Print

အရိုးကျိုးခြင်း

  30-Oct-2016
Preview Image

၁။ မလိုအပ်ဘဲ မလှုပ်ရှားစေရန် အဝတ်စ၊ ကူရှင်နှင့်လူနာလက် စသည်တို့ကို အသုံးပြုပြီး ငြိမ်အောင် ထိန်းထားပေးပါ။ ထိခိုက်ဒဏ်ရာကို ငြိမ်အောင်ထိန်းထားခြင်းသည်။ နာကျင်မှုကို သက်သာစေနိုင်ပြီး ဒဏ်ရာကို ပိုဆိုးခြင်းမှ ကာကွယ်နိုင်ပါသည်။

၂။ ပုံပန်းပျက်သည်အထိ ထိခိုက်ဒဏ်ရာရရှိပါက ပြင်းထန်စွာ နာကျင်မှုရှိမည်ဖြစ်သည်။ နီးစပ်ရာဆေး ရုံ၊ ဆေးပေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။

၃။ အကူအညီရသည်အထိ ထိခိုက်ဒဏ်ရာရရှိသည့် နေရာကို ငြိမ်အောင် ထိန်းထားပါ။

အရိုးကျိုးသွားသည်ဟု သင်မည်သို့ သိရှိနိုင်သနည်း။အရိုးကျိုးသွားပါက အညိုအမင်းစွဲခြင်း၊နာကျင်ခြင်း၊ ယောင်ယမ်းခြင်း၊ (သို့) ပုံမှန်မဟုတ်သော အနေအထားဖြင့်လည်း တွေ့နိုင်ပါသည်။ ဒဏ်ရာပြင်းထန်ပါက ခြေ၊ လက်များ ပုံသဏ္ဍာန်ပြောင်း လဲ ခြင်း၊ (သို့) အရိုးသည်ငေါထွက်နေပြီး အပွင့်ကျိုးခြင်းဖြစ်နိုင်ပါသည်။

 

အရိုးကျိုးခြင်းကို မည်ကဲ့သို့ ကိုင်တွယ်ပြုစုသင့်သနည်း။

 

မလိုအပ်ဘဲ မလှုပ်ရှားစေရန် ဒဏ်ရာကို နှုးညံသောအခုအခံ (ဥပမာ အဝတ်စ၊ စောင်)နှင့် ပတ် ထားပေးပါ။ အလွန်အမင်းဖိနှိပ်ထားခြင်းမပြုရပါ။ အကူအညီရောက်လာသည်အထိ ဆက်လက်ငြိမ် အောင် ထိန်းထားပါ။

 

လူနာက ဒဏ်ရာကိုကိုင်တွယ်ပြုစုခွင့်မပေးပါက မည်သို့ဆောင်ရွက်သင့်ပါသနည်း။

 

၄င်းကိုယ်တိုင် ဒဏ်ရာကို ငြိမ်သက်အောင် ကိုင်တွယ်ထားရန် တိုက်တွန်းပါ။ ဓာတ်မှန်ရိုက်ကြည့်ခြင်းကဲ့သို့ အတိအကျခန်းမှန်းနိုင်မည် မဟုတ်ပါ။ သံသယရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွင်ပြသတိုင်ပင်ပါ။ခြေလက်များ လှုပ်ရှားနိုင်ပြီး မတ်တပ်ရပ်နိုင်လျှင် အရိုးမကျိုးဘူးဟု ယူဆနိုင်ပါသလား။ အရိုးမကျိုးဟု အမြဲတမ်းမယူဆနိုင်ပါ။ အရိုးကျိုးနေသော်လည်းခြေလက်များလှုပ်ရှားနိုင် ကောင်း လှုပ်ရှားနိုင်ပါသည်း။ အရိုးကျိုး၊ မကျိုးသိရှိရန် စစ်ဆေးနိုင်ပါသည်။ ဒဏ်ရာနာကျင်မှုရှိပြီး ရောဂါလက္ခဏာများ မသက်သာပါကဆေးအကူအညီရယူပါ။

 

Ref: မြန်မာနိုင်ငံကြက်ခြေနီအသင်း

21.10.2015

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18