Print

မိခင်အနေနဲ့ ကျန်းမာသောကလေးတစ်ယောက်ဖြစ်စေရန်လုပ်ဆောင်သင့်သည်များ

  30-Oct-2016
Preview Image

 

၁။ ရောဂါပိုးမဝင်အောင် ကာကွယ်ဆေးထိုးပေးခြင်း ပြုလုပ်ပေးရပါမယ်။နိုင်ငံတော်အနေနဲ့ တီဘီရောဂါကာကွယ်ဆေး ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုအကြောသေ ရောဂါအတွက် ကာကွယ်ဆေး၊ ၀က်သက်ကာကွယ်ဆေးနဲ့ အသည်းရောင်ဘီရောဂါ ကာကွယ်ဆေး တို့ကိုအခမဲ့ ထိုးပေးနေပါတယ်။ ငွေကြေးတတ်နိုင်တဲ့ မိဘတွေအနေနဲ့တော့ ဦးနှောက်အမြှေးရောင် ရောဂါနဲ့ လည်ပင်းအသက်ရှူပြွန်ချောငး်ရောင်တဲ့ ရောကာကိုကာကွယ်နိုင်တဲ့ Haemophilus Influrenza Type B ပိုးမဝင်အောင် ကာကွယ်တဲ့ Hib Vaccine ကို ထိုးနှံပေးနိုင်ပါတယ်။ ရောဂါအတွက် ကာကွယ်ဆေးထိုးပေးတာအပြင် ကာကွယ်သင့်တာတစ်ခုကတော့ ရောဂါရှိသူ အထူးသဖြင့် တီဘီရောဂါရှိသူနဲ့ အတူနေထိုင်ခြင်း၊ ကလေးထိန်ခိုင်းခြင်း၊ မပြုသင့်ပါ။ မိမိနေအိမ်မှာ တီဘီရောဂါရှိ မရှိ စစ်ဆေးခြင်းဖြင့် တီဘီရောဂါ ကင်းဝေစေမှာဖြစ်ပါတယ်။

 

၂။ နောက်တစ်ခုက မိဘတွေအနေနဲ့ ကလေးရဲ့အမြင်အာရုံ စတာတွေကို ကြိုတင်ဂရုတစိုက် အာရုံစိုက်ဖို့လိုပါတယ်။ လိုအပ်လာရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့စောစောစီီးစီးပြသကုသဖို့လိုပါတယ်။ မျက်ဝတ်လွက်ခြင်းကို စောစောမကုသရင် တချို့ရောဂါပိုးဖြစ်တဲ့ Gonococcus ပိုး Chlamydia ပိုးတွေ ကြောင့် မျက်စီကွယ်သွားနိုုင်ပါတယ်။မိမိရဲ့ကလေး အမြင်အာရုံအတွက် စာဖတ်စဉ် စာအုပ်နဲ့မျက်လုံးအကွာအဝေးကိုကြည့်ပြီး အကဲခတ်နိုင်ပါတယ်။ ကလေးဟာနားမကြားရင် စကားမပြောတတ်ပါဘူး။ ကလေးရဲ့အသက် ၁၈ လရှိမှ စကားမပြောရင်တော့ အကြားအာရုံကိုထိခိုက်နိုင်ပါတယ်။ ဒါကြောင့် မိမိ၏ကလေးရဲ့ အကြားတုံးပြန်မှုကို ဂရုစိုက်ထားချင်ပါတယ်။

 

၃။ မိမိကလေး ရောဂါတစ်ခုခုဖြစ်လာရင် စောစောစီးစီး ကုသပေးစေချင်ပါတယ်။ ဆေးမြီးတိုနဲ့ ကုသရင်းနဲ့ ပိုမိုစိုးရိမ်ရတဲ့အခြေအနေကို ရောက်နိုင်ပါတယ်။မွေးကင်းစွာကလေး အသားဝါတာကို ဂရုတစိုက် မပြသတဲ့အတွက် နောက်ဆုံး ဦးနှောက်ထဲသို့ အသားဝါရောက်ပြီး Karntcierus ဖြစ်ပြီး လူစဉ်မမီတဲ့ Cerebral palas ဆိုတဲ့ရောဂါမျိုး ရတတ်ပါတယ်။ ကျောက်ကပ်ရောင်ရောဂါကို သေသေချာချာမကုသတဲ့အတွက် ကျောက်ကပ်အလုပ် မလပြ်နိုင်ခြင်း၊ သွေးတိုးကြောင့် ဦးနှောက်ရောင်ပြီး တက်ခြင်းစတာတွေ ဖြစ်လာနိုင်ပါတယ်။ ရောဂါဖြစ်လာရင်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောစောစီးစီး ကုသပေးစေချင်ပါတယ်။

 

၄။ နောက်တစ်ချက်ကတော့ ကလေးကြီးလာရင် ထိန်းကျောင်းအကြံဉာဏ်ပေးခြင်းမျိုးပြုလုပ်ခြင်းဖြင့် ကျန်းမာရေးထိခိုက်ခြင်းမှကာကွယ်နိုင်ပါတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ လူနေမှုစနစ်ကြောင့် မြန်မာ့ရိုးရာ အစားအစာများအစား နိုင်ငံခြားအစားအစာမျိုးစုံ စားသုံးလာကြတဲ့ အတွက် ၀တဲ့ကလေးများ ဖြစ်လာနေကြပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့ ဆိုရိုးစကားလက်ကိုင် ထားပြီး အဝမလွန်အောင်ကာကွယ်သင့်ပါသည်။ အဝလွန်ကလေးများကတော့ ကြီးလာရင်အလွန်ဝ ခြင်းကို မထိန်းနိုင်ဘဲ အဝကြောင့်ဖြစ်တဲ့သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီချိုရောဂါတွေ ၀င်ရောက်လာ မှာဖြစ်ပါတယ်။

 

မြန်မာဓလေ့က အရှက်အကြောက်ရှိကြပေမယ့်လည်း အရွယ်ရောက်လူငယ်၊ လူရွယ်တွေကို လူငယ်လူရွယ် ဖွံ့ဖြိုးမှုနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာများကို မိဘတွေက ပြောဆိုဆုံးမ သွန်သင်သင့်ပါတယ်။ အဲဒီလိုဆိုရင် ဆက်စပ်ဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ကာကွယ်ပေး နိုင်မှာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးများကို အစာကျွေး၊အဝတ်ဆင်၊ ကျောင်းထားပေးခြင်းပြုလုပ်ရုံနဲ့ မိဘဝတ္တရားမကျေပါ။ မိမိရဲ့ ရင်နှစ်သည်းရှာတွေ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် လုပ်ဆောင်သင့်တဲ့ အရာအားလုံးကို ဆောင်ရွက်ပေးမှ ကိုယ်ကျန်းမာပြီး စိတ်ဓာတ်ကြံခိုင်တဲ့၊ စည်းကမ်းရှိတဲ့ ကလေးတွေဖြစ်လာမှာဖြစ်ပါတယ်။

 

 

Ref:

ပါမေက္ခဒေါက်တာဦးအေးသောင်း

(ကလေးအထူးကု သမားတော်ကြီး)

Health For All Magazin No.103, Pg.9-10 ,August.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18