Print

နာမှာလားဟင်

  12-May-2018
Preview Image

ပုဂ္ဂလိက ဆေးရုံတစ်ခု၏ ခွဲစိတ်ခန်း အတွင်းတွင် နှလုံးခွဲရမည့် လူနာအား ထိုးရန်ပြင်ဆင်နေစဉ် …




လူနာ ။ ။ “ဆရာ ခွဲစိတ်ချိန်မှာ ကျွန်တော်နာနေမှာလားဟင်..”




ဆရာဝန် ။ ။ “မပူပါနဲ့ခင်ဗျာ ခွဲစိတ်နေစဉ် ခင်ဗျားနာမှာ မဟုတ်ပါဘူး။ မေ့ဆေးကြောင့် သိတောင်သိမှာ မဟုတ်ပါဘူး”




လူနာ ။ ။ “ဒါဆို သတိပြန်ရလာရင်ရော ဆရာ .. နာနေမှာလား”




ဆရာဝန် ။ ။ “အဲဒီအချိန်မှာလည်း ခင်ဗျားနာမှမဟုတ်ဘူး။ ကျွန်တော်ခင်ဗျားကို အနာသက်သာတဲ့ဆေး ပေးထားမှာပါ”




လူနာ ။ ။ “ဒါဆို ကျွန်တော် လုံးဝ နာကျင်မှုမရှိဘဲ ရောဂါပျောက်သွားမှာပေါ့နော်”




ဆရာဝန် ။ ။ “အဲလိုတော့မပြောနိုင်ဘူး ခင်ဗျား နှလုံးနာမယ့်အချိန်တစ်ခုတော့ရှိတယ်”




လူနာ ။ ။ “ဘယ်အချိန်လဲ ဆရာ”




ဆရာဝန် ။ ။ “ခင်ဗျားဆေးဖိုးတွက်တဲ့အချိန်ပေါ့” 




Credit: တွေရကြုံရဆေးလောက



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18