Print

ကလေးငယ်များအတွက် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးမ...

  30-Oct-2016
Preview Image

 

မိခင်နို့ဦးရေသည် ကလေးငယ် ရောဂါမဖြစ်ပွားစေရန်အတွက် မိခင်ကကလေးငယ်ကို ပေးနိုင်သည့် ပထမဆုံးနှင့် တန်ဖိုးအရှိဆုံး ကာကွယ်ဆေးဖြစ်ပါသည်။မိခင်နို့ရည်တွင်ပါ၀င်သော ရောဂါခုခံစွမ်းအားကို ပြင်ပတွင်ဖန်တီးပြုလုပ်ခြင်း၊ အခြားသော ပစ္စည်းများဖြင့် အစားထိုးခြင်းများ မပြုလုပ်နိုင်သေးပါ။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးငယ်တွင် ၀မ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်ဝင်ရောက်ခြင်းနှင့်နာတာရှည်ရောဂါများ ဖြစ်ပွားသည့်အန္တရာယ်ကိုလျှော့ချနိုင်ပါသည်။ မိခင်နို့သည် ကလေးနာမကျန်းမဖြစ်စေရန် အကာအကွယ်ပေးပါသည်။

 

ကလေးသည်မိခင်ရင်ခွင်အတွင်း နို့စို့ရခြင်းကြောင့် မိခင်နှင့် အတွေ့အထိများခြင်း၊ သံယောဇဉ်ပိုတွယ်ခြင်း၊ လုံခြံုမှုပိုရခြင်းစသော အကျိုးတရားများကို ရရှိစေပါတယ်။မိခင်နို့ရည်တွင် ကလေးငယ်လိုအပ်သော အာဟာရများအလုံအလောက် ပါ၀င်ပါသည်။မိခင်နို့စို့ရသော ကလေးငယ်တွင် ပန်းနာရင်ကြပ်၊ နှင်းခူနှင့် အခြားအစာနှင့်မတည့်၍ဖြစ်သော ယားယံမှုမျိုးမဖြစ်တတ်ပါ။နာမကျန်းစေအတွင်း ကလေးငယ်အား ရေဓာတ်အလုံအလောက် ရရှိစေပါသည်။မိခင်နို့သည် ပူလွန်းအေးလွန်းသည်မရှိဘဲ အမြဲတစေ အပူချိန်မှန်ကန်ပါသည်။ သုတေသနပြုချက်များ အရ မိခင်နို့ရသော ကလေးများသည်နို့မှုန့်ရရှိသော ကလေးများထက် ဉာဏ်ရည်ပိုကောင်းသည်ကို လေ့လာတွေ့ရှိရပါသည်။

 

Ref:

အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

(ရပ်ရွာအဆင့်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18