Print

ခြေဖနောင့်ကွဲပျောက်စေမည့် သဘာဝနည်းလမ်းများ

  14-Apr-2019
Preview Image

          ခြေဖနောင့်ကွဲလို့ တချို့ဆို ဖိနက်တောင် စီးရတာ နာတဲ့ပထိ ဖြစ်ကြပါတယ်။ ဖနောင့်ကွဲ သက်သာအောင် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးတွေကလဲ တစ်ပုံတစ်ပင်ပါပဲ။ အလွယ်ကုစားတဲ့နည်း ၁၀ နည်းလောက်ကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) သံပရာ Foot mask

          မျက်နှာလိမ်းတော့ Facial Mask ပေ့ါ။ ခြေထောက်ဆိုတော့ Foot Mask ပေါ့နော်။ ခြေထောက်တွေ နှစ်ပြီး စိမ်ထားဖို့ ရေတစ်ဇလုံလောက်ယူ။ အဲ့ဒီထဲကို ဆားကြမ်း၊ သံပရာရည်၊ ဂလစ်စရင်း၊ အလှဆီ၊ နှင်းဆီရည်တွေ ထည့်၊ ခြေထောက်တွေကို ၁၅ မိနစ်လောက် စိမ်ထားလိုက်ပါ။ ပြီးရင် ချေး (ဂျီး) တွန်းကျောက် သို့မဟုတ် ရေမြှုပ်ကျောက်ကို သုံးပြီး ခြေဖနောင့်နဲ့ ခြေထောက်ဘေးဘက်တွေကို ပွတ်တိုက်ပေးရပါမယ်။ ပြီးတော့ ဆေးဖော်မယ်နော်။ ရေမရောထားတဲ့ ဂလစ်စရင်း အလှဆီ  s tsp (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ နှင်းဆီရည် တစ်ဇွန်း၊ သံပုရည် ၁ ဇွန်း၊ အားလုံး ရောမွှေ၊ ပြီးရင် ကွဲနေတဲ့ ဖနောင့်နေရာကို လိမ်းပေးပါ။ လိမ်းဆေးဟာ စေးကပ်ကပ်အနှစ်ဖြစ်တာကြောင့် ခြေထောက်မှာ ရေအိတ်စွပ်ထားလို့ရပြီး တစ်ညလုံး ဝတ်ထားလို့ရပါတယ်။ မနက်ကျရင်တော့ ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပေါ့။ ဒီနည်းကို ခြေဖနောင့်ကွဲ ပျောက်ပြီး နူးညံ့ပျော့ပျောင်းလာတဲ့အထိ အကြိမ်ကြိမ် လုပ်ဆောင်ပေးပါနော်။

 

(၂) အသီးအရွက်အဆီ

          ခြေဖနောင့်ပေါ်က အသားအရေခြောက်သွေ့တာဟာလည်း ဖနောင့်ကွဲစေတဲ့ အကြောင်းတစ်ရပ်ဖြစ်ပါတယ်။ ခြေထောက်ကို ဆေးကြော၊ သန့်စင်၊ ခြောက်အောင် သုတ်ပေးပြီးရင် ခြေထောက်ပေါ်က ခြောက်သွေ့ပက်အက်နေတဲ့ အရေပြားနေရာတွေပေါ်မှာ အသီးအရွက်ဆီ တစ်မျိုးမျိုးကို ခပ်ပါးပါး သုတ်လိမ်းပေးပါ။ ပြီးရင် ခြေအိတ်ထူထူစွပ်ပြီး တစ်ညလုံး ဝတ်အိပ်လိုက်ပါ။ မနက်ရောက်ရင် ဆေးကြောလိုက်ပေါ့။ ဒါကို သက်သာတဲ့အထိ လုပ်ဆောင်သွားပါ။

 

