင်ပေးမယ့် ခန္ဓာကိုယ်တွင်း အဆီတွေကို ချေဖျက်မှု အားကောင်းစေတဲ့ အစားအစာတွေကို ရေးသားလိုက်ပါတယ်။


၁။ ပဲမည်း

          ပဲမည်းတစ်ခွက်စာ ၁၅ ဂရမ်မှာ လုံလောက်တဲ့ ပရိုတင်းဓာတ်ပါဝင်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပြည့်ဝဆီလုံးဝ မပါဝင်ပါဘူး။ ပဲမည်းစားသုံးပေးတာက သင့်ခန္ဓာကိုယ်ကို အဆီဓာတ်မရရှိစေဘဲ ပရိုတင်းဓာတ်ကို ဖြည့်စွမ်းပေးတာကြောင့် အဆီပိုတွေ မရရှိစေဘဲ သွယ်လျလှပစေပါတယ်။


၂။ အုတ်ဂျုံ

          အုတ်ဂျုံမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အုတ်ဂျုံစားထားပါက သင့်ကို တစ်နေကုန်ဗိုက်ပြည့်တင်းမှု ဖြစ်စေပါတယ်။ အုတ်ဂျုံခွက်တစ်ဝက်စာကနေ ခန္ဓာကိုယ်တွင်း ဇီဝနရီနဲ့ အဆီချေဖျက်မှုကို အားပေးတဲ့ ကာဗိုဟိုက်ဒရိတ် ၄ ဒသမ ၆ ဂရမ်ကို ရရှိနိုင်ပါတယ်။


၃။ ထောပတ်သီး

          အဝလွန်မှာ ကြောက်တာကြောင့် အဆီရှောင်တယ်ဆိုပေမယ့် စားသင့်တဲ့ အဆီတွေရှိနေပါတယ်။ ထောပတ်သီးမှာပါတဲ့ အိုလစ် အက်စစ်က ကျန်းမာရေးနဲ့အညီစားသင့်တဲ့ မပြည့်ဝဆီအမျိုးအစားဖြစ်ပြီး ဆာလောင်မှုကို လျော့နည်းစေပါတယ်။ အမျှင်ဓာတ်နဲ့ ပရိုတင်းတွေကြွယ်ဝတဲ့ ထောပတ်သီးတစ်စိတ် ဒါမှမဟုတ် တစ်ဝက်စာကို နေ့စဉ်စားပေးပါက ဗိုက်မှာရှိတဲ့အဆီတွေကို ချေဖျက်မှုကို အားပေးပါတယ်။


၄။ ပန်းဂေါ်ဖီစိမ်း

          ပန်းဂေါ်ဖီစိမ်းမှာ ကင်ဆာကို ကာကွယ်နိုင်တဲ့အာနိသင်တွေ ပါရှိပါတယ်။ အမျှင်ဓာတ်များစွာပါဝင်တဲ့ ပန်းဂေါ်ဖီစိမ်းက အဝလွန်နေသူတွေအတွက် ကိုယ်အလေးချိန်ချပေးနိုင်တဲ့ စူပါအစားအစာတစ်ခုပါ။


၅။ ဆန်လုံးညို

          ဖြူဖွေးအောင် ကြိတ်ခွဲထားတဲ့ ဆန်ထက် ဆန်လုံးညိုက အမျှင်ဓာတ်ပိုမိုရရှိနိုင်ပြီး အာဟာရပြည့်ဝစေပါတယ်။ ခွက်တစ်ဝက်စာမှာ ကစီဓာတ် ၁ ဒသမ ၇ ဂရမ်ပါဝင်ပြီး ဇီဝနရီကို ကောင်းမွန်စေပြီး အဆီချေဖျက်မှုကို အားပေးပါတယ်။


၆။ သစ်တော်သီး

          သစ်တော်သီးတစ်လုံးစားသုံးပေးပါက သင့်တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၁၅ ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်။ လေ့လာမှု တစ်ခုက တစ်နေ့ကို သစ်တော်သီး သုံးလုံးစားသုံးသူတွေက မစားသုံးသူတွေထက် ကိုယ်အလေးချိန်လျော့နည်းတာကို တွေ့ရပါတယ်။


၇။ လက်ဖက်စိမ်းရည်

          လက်ဖက်စိမ်းခတ်ထားတဲ့ ရေနွေးကြမ်းသောက်သုံးပေးပါက ဗိုက်ပြည့်တင်းမှုဖြစ်စေပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။ အင်တီအောက်ဆီးဒင့်တွေပါဝင်ပြီး အဆီတွေကို ချေဖျက်ပေးပါတယ်။ လေ့လာမှုတစ်ခုမှာ တွေ့ရတာက တစ်နေ့ကို လက်ဖက်စိမ်းရည် ငါးခွက်သောက်သုံးပါက ကိုယ်အလေးချိန်ကို သိသိသာသာ ကျဆင်းစေပါတယ်။


၈။ ငှက်ပျောသီး

          ငှက်ပျောသီးက သင့်ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်တဲ့ စူပါအစားအစာတွေထဲက တစ်မျိုးပါ။ အနည်းငယ်စိမ်းနေတဲ့ အရွယ်တော်ငှက်ပျောသီးတစ်လုံးက သင့်ရဲ့ခန္ဓာကိုယ်ဇီဝနရီကို ကောင်းမွန်စေပြီး ကစီဓာတ် ၁၂ ဒသမ ၅ ဂရမ် ရရှိစေပါတယ်။

ငှက်ပျောသီးအမှည့်တစ်လုံးသာ စားသုံးမယ်ဆိုရင်တော့ ကစီဓာတ် ငါးဂရမ်သာ ရရှိနိုင်ပါတယ်။


၉။ ဥအမျိုးမျိုး

          သင့်မနက်စာမှာ ပရိုတင်းဓာတ် အပြည့်အဝရရှိနိုင်တဲ့ ကြက်ဥစားသုံးထားပါက တစ်နေကုန် အစာစားချင်စိတ်မဖြစ်အောင် ထိန်းချုပ်ထားနိုင်ပါတယ်။


၁၀။ အာလူး

          အာလူးမှာ ကာဗိုဟိုက်ဒရိတ်များစွာပါဝင်ပေမယ့် ပေါင်မုန့်တစ်ချပ်ထက် ပြည့်အင့်မှုသုံးဆပိုမိုပါတယ်။ လိမ္မော်သီးလိုပဲ ပြည့်အင့်မှု မြင့်မားပါတယ်။ အာလူးမှာ ကစီဓာတ်ကြွယ်ဝပြီး အဆီချေဖျက်မှုကို အားပေးပါတယ်။


Credit : နန်းသီရိ (ဆေးဝါး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18