Print

တစ်ယောက်ယောက်ရှိနေတယ်

  23-May-2018
Preview Image

"ဆရာ... ကျွန်မ ညအိပ်တိုင်း ကုတင်အောက်မှာ တစ်ယောက်ယောက် ရှိနေတယ်လို့ချည်း စိတ်ထဲမှာ ထင်နေတယ်ရှင့်..."

"ဟုတ်ပြီ... ခင်ဗျား တစ်ပတ်ကို ၂ ကြိမ် ကျွန်တော့်ဆီလာခဲ့ပါ... ၃ လလောက်နဲ့ ခင်ဗျားရောဂါ ပျောက်အောင် ကျွန်တော်ကုပေးမယ်... ကုသခကတော့ တစ်ခါကိုမှ ၅၀၀၀ လောက်ပဲ ယူမှာပါ..."


"ဟုတ်ကဲ့... ကျွန်မ စဉ်းစားပါဦးမယ်ရှင့်..."


တစ်ပတ်ခန့်ကြာသော် ထိုလူနာကို တခြားတစ်နေရာတွင် ဒေါက်တာဂွ တွေ့သည်...


"ခင်ဗျား... ကျွန်တော့်ဆီ ဘာလို့မလာတော့တာလဲဗျ..."


"သြော်... ဆရာပါလား... ဆရာ တစ်ခါပြ ၅၀၀၀ နဲ့ ၃ လလောက် ကုရမယ့်ဟာကို ကျွန်မသူငယ်ချင်း တစ်ယောက် ကုပေးလိုက်လို့ ပျောက်သွားပြီရှင့်..."


"ဟေ... ဟုတ်လား... ပြောပါဦး သူက ဘယ်လိုကုပေးလိုက်လဲ??"


"ကုတင်ခြေထောက်တွေကို ဖြတ်လိုက်တယ်လေ... လက်သမားခ ၁၀၀၀ ပဲ ကုန်တယ်ရှင့်... သွားလိုက်ပါဦးမယ်နော်..."

Credit: ကြယ်မင်းတာရာ


Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18