Print

ကလေးငယ်နှင့် အိပ်စက်မှုပြဿနာ

  02-Dec-2019
Preview Image

          အိပ်စက်တာဟာ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ သင်ယူဖို့အတွက် ပြန်လည်အားဖြည့်ပေးတာဖြစ်ပါတယ်။ ကလေးငယ်တစ်ယောက်က ညစဉ်ညတိုင်း အိပ်စက်ချိန်ဘယ်လောက်ယူသင့်လဲ၊ သူတို့အိပ်ရေးပျက်တာကြောင့် ခန္ဓာကိုယ်တွင်း ဘာတွေပြောင်းလဲမှုဖြစ်နိုင်လဲဆိုတာကို သင်သိပါရဲ့လား။


အိပ်ချိန်အပြည့်အဝရတဲ့ ကလေးတွေအနေနဲ့

·         ကျောင်းနေစဉ်အခါမှာ ကျောင်းမှာ အာရုံစူးစိုက်မှုအပြည့်အဝ ရရှိနိုင်ပါတယ်။

·         သင်ထားတဲ့စာတွေကို အလွယ်တကူမှတ်မိနိုင်ပါတယ်။

·         အားကစားလှုပ်ရှားမှုမှာ အမှတ်ကောင်းရနိုင်ပါတယ်။

·         ထိခိုက်ဒဏ်ရာရမှုမှ ရှောင်ရှားနိုင်ပါတယ်။

·         သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာနိုင်ပါတယ်။

·         စွမ်းအင်ပြည့်ပြီး အမြဲတမ်းလန်းဆန်းနိုင်ပါတယ်။

·         ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ရရှိနိုင်ပါတယ်။

·         အမှားနဲ့အမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ပြီး အမှန်ကိုသာ ရွေးချယ်နိုင်ပါတယ်။


တစ်ည ဒါမှမဟုတ် နှစ်ည အိပ်ရေးပျက်တဲ့ ကလေးငယ်တွေအနေနဲ့

·         သင်ထားတဲ့စားတွေကို မေ့လျော့သွားတတ်ပါတယ်။

·         ကျောင်းမှာ အာရုံစူးစိုက်မှုအားနည်းသွားနိုင်ပါတယ်။

·         အားကစားလှုပ်ရှားမှုတွေမှာ အမှတ်နည်းနိုင်ပါတယ်။

·         သူငယ်ချင်းတွေနဲ့ အငြင်းအခုန်တွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။

·         အမှားအမှန် မခွဲခြားနိုင်ဘဲ အမှားတွေကို ပြုလုပ်မိတတ်ပါတယ်။


အမြဲတမ်းအိပ်ရေးမဝတဲ့ ကလေးငယ်တွေအနေနဲ့

·         အမြဲတမ်းအားငယ်ဝမ်းနည်းနေတတ်ပါတယ်။

·         စိုးရိမ်စိတ်အမြဲတမ်းရှိနေတတ်ပါတယ်။

·         အဝလွန်နိုင်ပါတယ်။

·         မှားယွင်းတဲ့အပြုအမူတွေကို အမြဲတမ်းပြုလုပ်တတ်ပါတယ်။

·         ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးတို့ကို အသုံးပြုနိုင်ပါတယ်။


ကလေးတစ်ယောက်အတွက် အိပ်ချိန်ဘယ်လောက်လိုအပ်ပါသလဲ

·         အသက် ၆ - ၁၂ နှစ်အရွယ်အထိ အိပ်စက်ချိန် ၉ - ၁၂ နာရီ

·         အသက် ၁၃ - ၁၈ နှစ်အရွယ်အထိ အိပ်စက်ချိန် ၈ - ၁၀ နာရီ

Credit : ဒေါက်တာ ခင်မိုးမိုး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18