Print

မျက်နှာနှင့် လည်ပင်းအရေပြားလျော့ရဲခြင်းမှ သက်သာစေသော နည်းလမ်း ၁၀မျိုး

  29-Jul-2020
Preview Image

          International Society of Aesthetic Plastic Surgery ရဲ့အဆိုအရ ၂၀၁၇ခုနှစ်မှာ အမျိုးသမီး ၁၇သန်းလောက်ဟာ မျက်နှာနှင့် လည်ပင်းအရေပြားလျော့ရဲ့ခြင်းသက်သာစေရန် ဘိုတော့စ်(Botox) ဆေးထိုးခဲ့ကြတယ်လို့ တွေ့ရှိရပါတယ်။ Botox နဲ့ အလွယ်တကူ သက်သာအောင်လုပ်လို့ရတယ်ဆိုပေမယ့် တချို့မှာ ငွေကြေးအခက်အခဲရှိတဲ့အတွက်ကြောင့် မတတ်နိုင်ကြပါဘူး။  ဒီတော့ သဘာဝနည်းနဲ့ လွယ်ကူစွာ သက်သာအောင်လုပ်လို့ရတဲ့နည်းတွေကို ပြောပြပေးလိုက်ပါတယ်။

 

၁။ သကြားလျှော့စားပါ။

          လေ့လာချက်တွေအရ သကြားဟာ ခန္ဓာကိုယ်အပေါ်မှာ မကောင်းတဲ့သက်ရောက်မှုတွေက ပိုများပါတယ်။ သကြားစားသုံးခြင်းကြောင့် အရေပြားတွင် အရေးအကြောင်းများ ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သကြားလျှော့စားသင့်ပါတယ်။


၂။ အုန်းဆီလိမ်းပေးပါ။

          အုန်းဆီဟာ အစိုဓာတ်ကို တော်တော်ကောင်းကောင်းထိန်းပေးနိုင်ပါတယ်။ အရေပြားကို အုန်းဆီလိမ်းပေးခြင်းဖြင့် အရေးအကြောင်း၊ အဖုအပိန့်များပျောက်ပြီးတော့ ချောမွေ့တဲ့၊ ရေဓာတ်ပြည့်ဝတဲ့ အရေပြားကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။


၃။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants)

          အရေပြားဟာ ခန္ဓာကိုယ်မှာ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဓာတ်တိုးမှုအများဆုံးဖြစ်တဲ့အတွက်ကြောင့် ဆဲလ်ပျက်စီးနှုန်းများပါတယ်။ ဒါကြောင့် အရေပြားဟာ အလွန်အိုမင်းလွယ်ပါတယ်။ ဆိုတော့ အိုမင်းလွယ်ခြင်းသက်သာစေဖို့အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants တွေ အများကြီးပါတတ်တဲ့ ဘလူးဘယ်ရီသီး၊ စပစ်သီး၊ စတော်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ ဆလပ်ရွက်၊ ပဲထောပတ် စတာတွေ များများစားပေးသင့်ပါတယ်။


၄။မျက်နှာကို သေသေချာချာသစ်ပါ။

          အမျိုးသမီးများသည် မိတ်ကပ်များလိမ်းကြပြီး တစ်ခါတစ်ရံ ပင်ပန်းနွမ်းနယ်လာတဲ့အတွက် မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်ကြမိသည်။ ဒီအခါမှာ မိတ်ကပ်မှာပါတဲ့ ဓာတုဗေဒဓာတ်ပစ္စည်းတွေဟာ အရေပြားထဲကို စိမ့်ဝင်သွားပြီးတော့ အိုမင်းရင့်ရော်ခြင်းကို အချိန်မတိုင်ခင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးက မျက်နှာကို စနစ်တကျ သေသေချာချာ ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။


၅။ ဗီတာမင် အေ

          မကြာသေးမှီက လေ့လာတွေ့ရှိချက်အရ ဗီတာမင်အေပါဝင်တဲ့ အစားအစာ အသီးအရွက်တွေဟာ အရေပြားအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်လို့ သိရပါတယ်။  ဘီတာကာရိုတင်းဟာ နေရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ဗီတာမင်အေ ကြွယ်ဝစွာပါဝင်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ပန်းဂေါ်ဖီစိမ်း၊ ဆလပ်ရွက် စတာတွေကို များများစားပေးသင့်ပါတယ်။


