Print

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း သုံးစွဲခြင်း၏အကျိုး

  15-Dec-2018
Preview Image

တခါထည့်ထားရင် ၅နှစ်ခံတော့ ရေရှည်အတွက် အဆင်ပြေတယ်။ နေ့စဉ်ဆေးသောက်ရတဲ့ဒုက္ခတွေ မရှိတော့တဲ့အပြင် ဈေးနှုန်းလဲသက်သာပါတယ်။ သားသမီးလိုချင်ရင်လည်း အချိန်မရွေး ပြန်ထုတ်နိုင် ပါတယ်။ နို့တိုက်မိခင်တွေအတွက် အန္တရာယ်ကင်းစွာအသံုံးပြုနိုင်ပါတယ်။ နို့ထွက်လည်းမထိခိုက်နိုင်ပါဘူး။ ဟော်မုန်းဓာတ်မပါဝင်လို့ခေါင်းမူးခေါင်းကိုက်တာ ကိုယ်အလေးချိန် တိုးတာတွေ မဖြစ်နိုင်ပါဘူး။ ရာသီမှန်မှန်လာတတ်ပါတယ်။ ယခုလက်ရှိသုံးစွဲနေကြတဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း များဟာ ယခင်ကသုံးစွဲခဲ့တဲ့ သန္ဓေတားပစ္စည်း များနှင့်မတူပဲ များစွာသာလွန်ကောင်းမွန်ပြီး အန္တရာယ်ကင်းပါတယ်။ လိင်ဆက်ဆံရာမှာလည်း အနှောင့်အယှက် မရှိနိုင်ပါဘူး။

အချို့အမျိုးသမီးတွေ သားအိမ်အတွင်း သန္ဓေတားပစ္စည်း ထည့်ထားတဲ့အခါ ထည့်ကာစမှာ သွေးဆင်းများနိုင်ပါတယ်။ လအနည်းငယ်ကြာရင် ပြန်မှန်သွားတတ်ပါတယ်။ လိုအပ်ရင်လဲ အလွယ်တကူ ပြန်ထုတ်လို့ ရပါတယ်။ တစ်ချို့က အပြင်ကို ထွက်ကျသွားမှာစိုးပေမယ့် ဖြစ်ခဲပါတယ်။ သားအိမ်ဝ ကျယ်တဲ့ သူမှာ ရာသီလာတဲ့အခါ ညှစ်ထုတ်သလိုဖြစ်လို့ အပြင်ကို ထွက်ကျသွားတာပါ။ ကြောက်စရာမလိုပါ။ သူ့နေရာမှာ ရှိမရှိသိရအောင် ရာသီလာပြီးချိန်မှာ မိန်းမကိုယ်ထဲကကြိုးကို လစဉ်စမ်းကြည့်ရပါမယ်။ တချို့က ဗိုက်ထဲဝင်ပြီး ပျောက်သွားမှာကြောက်တယ်။ တချို့က သားအိမ်ထဲမှာ ကြာကြာထားရင် အနာဖြစ်မှာ ကပ်နေမှာ ကင်ဆာရောဂါ ဖြစ်မှာ ကြောက်ကြတယ်။ တကယ်တော့မဖြစ်နိုင်ပါ။ တချို့က ထည့်ထားရင်း မတော်တဆ ကိုယဝန်ရှိရင် ကလေးကိုထိခိုက်မှာ စိုးတယ်။ မထိခိုက်နိုင်ပါဘူး။ တချို့က လိင်ဆက်ဆံရာမှာ အနှောင့်အယှက် ဖြစ်မှာစိုးတယ်။ လုံးဝမဖြစ်ပါဘူး။

သားအိမ်တွင်း သန္ဓေတားပစ္စည်း ထည့်ရန်မသင့်သူများ
- ကလေးတစ်ဦးမှ မရသေးသူများ၊
- ရာသီသွေးဆင်း များလွန်းသူ၊
- သားအိမ်အနေအထား ပုံမမှန်သူ၊
- အနံ့နံသော ယားယံသောအဖြူဆင်းတတ်သူ၊
- ဆီးပူညောင်းကျရောဂါဖြစ်နေသူ၊
- သားအိမ်လည်တံတွင် ရောဂါရှိနေသူ၊
- သားအိမ်၊ သားဥပြွန်များယောင်ယမ်းသူ၊
- သားအိမ်အပြင်၊ သားဥပြွန်တွင် သန္ဓေတည်ဘူးသူ။

Ref:
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျနိးမာရေးဦးစီးဌာန

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18