Print

ဆားဝက်ခြံများထွက်နေလျှင်

  22-Jul-2020
Preview Image

          မျက်နှာပေါ်က ချွေးပေါက်တွေထဲမှာ ဆဲလ်သေတွေ၊ အဆီတွေ၊ အညစ်အကြေးတွေ ပိတ်ဆို့သွားရာကနေ ဆားဝက်ခြံတွေ ဖြစ်လာပါတယ်။ မျက်နှာအဆီပြန်တတ်သူတွေရဲ့ နှာခေါင်းနဲ့ မေးစေ့ပေါ်မှာ အများဆုံးဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ ဟော်မုန်းပြောင်းလဲမှုဖြစ်တာ၊ မျိုးရိုးဗီဇရှိတာ၊ အရေပြားသန့်ရှင်းမှု အားနည်းတာ၊ အလှပြင်ပစ္စည်းတွေ မသန့်ရှင်းတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာနဲ့ ကော်ဖီအလွန်အကျွံသောက်တာတွေကြောင့် ဆားဝက်ခြံတွေ ပိုဆိုးစေပါတယ်။


နည်းလမ်း (၁)

          ခရမ်းချဉ်သီးမှာ သဘာဝပိုးသတ်အာနိသင်ရှိပြီး ဆားဝက်ခြံတွေကို သက်သာစေပါတယ်။ ညအိပ်ရာဝင်ခါနီးမှာ ခရမ်းချဉ်သီး အရွယ်တော်တစ်လုံးကို ကြိတ်ခြေပြီး မျက်နှာပေါ်လိမ်းပြီး အိပ်ပါ။ မနက်အိပ်ရာထတော့မှ ရေသန့်နဲ့ မျက်နှာသစ်လိုက်ပါ။


နည်းလမ်း (၂)

          သံပရာသီးကို အရည်ညှစ်ပြီး ဆားအနည်းငယ်နဲ့ ရောမွှေပြီး မျက်နှာပေါ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပါ။


နည်းလမ်း (၃)

          သွားတိုက်ဆေးအနည်းငယ်ကို ဆားဝက်ခြံတွေရှိတဲ့အပေါ် ခပ်ပါးပါးပွတ်လိမ်းပေးပါ။ ၂၅ မိနစ်ထားပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ နှစ်ပတ်လောက် ပြုလုပ်ပေးပါက မျက်နှာပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ပါတယ်။


နည်းလမ်း (၄)

          ပျားရည်မှာ သဘာဝပိုးသတ်အာနိသင်ရှိပြီး မျက်နှာအဆီပြန်တာရော ဆားဝက်ခြံတွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။ ပျားရည်ကို မျက်နှာပြင်အနှံ့လိမ်းထားပြီး ၁၅ မိနစ်ကြာမှ ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပါ။


နည်းလမ်း (၅)

          အုတ်ဂျုံနဲ့ ဒိန်ချဉ်ရောပြီး အရေပြားအတွက် အသုံးပြုပါက ဆားဝက်ခြံတွေကို ဖယ်ရှားပေးပါတယ်။ အုတ်ဂျုံထမင်းစားဇွန်း ၂ ဇွန်း၊ ဒိန်ချဉ်ထမင်းစားဇွန်း ၃ ဇွန်း၊ သံပရာရည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ သံလွင်ဆီအနည်းငယ်ထည့်မွှေပြီး မျက်နှာပေါ် ညင်သာစွာ ပွတ်လိမ်းပေးပါ။ ၁၀ - ၁၅ မိနစ်ထားပြီးနောက် ရေအေးနဲ့ မျက်နှာသစ်ပါ။


နည်းလမ်း (၆)

          မုန့်ဖုတ်ဆော်ဒါမှုန့်ကို ရေနဲ့ ခပ်ပျစ်ပျစ်ရအောင်ဖျော်ပြီး ဆားဝက်ခြံတွေရှိတဲ့ နေရာပေါ်ကို လိမ်းပေးပါ။ ခြောက်သွားအောင်ထားပြီးနောက် မျက်နှာသစ်ပါ။ အဆီတွေရော အညစ်အကြေးတွေပါ ဖယ်ရှားပေးပါတယ်။


နည်းလမ်း (၇)

          ကြက်ဥအကာကို ဖယ်ယူပြီး ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ရောမွှေပါ။ မျက်နှာပြင်အနှံ့လိမ်းပြီး မိနစ် ၃၀ ထားပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။


နည်းလမ်း (၈)

          သစ်ကြံပိုးခေါက်အမှုန့်နဲ့ သံပရာရည်ကို ဆတူရောပါ။ ဆားဝက်ခြံရှိတဲ့အပေါ် လိမ်းပေးပြီး ညအိပ်ပါ။ မနက်အိပ်ရာထမှ ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပါ။ 

 

Credit :နန်းသီရိ (ဆေးဝါး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18