Print

ခွေးရူးအကိုက်ခံရပါက မည်သို့စတင်ဆောင်ရွက်နိုင်ရမည်နည်း

  25-Sep-2019
Preview Image

- နီးစပ်ရာဆေးခန်းသို့ အမြန်သွားပြပါ။
- ခွေးပါးစပ် (သို့) တံတွေးတွင် ခွေးရူးပိုးပါရှိနိုင်သည့်အတွက် ခွေးကိုက်ဒဏ်ရာမှ ခွေး၏ တံတွေးများများ ထွက်ခြင်းသည် ခွေးရူးပိုးများ ကိုယ်ခန္ဓာမှ များများထွက်ခြင်းနှင့် တူသောကြောင့် ရေများများဖြင့် အနာကိုညှစ်၍ အနာကို ၁၅ မိနစ်ခန့် ကြာကြာဆေးကြောပါ။
- ခွေးကိုက်ဒဏ်ရာကို ဆပ်ပြာသုံးပြီး ထပ်မံဆေးကြောပါ။
- အရက်ပြန် (သို့) ဆေးဝါရည် စသည့်ပိုးသတ်ဆေးများဖြင့် ထပ်မံလိမ်းပြီး အနာကို ပိတ်စဖြင့် အုပ်ထားပါ။
- ဒဏ်ရာကို အလျှင်စလို မချုပ်ပါနဲ့။ အရေးပေါ်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါက အရေးပေါ်ကာကွယ်ဆေးရည်ကို အနာပတ်လည်နဲ့ အောက်ခြေကို လုံလောက်စွာ ထိုးရမည်ဖြစ်ပါသည်။ အနာကို ချုပ်လိုက်ပါက အနာပတ်ပတ်လည်ကို ဆေးထိုးရန် ခက်ခဲသွားပါမည်။ သို့ကြောင့် အရေးပေးကာကွယ်ဆေးထိုးပြီး (၁) နာရီကြာမှသာ ချုပ်ပါ။

ကာကွယ်ဆေးထိုးခြင်း

ခွေးရူးပြန်ကာကွယ်ဆေးသာရှိပြီး ကုသရန် ဆေးမရှိခြင်းကြောင့် ကာကွယ်ဆေးကို အမြန်ထိုးမှသာ စိတ်ချရပါမည်။
- ခွေးရူးကာကွယ်ဆေး ထိုးရင်းဖြင့်သာ ခွေးရူး၊ မရူးကို(၁ဝ) ရက်စောင့်ကြည့်ပါ။
- မန်းမှုတ်ခြင်း၊ ဆေးမြီးတိုဖြင့် ကုသခြင်းကို လုံးဝရှောင်ကြဉ်ပါ။
- ခွေးကောင်းဆိုပြီး ပေါ့ပေါ့ဆဆမနေဘဲ ကာကွယ်ဆေးကို စောနိုင်သမျှ စောစောသိခြင်းသည် အသက်ချမ်းသာရာရနိုင်ပါသည်။

ကာကွယ်ဆေးတွင်လည်း (၂) မျိုးရှိပါသည်။
၁။ ပုံမှန်ကာကွယ်ဆေး (Rabies Vaccine)
၂။ အရေးပေါ်ကာကွယ်ဆေး (Immunoglobulin)

ခွေးရူးကိုက်ပါက ရိုးရိုးကာကွယ်ဆေးကို လက်မောင်းတွင် ထိုးပြီးအရေးပေါ်ကာကွယ်ဆေးကို ဒဏ်ရာပတ်လည်နဲ့ အောက်ခြေကို စောစောထိုးရန် လိုအပ်ပါသည်။

Credit : ဒေါက်တာမျိုးမင်း



သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18