Print

သွေးကျစေသော အစားအစာများ

  17-Nov-2019
Preview Image

၁။ ကြက်သွန်ဖြူ

          ကြက်သွန်ဖြူသည် သွေးကိုကျစေနိုင်သည်။ သွေးတိုးရောဂါရှိသူများသည် နေ့စဉ်ကြက်သွန်ဖြူ နှစ်မြွှာ၊ သုံးမြွှာစားပေးသင့်သည်။ ကြက်သွန်ဖြူကို အစိမ်းစားပေးသင့်သည်။ ကြက်သွန်ဖြူ များများစားလေ သွေးကျလေဖြစ်သည်။


၂။ ကြက်သွန်နီ

          ကြက်သွန်နီသည်လည်း သွေးကျစေနိုင်သည့် သစ်ဖုတစ်မျိုးဖြစ်ပါသည်။ သွေးတိုးရောဂါရှိသူများ သွေးကျစေရန် ကြက်သွန်နီကို အစိမ်းစားသင့်သည်။


၃။ ဟင်းနုနယ်

          ဟင်းနုနယ်ထဲတွင် ပိုတက်စီယမ်ပါဝင်သောကြောင့် ဟင်းနုနယ်စားပေးလျင် သွေးကျစေနိုင်သည်။ ဟင်းနုနယ်သည် တက်နေသောသွေးဖိအားကို ထိန်းညှိပေးနိုင်သည်။ ဟင်းနုနယ်ကို မကြာခဏသုပ်စားပေးသင့်သည်။ ဟင်းနုနယ်သည် သွေးကိုကျစေရုံသာမက အခြားကောင်းကျိုးများကိုလည်း ပေးနိုင်သည်။ ဟင်းနုနယ်သည် ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မျက်နှာနီမြန်းခြင်း စသောရောဂါတို့ကိုလည်းကောင်း ကောင်းမွန်စေရန် ကုသပေးနိုင်သည်။ ဟင်းနုနယ်ကို ကျောက်တည်နေသူများ လုံးဝမစားသင့်ပါ။


၄။ ဘူးသီး

          ဘူးသီးသည်လည်း သွေးကျစေသော ဟင်းသီးဟင်းရွက်ထဲတွင် တစ်မျိုးပါဝင်သည်။ ဘူးသီးထဲတွင် ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် သွေးကျစေရန် ကူညီပေးနိုင်သည်။ ဘူးသီးကို သွေးတိုးရောဂါရှိသူများသည် ကြော်စားခြင်း၊ ချက်စားခြင်း၊ ဟင်းရည်အဖြစ်ပြုလုပ်ကာ စားပေးသင့်ပါသည်။


၅။ အာလူး

          အာလူးသည် သွေးတိုးရောဂါရှိသူများ စားပေးသင့်သော အစားအစာတစ်မျိုးဖြစ်သည်။ အာလူးထဲတွင် ပိုတက်စီယမ်ဓာတ် ပြည့်ဝစွာ ပါဝင်သောကြောင့် မကြာခဏစားပေးပါက သွေးကျစေနိုင်သည်။ အာလူးသည် နှလုံးရောဂါမဖြစ်စေရန်လည်း ကာကွယ်ပေးနိုင်သည်။

          အာလူးကို ချက်စားခြင်း၊ မီးဖုတ်စားခြင်းစသော ပုံစံနှစ်မျိုးဖြင့် စားပေးပါက အာလူးထဲတွင်ရှိသော အာဟာရဓာတ်များကို ပြည့်ဝစွာရရှိစေနိုင်သည်။ ၎င်းအပြင် ကျန်းမာစေနိုင်သည်။


၆။ တရုတ်နံနံ

          တရုတ်နံနံသည် သွေးကျစေနိုင်သည်။ တရုတ်နံနံကို ရေနွေးဆူဆူတွင် ခဏပြုတ်၍ ပြန်ဆယ်ထားပါ။ ထိုတရုတ်နံနံကို ပန်းသီးနှင့် ရော၍ ဖျော်ရည်လုပ်သောက်ပါက သွေးတိုးရောဂါ၊ နှလုံးရောဂါများအတွက် ကောင်းကျိုးများစွာ ပေးနိုင်ပါသည်။


၇။ ပြောင်းဖူး

          ပြောင်းဖူးကို စားပေးပါက ကိုလက်စထရောကို ကျစေနိုင်သည်။ သွေးဖိအားကို လျှော့ချပေးနိုင်သည်။ ပြောင်းဖူးကို ကြော်စား၊ ပြုတ်စားသင့်ပါသည်။


၈။ ကြာစေ့

          ကြာစေ့ စားပေးခြင်းဖြင့် စိတ်ကို တည်ငြိမ်စေနိုင်သည်။ သွေးတိုးရောဂါရှိသူများ ကြာစေ့ကို နေ့စဉ် စားပါက သွေးဖိအားကို ကျစေနိုင်သည်။


၉။ ကန်စွန်းဥ

          ကန်စွန်းဥထဲတွင် ပိုတက်စီယမ်ဓာတ် ပြည့်ဝစွာပါဝင်ပါသည်။ သွေးဖိအားကို ကျစေနိုင်သော အစားအစာတစ်မျိုးလည်းဖြစ်သည်။

          ကန်စွန်းဥစားပါက ကန်စွန်းဥအနီရောင်ကိုသာ စားပေးရန်သင့်လျော်ပါသည်။ ကန်စွန်းဥအနီကို ချက်စား၊ ပေါင်းစား၊ မီးဖုတ်စားပေးသင့်သည်။ ကန်စွန်းဥအနီဆန်ပြုတ် လုပ်စားပေးပါကလည်း သွေးကျစေနိုင်ပါသည်။


Credit : ယမုံအေး(စမ်းချောင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18