Print

မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးထားသော ကလေးငယ်များအား ရေတိုက်ရန်

  30-Oct-2016
Preview Image

အဘယ့်ကြောင့် မလိုအပ်ပါသနည်း။

=======================================================

မိခင်နို့တွင် ရေ မည်မျှပါ၀င်သနည်း။ မိခင်နို့၏ ၈၈ ရာခိုင်နှုန်းမှာ ရေဖြစ်သည်။မိခင်တစ်ဦးက နို့တိုက်သောအခါတိုင်းမှာ ကလေးငယ်အား နို့ရည်မှတစ်ဆင့်ရေတိုက်ခြင်းသာ ဖြစ်ပါသည်။ ရေငတ်ပြေစေရန်နှင့် ဆာလောင်မွတ်သိပ်မှုအား ပြေပျောက်စေရန်အတွက် ကလေးငယ် တစ်ယောက်လိုအပ်သမျှ အားလုံးမိခင်နို့တွင် ပါ၀င်ပါသည်။ မိခင်နို့သည် ကလေးငယ်အား သန်စွမ်းကျန်းမာစွာ ကြီးထွားလာစေနိုင်သည့် အကောင်းဆုံးသော အစားအသောက် ဖြစ်ပါသည်။

ရေတိုက်ခြင်း၏ အန္တရာယ်များ

-------------------------------

မွေးကင်းစ ကလေးငယ်များအား ရေတိုက်ခြင်းသည် အန္တရာယ်များနိုင်ပြီး ၀မ်းပျက် ၀မ်းလျှော ရောဂါနှင့် ဖျားနာမှုများကို ဖြစ်စေနိုင်ပါသည်။ မိခင်နို့သည် သန့်ရှင်းစင်ကြယ်ပြီး ရောဂါဘယ များကို ကာကွယ်ပေးပါတယ်။ မွေးကင်းစကလေးငယ်၏ ၀မ်းဗိုက်သည် သေးသေးလေးသာဖြစ်ပါသည်။ ကလေးကရေ သောက် လိုက်သောအခါ ကလေး၏ ကျန်းမာသန်စွမ်းမှုအတွက် လိုအပ်သော အာဟာရ ဓာတ်ပြည့်ဝလှသည့် မိခင်နို့အတွက် သူ့ဗိုက်ထဲတွင် နေရာလပ်သိပ်မကျန်တော့ပါ။

Ref:

အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

(ရပ်ရွာအဆင့်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18