(၃) ငှက်ပျောသီး ထောပတ်သီး

          ငှက်ပျော်သီးအမှည့်ရဲ့ အသားကိုယူပြီး ဖနောင့်နဲ့ ခြေထောက်ပေါ်က အက်ကွဲခြောက်သွေ့နေတဲ့ နေရာမှာ လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထား။ ပြီးရင် ဆေးကြောလိုက်ပေါ့။ နောက်တစ်နည်းကတော့ ငှက်ပျောသီးမှည့် တစ်လုံး ထောပတ်သီး အသားတစ်ခြမ်း၊ အုန်းသီးစိမ်း အသားတို့ကို biender ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့ အနှစ်တွေကို ခြေထောက်နဲ့ ဖနောင့်ပေါ်မှာ လိမ်းပေးတာပါပဲ။ ထောပတ်သီးနဲ့ အုန်းသီးတွေမှာလည်း Essential oil တွေ၊ ဗီတာမင်နဲ့ အဆီဓာတ်တွေ ပြည့်ဝနေတာကြောင့် ဒီအသုံးစုံ အနှစ်ဟာ ခြေဖနောင့်ကွဲတာကို သက်သာပျောက်ကင်းစေပါတယ်။

 

(၄) Vaseline နဲ့ သံပုရာရည်

          Petroleum jelly လို့လည်း သိကြတဲ့ Vaseline ဗက်ဆလင်း အဆီပျစ်နဲ့ သံပုရာရည်ကို သုံးပြီးတော့လည်း ခြေဖနောင့်ကွဲကို ကုသကြပါတယ်။ ဖနောင့်တွေကို ဆေးကြောပြီး ခြောက်အောင် သုတ်ထားပါ။ ပြီးရင် ရေနွေးနွေးထဲမှာ ခြေထောက်တွေကို ၁၅ မိနစ်လောက် စိမ်ထား။ ခပ်ဖွဖွဆေးကြော၊ ခြောက်တဲ့အထိ လက်နဲ့ ဖြည်းဖြည်းပုတ်ပေးပါ။ ဗက်ဆလင်း တစ်ဇွန်းနဲ့ သံပုရာရည်ကိုယူ။ ခြေဖနောင့်နဲ့ တခြားကွဲနေတဲ့နေရာတွေကို ပွတ်လိမ်းပေး။ အနှစ်တွေ အသားထဲ စိမ့်ဝင်သွားတဲ့အထိ လိမ်းပေးရမှာပါ။ ညအိပ်ရာမဝင်ခင် လိမ်းထားပြီး သုံးမွေးခြေအိတ် စွပ်ပြီးတော့ တစ်ညလုံး ဝတ်အိပ်လို့ရပါတယ်။

 

(၅) Paraffin Wax

          Paraffin ဆိုတဲ့ ရေနံကလုပ်တဲ့ ဖယောင်းခဲနဲ့လည်း အက်ကွဲနာကျင်နေတဲ့ ခြေဖနောင့်တွေကို ကုသလို့ရပါတယ်။ Paraffin wax ဖယောင်းသားကိုယူပြီး မုန့်ညင်းဆီ သို့မဟုတ် အုန်းဆီနဲ့ ဖယောင်းနဲ့ အဆီတွေ အရည်ပျော်အောင် အပူပေးရပါမယ်။ ပြီးရင် အခန်းအပူချိန်မှာပဲ အအေးခံထားပြီး အေးလာရင် ခြေဖနောင့်မှာ လိမ်းပေးလိုက်ပါ။ အိပ်ရာမဝင်လိမ်း၊ ပြီးရင် ခြေအိပ်စွပ်အိပ်။ မနက်ကျရင် ဆေးလိုက်တော့။

 

(၆) Honey ပျားရည်

          ခြေထောက်ကို ရေဓာတ်ဖြည့်ပေးဖို့နဲ့ ဗက်တီးရီးယား ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေက ပျားရည်မှာ ပါဝင်နေပါတယ်။ ပျားရည်တစ်ခွက်ကို ရေပုံးတစ်ဝက်လောက် ရေနွေးနွေးနဲ့ ရေစပ်လိုက်ပါ။ အဲဒီရေပုံးထဲမှာ ခြေထောက်တွေကို ၁၅ မိနစ်လောက် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ဖြည်းဖြည်းချင်း တိုက်ချွတ်ပေးလိုက်ပါ။

 

