Print

ကြွက်သားမျက်ခြင်း၊ နာခြင်းနှင့် အဆစ်လွဲခြင်း

  30-Oct-2016
Preview Image

၁။ အနားယူပေးပါ။ ရေခဲအိတ်ကပ်ပေးပါ။ ဆွဲဆန့်နို်င်သော ပတ္တီးဖြင့် ဖိ၍စီးပါ။၄င်းပြုစုနည်းသည် အဖြစ်များသော ကြွက်သား၊ အရိုးအဆစ်များ၊ ထိခိုက်နာကျင်ပါက ပြုစုနိုင်သည့် နည်းလမ်းများဖြစ်သည်။

 

၂။ ဒဏ်ရာရသည့် အစိတ်အပိုင်းကို အနားပေးပါ။

မလှုပ်ရှားပါစေနှင့်၊ ဒဏ်ရာရသော အစိတ်အပိုင်းကို ဆွဲမဆန့်ပါနှင့်။

 

၃။ ဒဏ်ရာရသော အနေအထားအတိုင်း ရှ်ိနေပါစေ။

 

၄။ အအေးဓာတ်ပေးပါ။

 

၅။ မြှင့်ထားပေးပါ။ထပ်ပြီးနာကျင်မှုမရှိပါက ထိခိုက်မိသောနေရာကို မြှင့်ထားပေးပါ။

 

တစ်စုံတစ်ယောက် ကြွက်သားနာကျင်နေသည် (သို့) အဆစ်လွဲနေသည်ကိုမည်ကဲ့သို့သိနိုင်မည်နည်း။

ကြွက်သားနာကျင်ခြင်းနှင့် အဆစ်လွဲခြင်းဆိုသည်မှာ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုပုံမှန် မဟုတ်သော ရုတ်တရက်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော ယေဘုယထိခိုက်နာကျင်မှု များဖြစ် သည်။ ထိုသို့ဖြစ်ပါက အဆစ်နှင့် ကြွက်သားတစ်ဝိုက်တွင် နာကျင်ခြင်း၊ ယောင်ယမ်းခြင်း၊ (သို့) အတွင်းကြေ ဒဏ်ရာဖြစ်ပေါ်လာနိုင်သည်။ အဆစ်နေရာတွင် ထိခိုက်မိပါက လူနာသည် ခြေလက် အင်္ဂါများလှုပ်ရှားရန် ခက်ခဲနိုင်ပါသည်။

 

ရေခဲထုပ်နှင့် အအေးဓာတ်ဖြင့် ဖိနှိပ်ထားခြင်းတို့၏ ကွာခြားချက်ကိုဖော်ပြပါ။

ရေခဲထုပ်သည် ရေခဲ သို့မဟုတ် အေးခဲနေသော အဝတ်စ၊ မျက်နှာသုတ်ပုဝါကဲ့သို့ တစ်စုံ တစ်ခုဖြစ်ပါသည်။ ရေခဲနှင့်ရေခဲပတ်၏ ကွာခြားချက်တစ်ခုမှာ ရေအေးဖတ်သည် ရေခဲကိုအသုံးမပြုဘဲ ရေအေးထဲတွင်နှစ်ပြီး ရေညှစ်ထားသော အဝတ်စ၊ ပုဝါကဲ့သို့သော အရာတစ်ခုခုအား အသုံးပြုနိုင်ခြင်း ဖြစ်သည်။

 

ရေခဲမရှိလျှင် မည်သည်ကို အသုံးပြုနိုင်သနည်း။

ရေခဲမရှိပါက အေးနေသော အဝတ်စ၊ ပုဝါကို အသုံးပြုနိုင်ပါသည်။

 

ရေခဲထုပ်ကို ဒဏ်ရာပေါ်တွင် မည်မျှကြာအောင်ထားနိုင်သနည်း။

ရေခဲကို ထုပ်ထားသော ပုဝါက်ု ဒဏ်ရာပေါ်တွင် မိနစ် ၂၀ ထက်မပိုစေဘဲ ထားပေးနိုင်သည်။ ရေခဲသည် အလွန်အေးသောကြောင့် မည်သည့်အခါမှမျှ အရေပြားပေါ်တွင် တိုက်ရိုက်မကပ်ထားရပါ။ ရေဆွတ်ထားသော အဝတ်စခံပြီးမှ ရေခဲထုပ်ကိုတင်ပါ။

 

ဒဏ်ရာပေါ်တွင် ရေခဲကပ်ပြီးပါက မည်သည်ကို ဆက်လက်လုပ်ဆောင်ရမည်နည်း။

ဒဏ်ရာရသည့်နေရာကို မြင့်နေစေရန် တစ်ခုခုဖြင့် ခုထားပါ။ အခြေအနေ ပိုဆိုးလာပါက ပတ္တီးစည်းပေးပါ။ ပတ္တီးစည်းလျှင် အလွန်တင်းကျပ်စွာ မစည်းရပါ။ ပတ္တီးတင်းကျပ်မှုရှိမရှိ အခါအား လျှော်စွာ စစ်ဆေးပါ။

 

အဆစ်လဲံပါက RICE ဖြင့် ပြုစုနိုင်ပါသလား။

RICE သည် အဆစ်လွဲခြင်းကို ပြုစုပေးရန် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ RICE ၏ အဓိပ္ပာယ်မှာ Rest- ဒဏ်ရာအစိတ်အပိုင်းကို အနားပေးခြင်း၊ Ice ရေခဲတင်ပေးခြင်း၊ compress ဖိ၍ ပတ္တီးစည်းခြင်း၊ Elevate - မြှငါ့တင်ပေးခြင်း တို့ဖြစ်သည်။

 

အရေးပေါ်လူနာတင်ယာဉ် ခေါ်သင့်ပါသလား။

ကြွက်သားနာကျင်ခြင်းနှင့် အဆစ်လွဲခြင်း အများစုသည် အနားပေးရန်နှင့် အအေးဓာတ်ပေးရန် လိုအပ်ပါသည်။ ခြေလက်များလည်သွားခြင်း၊ နာကျင်မှုပြင်းထန်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်းတို့ ကြောင့် အရိုးကျိုးသွားသည်ဟု သံသယရှိပါက လူနာကို ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်သင့်ပါသည်။

ရေနွေးဖတ်တစ်လှည့် ရေအေးဖတ်တစ်လှည့် အသုံးပြုနိုင်သည်ဟု ကြားဖူးပါသည်။ ထိုအချက်မှာ မှားယွင်းပါသလား။

ရှေးဦးပြုစုနည်းတွင် ၄င်းတို့ကို တရားသေသတ်မှတ်မထားပါ။ ရေခဲသည် ဒဏ်ရာယောင်ယမ်း ခြင်းကို သက်သာစေရန်အတွက် အထိရောက်ဆုံး ဖြစ်ပါသည်။

 

ကြွက်သားနာကျင်ခြင်းနှင့် အဆစ်လွဲခြင်းတို့၏ ကွာခြားချက်ကိုဖော်ပြပါ။

ကြွက်သားနာကျင်ခြင်းဆိုသည်မှာ ကြွက်သားများထိခိုက်ခြင်းဖြစ်သည်။ အဆစ်လွဲခြင်းမှာ ဒူးခေါင်း၊ ခြေချင်းဝတ်၊ လက်ကောက်ဝတ်၊ တို့ကဲ့သို့သော အဆစ်အမြစ်များတွင် ထိခိုက်ခြင်းဖြစ်သည်။

 

Ref: မြန်မာနိုင်ငံကြက်ခြေနီအသင်း

22.10.2015

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18