ကလေးငယ်များကိုယ်ပူခြင်း
04-Apr-2017ကလေးငယ်ရဲ့ သာမန်ကိုယ်အပူချိန်ဟာ ၃၆.၅ ဒီဂရီ စင်တီဂရိတ် မှ ၃၇.၅ ဒီဂရီ စင်တီဂရိတ် ( ၉၆.၈ မှ ၉၈ ဒီဂရီ ဖာရင်ဟိုက် ) အတွင်းမှာဖြစ်ပါတယ်။ ၃၇.၇ ဒီဂရီ စင်တီဂရိတ် (၁၀၀ ဒီဂရီ ဖာရင်ဟိုက်) နဲ့ အထက်ရှိလာရင် ကိုယ်ပူတယ်လို့ခေါ်ပါတယ်။ ကလေးရဲ့ ကိုယ်အပူချိန်ဟာ ကလေးရဲ့ လှုပ်ရှားမူ၊ ပြေးလွှားကစားမှုအခြေအနေပေါ်မှာလည်းမူတည်ပြီးပြောင်းလဲတက်ပါတယ်။
ကလေးများရဲ့ ဦးနှောက်မှာရှိတဲ့ ခန္ဓာကိုယ်အပူချိန်ထိန်းနေရာလေးဟာ လူကြီးများထက် လျင်မြန်စွာ အပူချိန်တက်ခြင်းကို ဖော်ပြနိုင်ပါတယ်။ ကလေးရဲ့ ကိုယ်အပူချိန်ကို မိနစ် ၂၀ လောက်ခြားပြီးတိုင်းကြည့်ရင် ကိုယ်အပူချိန်ပြောင်းလဲမှုရှိ မရှိ ၊ တကယ်ဖျား မဖျား ကို သိနိုင်ပါတယ်။
ကလေးငယ် နေထိုင်မကောင်းဘဲ ကိုယ်ပူလာတယ်ဆိုတာဟာ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာတဲ့ ရောဂါ ပိုးမွှားကို ခန္ဓာကိုယ်မှခုခံကာကွယ်ခြင်း၊ ကိုယ်ခံအားရဲ့ တန်ပြန်တိုက်ခိုက်ခြင်းလက္ခဏာတစ်ရပ်ဖြစ်သည်။ ကလေးငယ်ကိုယ်အပူချိန်မြင့်တက်လွန်းလာပြီဆိုရင် မအီမသာ ယောက်ယက်ခတ်ပြီး ဂျီကျတက်ပါတယ်။
ကလေးကိုယ်အပူချိန်ပုံမှန်ပြန်ရောက်ရအောင် လုပ်ပေးဖို ့ကလေးကိုအကျီႋအဝတ်အစားများကို ချွတ်ပေးပါ၊ စောင်မခြုံပါနဲ့၊ ချည်သားအဝတ်စလေးနဲ့သာပတ်ထားပေးပါ။ နာရီဝက်လောက်ကြာတဲ့အထိကိုယ်အပူချိန်မကျသေးပါက ရေဖတ်တိုက်ပေးဖို ့လိုပါတယ်။ ရေဖက်ကို ခေါင်းကနေ တစ်ကိုယ်လုံးနေရာအနှံ ့တိုက်ပေးရပါတယ်။
အကောင်းဆုံးကိုယ်အပူချိန်ချနည်းကတော့ ဆေးဝါးသုံးစွဲကာ ပြုစုပေးခြင်းဖြစ်ပါတယ်။ အကောင်းဆုံးနဲ့ အလွယ်ဆုံးရရှိနိုင်တဲ့ ဆေးဝါးကတော့ ပါရာစီတမောဆေးဖြစ်ပြီး ဆေးပြားသာမာဆေးရည် လည်းရှိမို ့ ကလေးများကို အလွယ်တကူ တိုက်ကျွေးနိုင်ပါတယ်။ သို ့သော် အကြောင်းရင်း မရှာ ဘဲ ၂ ရက်ထက်ပို ကြာနေပါက ဆရာဝန်နှင့် ပြသဖို့လိုအပ်ပါသည်။
Credit : ဒေါက်တာမာမာဆွေ