(၇) Rice Flour ဆန်မှုန့်

          ခြေဖနောင့်ကွဲ ကုဖို့အတွက် ဆန်မှုန့်ကို scrub လို သုံးပြီး ခြေထောက်ကို ပွတ်ပေးတဲ့နည်းလည်း ရှိပါတယ်။ ဆန်မှုန့်အကြမ်း နှစ်ဇွန်း သုံးဇွန်းလောက်ကို ပျားရည်နည်းနည်း Apple Cider Vinegar ပျားရည်အရက် ဗီနီဂါကိုရောပြီး အနှစ်ခပ်ပျစ်ပျစ် လုပ်ပေးရမှာပါ။ ခြေဖနောင့်တွေက အရမ်းကိုခြောက်သွေ့အက်ကွဲနေမယ် ဆိုရင်တော့ သံလွင်ဆီ (သို့) sweet almond အဆီတစ်ဇွန်းလောက် ထပ်ထည့်ပေးပါ။ ရေနွေးနွေးထဲမှာ ခြေထောက်ကို ၁၀ မိနစ်လောက် စိမ်ပေးပြီးရင်တော့ ဒီအနှစ်ကလေးကို ဖြည်းဖြည်းချင်း ပွတ်လိမ်းပေးပြီး ခြေထောက်မှာရှိတဲ့ အရေပြားအသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

 

(၈) သံလွင်ဆီ Olive Oil

          သံလွင်ဆီလေး နည်းနည်းလောက်ကို ဂွမ်းလေးနဲ့ယူပြီး ၁၀ မိနစ်လောက် ခြေထောက်ပေါ်ကို စက်ဝိုင်းလမ်းကြောင်းပုံစံ ဖြည်းဖြည်းချင်း နှိပ်နယ်ပေးရပါမယ်။ ခြေအိတ်ထူထူ ဝတ်ပေးပြီး တစ်နာရီလောက်ကြာပြီးရင်တော့ ဆေးကြောနိုင်ပါတယ်။ ပုလင်းလေး တစ်လုံးထဲမှာ သံလွင်ဆီတစ်ဇွန်း၊ သံပုရာအဆီ သို့မဟုတ် လာဗင်ဒါအဆီ အစက်ကလေးနည်းနည်းထည့်။ ရေလည်း အဲ့ဒီအနှစ်ကို ခြေထောက်မှာ လိမ်းပေးရပါမယ်။ ဒီ အိမ်လုပ် Foot cream ကို နေ့ဘက်သာမက တစ်ညလုံး လိမ်းထားနိုင်ပါတယ်။

 

(၉) ကွေကာ Oatmeal

          (နို့မှုန့်၊ သကြား မထည့်ထားတဲ့) ကွေကာအုပ် တစ်ဇွန်းစာကို ဂျိူဂျိူဘာ အဆီနဲ့ရောပြီး အနှစ်ခပ်ပျစ်ပျစ် လုပ်ထားပါ။ အဲ့ဒီအနှစ်ကို ခြေထောက်မှာ လိမ်းပေးရပါမယ်။ အထူးသဖြင့် ခြေဖနောင့်တွေနဲ့ တခြား အက်ကွဲနေတဲ့ နေရာတွေမှာ လိမ်းပေးပါ။ နာရီဝက်လောက် ထားပြီးရင်တော့ ရေအေးနဲ့ဆေးကြောပြီး ခြောက်အောင် လက်နဲ့ပုတ်ပေးပါ။

 

(၁၀) Sesame Oil နှမ်းဆီ

          နှမ်းဆီကို ခြေဖနောင့်မှာနဲ့ ခြောက်သွေ့အက်ကွဲနေတဲ့ နေရာတွေပေါ်ကို အိပ်ရာမဝင်ခင် ညတိုင်း လိမ်းပေးရမှာပါ။ နှမ်းဆီကို အသားထဲ စိမ့်ဝင်သွားတဲ့အထိ နှိပ်နယ်လိမ်းပေးသွားရမှာ ဖြစ်ပါတယ်။ ညတိုင်း လိမ်းပေးသွားရင် ခြေဖနောင့်ကွဲတာတွေ ပျောက်ပြီး စတိုင်လှလှနဲ့ ဖိနပ်စီး ရှိုးထုတ်နိုင်ကြပါပြီ။

 

Credit: စောနွဲ့နေဆိုင် - ပူတာအို

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18