Print

ရေအိတ်ဘာကြောင့်ဖြစ်ရတာလဲ

  30-Oct-2016
Preview Image

ဖြစ်ရတဲ့ အကြောင်း ရင်းကို အတိအကျ မပြော နိုင်ပေမဲ့နေထိုင်စား သောက်မှု ပုံစံ ပြောင်းလဲ လာတာ၊စိတ်ဖိစီး မှုများ လာ တာ တွေနဲ့အဓိကသက် ဆိုင်တယ်၊ ဓာတုဆိုးဆေးမကင်း တဲ့ အစား အ သောက်တွေအစား များ လာ တယ်၊ အဲဒီဆိုးဆေး၊ ပလတ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံ ဆေးတွေထဲ မှာ xenon estrogen တွေ ပါလာတယ်၊ အဲဒါတွေ က အမျိုး သမီးတွေမှာသွားပြီး ဒုက္ခ ပေးတာ လို့ ပြော ပါတယ်။သည်လိုရေအိတ်တည်တာက မျိုးရိုးနဲ့လည်း သက်ဆိုင်သလို ခပ် ဝဝ ဗိုက်ခေါက် ထူထူအမျိုးသမီး တွေမှာ ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုတယ်။ မမျိုးဥအိမ် မှာ အ ဓိကဖြစ်တာက အလုံးအကျိတ်နှစ်မျိုး ရှိပါတယ်။ရေအိတ်တည်တာနဲ့ကင်ဆာဖြစ်တာပါ။သည်နေရာမှာ အရေးကြီးတာက screening test (ကြိုတင်စစ် ဆေးမှု) လည်း လုပ်လို့ မရသေးဘူး။ မမျိုးဥအိမ်ကင်ဆာက လက္ခဏာမပြ ပါ ဘူး။နောက်ကျ မှသိရတာများတာကြောင့် မမျိုးဥ အိမ်ကင်ဆာက ကြောက်စ ရာ ကောင်းတဲ့ ရောဂါတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။မမျိုးဥအိမ်မှာ ရေအိတ်တည် တာကလည်း လက္ခဏာမပြတတ်ဘူး။တခြားရောဂါ တစ်ခုခုကြောင့် သွားပြရင်း ဓာတ်မှန်ရိုက်မှ တွေ့တတ်တာမျိုးပါ။ရေအိတ်တည်တာ အမျိုးမျိုးရှိပါတယ်။

Demoid cyst ခေါ်တဲ့ ရေအိတ် တည် တာက အများ ဆုံး ဖြစ်တာ များပါ တယ်။ ၉၅ ရာခိုင်နှုန်းက ကင်ဆာ မ ဟုတ်ပါ ဘူး။PCOS လို့ ခေါ်တဲ့ မမျိုးဥအိမ်မှာ အရေကြည်အိတ် ၁၂ လုံးအထက်ရှိတဲ့ရောဂါက အသက် ၃၀ ဝန်း ကျင်အမျိုးသမီးတွေမှာ အဖြစ်များ တယ်၊ ကလေးမရ နိုင်တဲ့အ ကြောင်း ရင်းတွေ ထဲမှာ PCOS ကြောင့် က ၃၀ရာခိုင်နှုန်း လောက်သက်ဆိုင်တယ်၊ မမျိုးဥ အိမ်(PCOS)မှာ ရေအိတ် တည်တာကနောက်ဆက်တွဲ ပြသနာတွေအနေနဲ့ ရေရှည်မှာ ဆီးချို၊ သွေးတိုး ရောဂါ၊ သွေးတွင်း အဆီ များတာ၊ သားအိမ်

