Print

အလာဂျီဖြစ်ခြင်းာ

  22-Sep-2019
Preview Image

တချို့လူများသည် ပင်လယ်စာ စားပြီးသောအခါ (သို့) ဓာတ်မတည့်သည့်အစာများ စားပြီးသောအခါတွင် အလာဂျီဖြစ်လာတတ်သည်။ အလာဂျီဖြစ်ချိန်တွင် လူတစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာများ မတူညီတတ်ကြပေ။


ရောဂါလက္ခဏာ

          အရေပြားပေါ်တွင် အလာဂျီဟု သိသာထင်ရှားစေသော ရောဂါလက္ခဏာများစွာရှိပါသည်။ အလာဂျီဖြစ်ချိန်တွင် အရေပြားယားတတ်ခြင်း၊ အနီဖုထခြင်း၊ အရည်ကြည်ဖုထခြင်း၊ အနီကွက်ထခြင်း၊ အရည်ထွက်ခြင်းတို့ ဖြစ်တတ်သည်။ သာမန်အလာဂျီများသည် ဖြစ်ဖြစ်ချင်းအစတွင် အရေပြားယားယံခြင်းမပြင်းထန်ဘဲ ရက်ကြာသည်နှင့်အမျှ အရေပြားယားယံမှု အရှိန်နှုန်းတိုးလာတတ်သည်။


ဆရာဝန်ညွှန်ကြားချက်

          အလာဂျီဖြစ်နေချိန်တွင် အထူးသဖြင့် အစားအစာ စားသုံးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ရမည်။ အဆီဓာတ်၊ အပူဓာတ်မြင့်မားစွာပါသော အစာများကို မစားရ။ ဥပမာ - ငရုပ်ကောင်း၊ ငရုပ်သီး၊ ဆီကြော်များ၊ ကော်ဖီတို့ ရှောင်စားပါ။ Omega (အိုမီဂါ - ၃) ဓာတ် ပြည့်ဝအောင် စားသုံးပေးရမည်။ ဗီတာမင် C ၊ ဗီတာမင် E ပါသော ဟင်းရွက်စိမ်းများ စားပေးပါ။


          ဗီတာမင် C ဓာတ်ပါသော သစ်သီးများကိုလည်း စားပေးပါ။ ဥပမာ - သလဲသီး၊ သင်္ဘောသီး၊ ရှောက်ချိုသီး၊ သံပရာသီး။ အစာစားရာတွင် ချက်၊ ပေါင်း၊ ပြုတ် ထားသည့် အစာများကိုသာ စားသင့်သည်။ လက်လုပ်စာများကို လျှော့စားပါ။ ထိုအစာများထဲတွင် ပါသောပိုးများကြောင့် အလာဂျီပိုဖြစ်စေနိုင်သည်။


          အရေပြားပေါ်တွင် အလာဂျီဖြစ်နေပါက လက်ဖြင့်ကုတ်ခြင်း၊ ဆိတ်ခြင်း မလုပ်ရပါ။ အနာမဖြစ်စေရန်နှင့် မပေါက်ပြဲစေရန် ဂရုစိုက်ပါ။  အလာဂျီဖြစ်နေသည့် နေရာကို မျက်နှာသုတ်ပဝါကဲ့သို့ နူးညံ့သောအဝတ်ထဲတွင် ရေခဲတုံးတည့်၍ ထုပ်ကာ အလာဂျီပေါ်အုံပေးပါ။ နိုင်လွန်ပါသောအဝတ်များ အသုံးမပြုရ။ ချည်ထည်ကဲ့သို့ အဝတ်စကိုသာ သုံးသင့်သည်။


