Print

မိခင်များအတွက် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးမျာ...

  30-Oct-2016
Preview Image

 

မိခင်၏ကျန်းမာရေးကို ကာကွယ်ပေးပါသည်။

• မွေးပြီးပြီးချင်း ကလေးသည် မိခင်နို့စိုခြင်းဖြင့် မိခင်အတွက် မွေးပြီးစသွေးသွန်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

• မိခင်နို့ထွက်စေရန် ဆောင်ရွက်သော ဟော်မုန်းကြောင့် မိခင်သားအိမ် ပုံမှန်အနေအထား သို့ ပြန်လည်ကျံုဝင်မှုကို ကူညီပါသည်။ မွေးဖွားပြီးသွေးလွန်မှုကို နည်းပါးစေပြီး သွေးအား နည်းရောဂါကို တားဆီးနိုင်ပါသည်။

• မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်တွင် မမျိုးဥကင်ဆာဖြစ်ခြင်း၊ ရင်ကင်ဆာ ဖြစ်ခြင်းတို့ကို လျော့နည်းကျဆင်းစေနိုင်ပါသည်။

 

ကလေးငယ် ပထမ ၆ လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ ကလေးဆာတိုင်း တိုက်ကျွေး ခြင်းသည် မိခင်ရာသီသွေးပေါ်ခြင်းကို နှောင့်နှေးစေပါသည်။နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင် ခြင်းကိုလည်း နှောင့်နှေးကြန့်ကြာစေနိုင်ပါသည်။နေ့ညအချိန်မရွေးအသင့်ရရှိနိုင်သဖြင့် ညအချိန်ကလေးနို့ဆာလျှင် ပင်ပန်းစွာထ၍ဖျော်စရာမလိုပါ။ထို့ကြောင့် အချိန်ကုန် ငွေကုန် သက်သာပါသည်။

 

Ref:

အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

(ရပ်ရွာအဆင့်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18