ကင်ဆာ ဖြစ်နိုင်ခြေနဲ့လဲဆက်စပ်နေတယ်လို့ ပြောပါတယ်။မမျိုးဥအိမ်မှာ ရေအိတ်တည် တာကသားဥကြွေတဲ့ အချိန်မှာ အ ဖြစ်များပါတယ်။ တချို့သူတွေမှာ ရေအိတ်ကြောင့် ပုံမှန်ရာသီမလာ ဘဲ နောက်ကျတာရှိသလို သွေး ဆင်းများတာတွေလည်း ဖြစ်လာ ပါတယ်။တချို့ကျတော့ ရေအိတ်ဖြစ် နေမှန်းကို မသိဘူး၊ ရေအိတ်က ကြီးပြီးတင်းလာမှ နာလာမှ၊ ပေါက် ထွက်သွားတာမျိုး၊အထဲမှာ လိမ်သွားပြီးနာလာမှ အရေးပေါ်ခွဲစိတ်ကုသရတာလဲ ရှိတယ်။ ရေအိတ်တည်သူတွေမှာ ဟော်မုန်းတွေ ပုံမမှန်ဖြစ်ပြီး ရာသီ မမှန်တာ၊ဝက်ခြံ ထွက်တာ၊မျက်နှာ မှာ အဆီတွေထွက်လာတာ၊အမွေး အမျှင်တွေ ထူလာတာ လည်း ရှိပါတယ်။ ဟော်မုန်း ပုံမမှန်ဖြစ်ရတဲ့ အ ကြောင်းရင်းများစွာထဲမှာ စိတ်ဝင်စားစရာက ဥပမာ- မွေးမြူရေး ဝက်တွေ စားသုံးတာနဲ့လည်း ဆက် စပ်နေတယ်လို့ ယူဆတယ်။မွေးုမြူ ရေးဝက်တွေကပုံမှန် တစ်နှစ် လောက် နဲ့ ကြီးထွားရမှာကိုအခု နောက်ပိုင်းခြောက်လနဲ့ အမြန်ကြီးထွားအာင် ဟော်မုန်းဆေးတွေ ကျွေးလာကြတယ်လို့ ဆိုတယ်။အဲသည်ဟော်မုန်းဓာတ် တွေက အမျိုးသမီးရဲ့ မမျိုးဥအိမ်မှာ ရေအိတ်တည်ဖို့ တွန်းအားပေးသလို ဖြစ်လာနိုင် တယ်လို့ ဆိုပါ တယ်။ရေအိတ်တည်တဲ့အခါ အမျိုး သမီးတွေကိုအာထရာဆောင်း ရိုက်တာ၊ဟော်မုန်း level စစ်တာတွေလုပ်ပြီး လိုအပ်ရင်သောက်ဆေးပေးတာ ပြုလုပ်ပါတယ်။ရေ အိတ်အရွယ်အစားက နှစ်စင်တီမီတာလောက်ဆို စောင့်ကြည့်တာ မျိုးရှိပေမဲ့ ငါးစင်တီမီတာအထက် ရှိနေမယ်။တဖြည်းဖြည်းနဲ့ ကြီး လာမယ်ဆိုရင် ခွဲစိတ်ပြီး ကုသ ရတယ် လို့ သိရတယ်။အခု နောက်ပိုင်း ဆေးရုံဆေးခန်းတွေ မှာ ဒီလိုမျိုး လူနာတွေအတွေ့ရများ လာတယ်၊အမျိုးသမီးတွေအနေနဲ့ နေထိုင်စားသောက်မှု ပုံစံကိုပြောင်းလဲရမယ်၊ စိတ်ဖိစီးမှု နည်းအောင်နေရမယ်၊ လေ့ကျင့်ခန်း ပုံမှန် လုပ်သင့်တယ်၊ကိုယ့်မှာ ရှိတဲ့ ကိုယ်အလေးချိန်ရဲ့ ငါးရာခိုင်နှုန်း လောက် ချဖို့ လို တယ်၊ အဝမလွန်စေနဲ့၊ နောက်ဓာတုဆိုးဆေး၊ပလတ်စတစ်၊ဟော်မုန်းဆေး၊ တာရှည်ခံဆေးတွေပါတဲ့ အစားအစာတွေ ကို တတ်နိုင်ရင် ရှောင်ရမယ်လို့ အ ကြံပြုပါတယ်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18