Print

ထူးခြားပြီး တွေ့ရခဲသော ကြေက်ရွံ့ခြင်းစိတ်ရောဂါ များ (unicode version i...

  31-Oct-2016
Preview Image

Phobia ဆိုတဲ့ ကြောက်ရွံ့ခြင်းစိတ်ရောဂါ ဟာ စိတ်ထဲအကြောက်အရွံလွန်တဲ့ရောဂါတစ်မျိုးပါပဲ ။ အများသောအားဖြင့် အရာတစ်ခုခုကို ကြောက်ရွံ့လွန်တဲ့အခါမှာဖြစ်ပါတယ် ။ သာမန် ကြောက်တာ ၊ လန့်တာနဲ့မတူပါဘူး ။ ခံစားရသူ ဝေဒနာရှင် ဟာ သူကြောက်တဲ့အရာ(Social Problem တစ်ခုပဲဖြစ်ဖြစ် ၊ နေရာတစ်ခုခုပဲဖြစ်ဖြစ် ၊အကောင် အရာဝတ္ထုတစ်ခုခုဖြစ်ဖြစ်) ကို အန္တရာယ်ရှိရှိ မရှိရှိ အတတ်နိုင်ဆုံး ဝေးနိုင်သမျှဝေးဝေးရှောင် ပါတယ် ။ တကယ်လို့ မရှောင်ရှားနိုင်တဲ့တော့အခါကျလို့ရှိရင် စိတ်ဖိစီး မှု ဒဏ်ကို အလူးအလဲခံရတာလိုမျိုး လူမှုရေးပြသနာတွေ ဖြစ်လာတဲ့အထိ ဆိုးဝါးနိုင်ပါတယ် ။

Phobia အမျိုးမျိုးရှိပါတယ် ။ Arachnophobia ဆိုတဲ့ ပင့်ကူလို Arachnid တွေကိုကြောက်တဲ့ Phobia ၊ Katsaridaphobia ဆိုတဲ့ ပိုးဟပ်တွေကိုကြောက်တဲ့ Phobia ။ အဲ့ဒီနှစ်မျိုး ကတော့ ပတ်ဝန်းကျင်မှာ တွေ့ရအများဆုံးပါ ။ Acrophobia ဆိုရင် အမြင့်ကြောက်ရောဂါ ။ Astraphobia (မိုးကြီး လျှပ်စီးကြောက် ) ၊ Trypanophobia (ဆေးထိုးအပ်ကြောက်) တဲ့ရောဂါတွေလဲ တွေ့ရများပါတယ် ။ သင့်ပတ်ဝန်းကျင်မှာများ အဲ့လို တစ်ခုခုကို အသေအလဲကြောက်တဲ့လူရှိရင် ဒါသူတို့ ပိုပြနေတာမဟုတ်ပါဘူး ။ တကယ်ရောဂါတစ်ခုသဖွယ် ခံစားတာဖြစ် လို့ စတာ နောက်တာမျိုး ကို ရှောင်ရှားသင့်ပါတယ် ။ အရာရာတိုင်းကို Phobia ဖြစ်နိုင်ပါတယ် ။ အပေါ်ကပြောခဲ့တဲ့ Phobiaတွေဟာအတွေ့များရဆုံးတွေပါ ။ မထင်မှတ်ထားတဲ့အရာတွေကို လဲ ကြောက်ရွံ့တာမျိုးဖြစ်နိုင်ပါတယ် ။ အောက်မှာ ပြထားတာတွေ ကတော့ တွေ့ရအင်မတန်ခဲယဉ်း တဲ့ ကြောက်ရွံ့ခြင်းရောဂါတွေ ထဲက တစ်ချို့ပဲဖြစ်ပါတယ် ။

 

Healthcare.com.mm

 

Ref:

Thaw Zin Htun



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18