Print

ဖြတ်သင့်တဲ့လေကြိုး

  22-Feb-2018
Preview Image

ရုံးအဆင်းအရက်သောက်လာသော ယောကျ်ားအား မိန်းမက 


“ ရှင်အရက်တွေ သောက်လာပြန်ပြီလား ”


“ အရက်မသောက်ပါဘူး ဘီယာလေးတစ်ခွက်တစ်လေပါကွာ ”


“ ဘီယာလည်း အရက်ပဲ၊ ဆင်ခြင်ပေးမနေနဲ့ ”


“ ဘီယာက သွေးကြောနံရံအတွင်းက သွေးခဲဖတ်ဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်။ လေဖြတ်နိုင်ခြေကို ကာကွယ်ပေးတယ်။ ပြီးတော့ ..”


“ တော်တော့ လောလောဆယ်မူးလာရင် ရှင့်လေကြောရှည်တာကို ဖြတ်ပေးနိုင်ဖို့လိုတယ် ”


“ ဟိုက် ”


Credit : မှူးအိမ်ဇင်




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18