Print

ကလေးများကိုဖြည့်စွက်စာကျွေးခြင်း

  30-Oct-2016
Preview Image

 

အသက် ၆ လပြည့်သည့်အခါတွင် ကလေးအားမိခင်နို့နှင့်အတူအခြားအစားအစာများကို ဖြည့်စွက်ကျွေးမွေးရန် လိုအပ်ပါတယ်။ အာဟာရဓာတ်များပြည့်ဝစွာရရှိစေရန် အစာမျိုးကို လုံလုံလောက်လောက် ကျွေးမွေးရမည်။ သံဓာတ်ပြည့်ဝစွာပါသော အစားအစာများကို လုံလုံလောက်လောက် ကျွေးမွေးရမည်။အသက်အရွယ်အလိုက် သတ်မှတ်ထားသော အကြိမ်ရေအတိုင်း ကျွေးမွေးရမည်။ဘေးဥပါဒ်ကင်းအောင် သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်၍ ကျွေးမွေးပါ။

 

အာဟာရဓာတ်များ စုံလင်စွာ ရရှိစေရန်

-----------------------------------------

 

• အင်အားဖြစ်စေသော အစာအုပ်စု၊

• ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု၊

• ရောဂါကာကွယ်စေသော (ကျန်းမာစေသော) အစာအုပ်စုတို့မှ အစားအစာများကို စုံလင်မျှတစွာ ပါ၀င်အောင် ပြင်ဆင်ကျွေးမွေးရပါသည်။

ဖြည့်စွက်စာကျွေးရင်း မိခင်နို့ကို ကလေး၏အသက် (၂) နှစ်အရွယ်အထိ ဆက်၍တိုက်ပါ။

 

ဘာကြောင့် ဖြည့်စွက်စာကျွေး ရတာလဲ

------------------------------------------

 

အသက် ၆ လပြည့်သည့်အခါမှာ မိခင်နို့တစ်မျိုးတည်းက ကလေးအတွက်လိုအပ်သော အင်အား (ကယ်လိုရီ) နှင့် အခြားအာဟာရဓာတ်များကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့ပါ။ ၆ လမှ ၁ နှစ်အတွင်း ကယ်လိုရီလိုအပ်ချက်၏တစ်ဝက်ခန့်၊ တစ်နှစ်ကျော်သည့်အခါ သုံးပုံတစ်ပုံခန့်ကိုသာ မိခင်နို့မှာ ရရှိနိုင်သည်။ ထို့ကြောင့် ကလေးအားမိခင်နှင့်အတူ အခြားအစားအစာများကို ဖြည့်စွက်ကျွေးမွေးရန် လိုအပ်ပါသည်။ နို့စို့ကလေးအား ဖြည့်စွက်စာကျွေးသင့်သည့် အရွယ်ရောက်နေပါလျက် မကျွေးလျှင်အင်အား (ကယ်လိုရီ) နှင့် အာဟာရဓာတ်အမျိုးမျိုး ချို့တဲ့လာနိုင်သည်။မိခင်နို့မှသံဓာတ်ရရှိမှုသည် လိုအပ်မှုထက်များစွာ လျော့နည်းလာသည်။ ထို့ကြောင့် သန္ဓေ သား ဘဝကစုဆောင်း သိုလှောင်ထားသည့် သံဓာတ်များကို ထုတ်ယူအသုံးပြုကြရသည်။ အသက် ၆ လကျော်သည့်အခါ ထိုသံဓာတ်များ ကုန်ခမ်းသွားပြီးဖြစ်ရာ သံဓာတ်ကြွယ်ဝသည့် ဖြည့်စွက်စာများကို ကျွေးဖို့လိုအပ်သည်။ အသက် ၆ လခန့်ရောက်မှသာ အဖတ်ကို မျိုတတ်လာသည်။ ထိုအရွယ်တွင် ကလေးများ၏ အစာအိမ်သည် အစာအမျိုးမျိုးကို ခေဖျက်ရန်လည်း အသင့်ဖြစ်လာသည်။

 

ဖြည့်စွက်စာကျွေးရာတွင်မည်သည့် အခြေခံမူများကို လိုက်နာရမလဲ

------------------------------------------------------------------------

 

(က) အာဟာရဓာတ်များ ပြည့်ဝစွာရရှိစေရန် အစာမျိုးစုံကို လုံလုံလောက်လောက် ကျွေးမွေးရမည်။

(ခ) ဘေးဥပါဒ်ကင်းအောင် သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်၍ ကျွေးမွေးရမည်။

(ဂ) ကလေး အစာစားချင်အောင်၊ စားနိုင်အောင် ဖန်တီး၍ စိတ်ပါလက်ပါကျွေးမွေးရမည်။

 

အာဟာရဓာတ်များစုံလင်စွာ ရရှိစေရန်

-----------------------------------------

 

(၁) အင်အားဖြစ်စေသော အစာအုပ်စု

(၂) ခန္ဓကိုယ်ကြီးထွားဖွ့ံဖြိုးစေသော အစာအုပ်စု၊

(၃) ရောဂါကာကွယ်စေသော (ကျန်းမာစေသော) အစာအုပ်စုတို့မှ အစားအစာများကို စုံလင်မျှ တစွာ ပါ၀င်အောင် ပြင်ဆင်ကျွေးမွေးရပါမည်။

 

 

Ref:

အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

(ရပ်ရွာအဆင့်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18