Print

စိတ်ရောဂါ အထူးကု ဆေးရုံတွင် ဖြစ်သည်

  23-May-2018
Preview Image

ဒေါက်တာတစ်ယောက် သူ့လူနာများ၏ တိုးတက်မှု အခြေအနေကို စစ်ဆေးလျက်ရှိသည်...

ဒေါက်တာဂွ ။ ။ "၅ နဲ့ ၅ မြှောက်ရင် ဘယ်လောက်ရလဲ?"

ပထမလူနာ ။ ။ "၃၅၆ ပါ ဆရာ..."

ဒေါက်တာဂွ စိတ်ပျက်သွားတယ်... နောက်တစ်ယောက်ကို ထပ်မေးတယ်...

ဒေါက်တာဂွ ။ ။ "၅ နဲ့ ၅ မြှောက်ရင် ဘယ်လောက်ရလဲ?"

ဒုတိယလူနာ ။ ။ "တနင်္ဂနွေ ပါ ဆရာ..."

ဒီတခါ ပိုဆိုးပါလားလို့ ဒေါက်တာဂွတွေးရင်း မျှော်လင့်ချက် အပြည့်နဲ့ တတိယလူနာကို ထပ်မေးလိုက်တယ်...

ဒေါက်တာဂွ ။ ။ "၅ နဲ့ ၅ မြှောက်ရင် ဘယ်လောက်ရလဲ?"

တတိယလူနာ ။ ။ "၂၅ ပါ ဆရာ..."

ဒေါက်တာဂွ ။ ။ "ဟား... မှန်တယ်... မင်းတော်တော် တိုးတက်နေပြီပဲ... ပြောပါဦး မင်းဘယ်လို တွက်လိုက်သလဲဆိုတာ..."

တတိယလူနာ ။ ။ "လွယ်ပါတယ်... ဆရာရယ်... ဟိုကောင်ပြောတဲ့ ၃၅၆ ထဲက တနင်္ဂနွေကို နှုတ်လိုက်တာလေ..." 

Credit: ကြယ်မင်းတာရာ


Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18