          အလာဂျီ ဖြစ်နေချိန်တွင် အမွေးပွ၊ နိုင်လွန်များနှင့် ချုပ်ထားသော အဝတ်များမဝတ်သင့်ပါ။ တစ်ကိုယ်ရေသန့်ရှင်းမှု ပုံမှန်ပြုလုပ်ပါ။ အရေပြားကို နေရောင်ခြည်မထိုးစေရန် တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ နေရောင်ထဲတွင်ပါသော ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်ကာ အလာဂျီပိုဖြစ်စေနိုင်သည်။


          ရေများများလုံလောက်အောင် သောက်ပေးပါ။ ရေသောက်ခြင်းဖြင့် အရေပြားတွင် ပျက်စီးသွားသည့် နေရာများတွင် အသစ်များ ဖြစ်ပေါ်လာစေရန်နှင့် အရေပြားစိုစွတ်မှုကို ကာကွယ်ရန် ကူညီပေးနိုင်သည်။


          အားကစားမှန်မှန်လုပ်ပေးခြင်းကြောင့်လည်း ဆဲလ်အတွင်း ရောဂါများအား ပျောက်စေ၍ အရေပြားအလာဂျီမဖြစ်စေရန်နှင့် ကောင်းမွန်စေရန် ပြုပြင်ပေးနိုင်သည်။


          အိပ်ရေးပျက်ခြင်း မဖြစ်စေရန်လည်း သတိထားပါ။ ဖိအားများ ရှိကလည်း ကျသွားစေရန် စိတ်ကို ပြုပြင်လိုက်ပါ။ ဖိအားများခြင်းသည် အလာဂျီရောဂါ ကာကွယ်သော အား ကျဆင်းနိုင်သည်။ ရောဂါလက္ခဏာပြင်းထန်လာပါက ဆရာဝန်ပြ၍ ဆရာဝန်ညွှန်ကြားထားသော ဆေးများကို သောက်ပါ။


လိုအပ်သောဓာတ်များ

          အလာဂျီဖြစ်နေသူများသည် ဗီတာမင် A ၊ ဗီတာမင် B3၊ ဗီတာမင် B5၊ ဗီတာမင် B12 ၊ ဗီတာမင် C ၊ ဗီတာမင် E ၊ EPA ၊ DHA ၊ ဇင့်ဓာတ်တို့ကို လိုအပ်ပါသည်။


စားသင့်သော အစာများ

          အလာဂျီဖြစ်နေသူများသည် ဆောလမွန်ငါး၊ မက်ကရယ်ငါး၊ ငါးသလောက်၊ ကြက်ဟင်းခါးသီး၊ သခွားသီး၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကန်စွန်းရွက် ၊ ပန်းပွင့်စိမ်း၊ ကြက်သွန်နီ၊ ပဲစိမ်း၊ နာနတ်သီး၊ လက်ဖက်စိမ်းတို့ စားသင့်ပါသည်။


မစားသင့်သော အစာများ

          အလာဂျီဖြစ်နေသူများသည် ပြောင်းဖူး၊ ပိန်းဥ၊ အာလူး၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ခရမ်းသီး၊ ငရုတ်သီး၊ ငှက်ပျောသီး၊ လိုင်ချီးသီး၊ သရက်သီး၊ သစ်တော်သီး၊ သင်္ဘောသီး၊ မက်မွန်သီး၊ ချယ်ရီသီး၊ စပျစ်သီး၊ ဖရဲသီး၊ ကီဝီသီး၊ သဖန်းသီး၊ ဂုံးကောင်၊ ပုဇွန်၊ ကဏန်း၊ နွားနို့၊ ဥအကာ၊ နို့ဆီ၊ ချောကလက်၊ နို့အေးချောင်း၊ ရေခဲခြစ်၊ ရေခဲမုန့်၊ မဆလာ၊ ကော်ဖီ၊ စည်သွပ်ဘူး၊ သစ်အယ်သီး၊ နို့ထွက်ပစ္စည်းများ၊ သီဟိုဠ်စေ့၊ မြေပဲတို့ မစားသင့်ပါ။

 

Credit : ယမုံအေး(စမ်းချောင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18