Print

ကျန်းမာရေးနဲ့လည်း ကိုက်ညီ၊ ကိုယ်အလေးချိန်လည်း ပိုတိုးအောင် ဘာတွေလုပ်ဆေ...

  24-Sep-2019
Preview Image

ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားအတွက် အလေးချိန်တိုးလို့တစ်မျိုး၊ ပိန်သွယ်လွန်းတာကြောင့်တစ်ဖုံ စိတ်ညစ်နေရတဲ့သူတွေ အများကြီးပါ။ အထူးသဖြင့် အလှအပကို ခုံမင်နှစ်ခြိုက်ကြတဲ့ ပျိုမေတွေပေါ့။ အချိန်တိုင်းနီးပါး ဝိတ်ဘယ်လို ချရမလဲ၊ အဆီကျအောင် ဘယ်လိုလုပ်မလဲဆိုတာတွေချည်း ဖော်ပြဖြစ်နေတာမို့ ဒီတစ်ခါတော့ ကိုယ်အလေးချိန်တိုးဖို့ ကြိုးစားနေတဲ့ ပျိုမေတွေအတွက် ကျန်းမာရေးနဲကိုက်ညီစွာ အလေးချိန်တိုးအောင် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ ကျွမ်းကျင်ပညာရှင်ဖြစ်သူ Lisa Young (Ph.D.,R.D., author of The Portion Teller Plan)က ခုလို ဖြေကြားသွားခဲ့ပါတယ်။ စနစ်တကျ ကိုယ်အလေးချိန်တက်အောင် လုပ်ယူဖို့ဆိုရင် ခက်ပါတယ်။ အစားပိုစားပေးရုံနဲ့သာ ဆိုရင် ဗိုက်တင်းလာပြီး နှေးကွေးလေးလံဖို့သာ အဖတ်တင်ပါလိမ့်မယ်။ အဲဒါဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ ကိုယ်အလေးချိန် တက်လာအောင် လုပ်ယူဖို့ သင့်တော်မှန်ကန်တဲ့ နည်းလမ်း (၃) ခုရှိပါတယ်။

ပထမတစ်ချက်က အဆီဓာတ်များတဲ့ အစားအစားတွေ စားဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရော တက်စေတဲ့ဟာတွေ မဟုတ်ဘဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အဆီအက်စစ်များကိုသာ အဓိက စားသုံးပါ။ ထောပတ်နဲ့ အဆီဓာတ် အပြည့်ပါတဲ့ ဒိန်ချဉ်တွေကို နင်းကန် မစားလိုက်ပါနဲ့။ ပုံပျက်ပန်းပျက်နဲ့မတရားဝလာတာပဲ ဖြစ်စေပါလိမ့်မယ်။ ဒီ့အပြင် အဲဒီအဆီတွေက ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ အဲဒီအစား အခွံမာအသီးတွေကို များများပိုစားပြီး ဟင်းသီးဟင်းရွက်စိမ်းသုပ်တွေ ပေါင်မုန့်တွေမှာ သံလွင်ဆီကို ပိုသုံးပေးပြီး စားပေးဖို့ပါပဲ။ နောက်ရွေးချယ်စရာတစ်ခုက အချိုရည်၊ ဟင်းချိုများများသောက်ပေးပါ။ အချိုရည်ဆိုတဲ့အခါမှာ သစ်သီးဖျော်ရည်နဲ့ အခြားဟာတွေ သောက်ဖို့ပြောတာ မဟုတ်ပါဘူး။ ထမင်းစားတဲ့အခါ သီးစုံဟင်းချိုမျိုး အာဟာရဖြစ်တာကို များများသောက်ပေးဖို့ ပြောတာဖြစ်ပါတယ်။ ဖျော်ရည်ဆိုရင်တော့ လိမ္မာ်သီးဖျော်ရည်ရှောင်ပြီး အဲဒီအစား လိမ္မာ်သီးကိုပဲစားဖို့ အမြဲလိုလို အကြံပေးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့သူ့မှာ ကယ်လိုရီပိုနည်းတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် အလေးချိန်တက်ဖို့ ကြိုးစားမနေဘူးဆိုရင် ဗိုက်တင်းတယ်မရှိဘဲ ကယ်လိုရီပမာဏ ပိုတက်လာမှာဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ လေ့ကျင့်ခန်းကို အဆက်မပြတ်အောင် လုပ်ပေးပါ။ ဒါပေမယ့် သာမန်လုပ်နေကျထက် အလေးချိန်တိုးဖို့နဲ့ ခန္ဓာကိုယ်အတွက် အသားပေးဆောင်ရွက်ပါ"လို့ Young က အကြံပြုထားပါတယ်။

Credit : Trend Myanmar


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18