၆။ သခွားသီးဖျော်ရည်

             အသက်အရွယ်ရလာတဲ့အခါမှာ အရေပြားရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အရေပြားကိုတင်းတင်းရင်းရင်းဖြစ်စေတဲ့ အမျှင်ဓာတ်ကော်လဂျင် (Collagen)တွေဟာ လျော့နည်းလာပါတယ်။ ၎င်းဟာ အနှစ်၂၀ကြာတိုင်း ထုတ်လုပ်မှု ၁%လျော့နည်းလာပါတယ်။ ဒီအခါမှာ အရေပြားဟာ ပါးလာပြီး တွန့်လာ လျော့ရဲလာပါတယ်။ အထူးသဖြင့် မျက်နှာ၊ လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ပိုသိသာပါတယ်။

           သခွားသီးမှာ ဆီလီကာ (Silica) လို့ခေါ်တဲ့ အရေပြားကျန်းမာရေးကို ကောင်းမွန်စေတဲ့ သတ္ထုဓာတ်နဲ့ အရေပြားမှ ရေစုပ်ယူမှုအားကောင်းစေတဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ Ascorbic acid ပါဝင်ပါတယ်။ ဒါကြောင့် သခွားသီးကို ဖျော်ရည်လုပ်ပြီး အရေပြားကို လိမ်းကျံပေးခြင်းဖြင့် အရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေနိုင်ပါတယ်။


၇။ မုန့်ဖုတ်ဆိုဒါနှင့် အုန်းဆီ

           မုန့်ဖုတ်ဆိုဒါနဲ့ အုန်းဆီမှာ အရေပြားအိုမင်းရင့်ရော်ခြင်းကို သက်သာစေတဲ့ ဓာတ်ရှိပါတယ်။ နှစ်မျိုးပေါင်းလိုက်ခြင်းဖြင့် အရေပြားမှ ဆဲလ်အသေများကို ကြွေကျစေခြင်း၊ အဆိုဓာတ်ကိုဖြည့်တင်းပေးခြင်း၊ အရေပြားတွင် သွေးလှည့်ပတ်မှုကောင်းစေခြင်း စတဲ့ အကျိုးတွေ ရနိုင်ပါတယ်။ ဒါ့ကြောင့် မုန့်ဖုတ်ဆိုဒါနဲ့ အုန်းဆီကို သင့်တင့်အောင်ရောစပ်ပြီး မျက်နှာကို လိမ်းပေးခြင်းအားဖြင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ပါတယ်။


၈။ ကြက်ဥအကာနှင့် ပျားရည်

         ကြက်ဥအကာနှင့်ပျားရည်မှာလည်း အလားတူ အာနိသင်များရှိတဲ့အတွက်ကြောင့် ဆတူရောစပ်၍ လိမ်းပေးနိုင်ပါတယ်။


၉။ ဇွန်းဖြင့် မျက်နှာလေ့ကျင့်ခန်းလုပ်ခြင်း

         ဇွန်းတစ်ချောင်းကို နှုတ်ခမ်းနှင့်ကိုက်၍ ပါးစပ်စေ့ထားပါ။ သွားမသုံးရပါ။ နှုတ်ခမ်းနှင့်မေးရိုးအားကိုသုံး၍ ဇွန်းကို အပေါ်သို့ထောင်မတ်သည်အထိ ပြုလုပ်ပါ။ ၁၀စက္ကန့်လောက် မျက်နှာပြုံးထားပြီးနေပါ။ ထို့နောက် ပြန်လျှော့ချပြီး ၁၀စက္ကန့်လောက်နားပါ။ ဒီအတိုင်း ၁၀ကြိမ်လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို မနက်တစ်ကြိမ် ညတစ်ကြိမ်ပြုလုပ်ပေးပါ။


၁၀။ မျက်လုံးလေ့ကျင့်ခန်း

          လက်ညှိုးနဲ့ လက်ခလယ်နှစ်ချောင်းက်ု ကတ်ကြေးပုံအနေအထားနဲ့ မျက်လုံးနှစ်လုံးစလုံးကို ဖြဲထားပြီး မျက်လုံးများကို မှိတ်လိုက် ဖွင့်လိုက် စက္ကန့် ၂၀လုပ်ပေးပါ။ ထို့နောက် ၁၀စက္ကန့်လောက် နားပေးပါ။ ဒီနည်းအတိုင်း ၁၀ကြိမ်ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း မနက်တစ်ကြိမ် ညတစ်ကြိမ် ပြုလုပ်ပေးပါ။


Reference- Brightside

Dr.Lwin Moe Kyaw   



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18