Print

မွေးစမှ ၆ လထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းနှင့် ပတ်သက်သောအဓိက...

  30-Oct-2016
Preview Image

 

ကလေးကို မွေးစမှ ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးပါ။ရေတို်က်ရန်မလိုပါ။ မိခင်နို့တစ်မျိုးတည်း စနစ်တကျတိုက်ကျွေးခြင်း ဆိုတာဘာလဲကလေးငယ်ကို မွေးဖွားပြီးမှ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းကို ဆိုလိုပါသည်။ အခြားမည်သည့် ဖြည့်စွက်စာ၊ မည်သည့်အရည်မျှ မကျွေးရ။ရေလုံးဝမတိုက်ရ။(သို့သော် ဓာတ်ဆားနှင့် အခြားဆေးဝါးများကိုမူ ကျန်းမာရေး

လိုအပ်ချက်အရ ကျွေးနိုင်သည်။)

 

ပ့ံပိုးမှုပေးသော သိစေလိုရင်းအချက်များ

------------------------------------------

မွေးဖွားပြီး တစ်နာရီအတွင်း ကလေးကို မိခင်နို့တိုက်ကျွေးပါ။ မိခင်နို့မှကလေးငယ်အား ရောဂါကာကွယ်တားဆီးရေးအတွက် မိခင်ကပေးနိုင်သည့် ပထမဆုံး နှင့် တန်ဖိုးအရှိဆုံး ကာကွယ်ဆေးဖြစ်ပါသည်။ မိခင်နို့တွင် ရေဓာတ် ၈၈ %ပါ၀င်ပါသည်။ ကလေးသူငယ်သည် ဘဝကိုကျန်းမာစွာ စတင်နိုင်ရန် လိုအပ်သောရေဓာတ်နဲ့ အာဟာဓာတ်အားလုံးကို မိခင်နို့က ဖြည့်စွက်ပေးနိုင်ပါသည်။

 

ရေတိုက်ခြင်းကြောင့် ဖြစ်နိုင်သည့် အန္တရာယ်များ

----------------------------------------------------

 

ကလေးကိုရေတိုက်ခြင်းသည် ထိခိုက်မှုဖြစ်စေနိုင်ပါသည်။ ၀မ်းလျှောခြင်းနှင့် နာမကျန်းဖြစ် ခြင်းများ ဖြစ်စေနိုင်ပါသည်။ မိခင်နို့သည် သန့်ရှင်းစင်ကြယ်ပြီးရောဂါမှကာကွယ်ပေးပါတယ်။ မွေးစကလေး၏ အစာအိမ်မှာ သေးငယ်ပါတယ်။ ကလေးကိုရေတိုက်လျှင် အမှန်တကယ် လိုအပ်သော အာဟာရဖြစ်သည့် မိခင်အတွက် နေရာလျော့ပါးသွားပါသည်။

 

ဖြည့်စွက်သိစေလိုရင်းအချက်များ

-----------------------------------

 

မိခင်နို့တိုက်ကျွေးခြင်းဖြင့် မိခင်နှင့်ကလေးငယ်အကြား သံယောဇဉ်ပိုမိုဖြစ်ပါသည်။မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်နှင့်ကလေးငယ်အကြား ထူးခြားသောသံယောဇဉ်ကိုဖြစ်စေပါသည်။ ခြောက်လအရွယ်တွင် အာဟာရပြည့်ဝသော ဖြည့်စွက်အစားအစာများကိုအချိန်မီစတင် ကျွေးမွေးပါ။ကလေးသူငယ်အသက် ၂ နှစ် ပြည့်ပြီးနောက်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးသင့်ပါသည်။

 

 

Ref:

အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

(ရပ်ရွာအဆင့်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18