Print

ကျွန်မကလေးခေါင်းစောင်းနေလို့

  02-May-2017
Preview Image


ဘာကြောင့်ခေါင်းစောင်းတာလဲ?


       ဖြစ်ပွားရသည့်အဓိကအကြောင်းရင်းမှာ လည်ပင်းထောက်ကြွက်သား တိုနေသောကြောင့် ဖြစ်ပါတယ်။ လည်ပင်းထောက်ကြွက်သားဆိုသည်မှာ နားအနောက်မှစ၍ ညှပ်ရိုးကိုတွယ်ဆက်ထားသော လည်ပင်းတစ်ဖက်တစ်ချက်တွင်ရှိသည့် ကြွက်သားချောင်းကြီးဖြစ်သည်။ တိုနေသောဘက်မှ ကြွက်သားသည် ကလေးခေါင်းကို တိုနေသောဘက်သို ့ဆွဲချသလိုဖြစ်သွားသည်။ ထိုအခါ ခေါင်းစောင်းသွားသည်။


       ကြွက်သားဘာကြောင့်တိုသွားတာလဲ ဆိုတဲ့ တိကျတဲ့အကြောင်းရင်းကိုတော့ ကျွမ်းကျင်သူများက အခုချိန်ထိ အဖြေရှာဆဲဖြစ်သည်။ ကလေးမမွေးဖွားမှီ ဝမ်းဗိုက်တွင်းရှိစဉ်အခါက အနေအထား မမှန်ခြင်း၊ ညှပ်ဆွဲ၊ လေစုပ်မွေးရ၍ ထိခိုက်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ် ။ ထိခိုက်သွားသော ကြွက်သားတွင် အမာရွတ်ဖြစ်သွားပါက ခေါင်းစောင်းနိုင်ပါတယ်။မွေးရာပါခေါင်းစောင်းခြင်းကို ဖြစ်စေသော အခြားအကြောင်းရင်းများမှာ လည်ပင်းကျောရိုးဖွဲ ့စည်းပုံမမှန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။


ဘယ်လိုသိနိုင်မလဲ?

       မွေးရာပါဖြစ်သော်လည်း မွေးပြီးပြီးချင်းတွင် သတိမထားမိတတ်ပေ။ ကလေးဝမ်းလျားမှောက်ချိန်၊ ခေါင်းထောင်နိုင်သည့်အချိန်များမှ သတိထားမိတတ်ကြသည််။ ခေါင်းစောင်းနေခြင်း ( စောင်းသည့်ဘက်မှာ ညာဘက်ဖြစ်လျှင် ညာဘက်ရှိကြွက်သားတိုနေခြင်းဖြစ်သည်)။ ဒါအပြင် ကလေးခေါင်းမှာ အခြားကလေးများကဲ့သို ့လွတ်လွတ်လပ်လပ် မလှုပ်နိုင်ခြင်း၊ ကလေး၏လည်ပင်းတွင် အဖုစမ်းမိိတတ်ခြင်း တို ့ဖြစ်တတ်သည်။


ဘယ်လိုလုပ်ရမလဲ?

လည်ပင်းထောက်ကြွက်သားကို ဆွဲဆန် ့သည့် လေ့ကျင့်ခန်းလုပ်ပေးရမည်။ ကလေးကို ခေါင်းစောင်းသည့်ဘက်အခြမ်းကို လှည့်ကြည့်အောင် လုပ်ရမည်။


--ကလေးနို ့တိုက်သည့်အချိန်တွင် မေးစေ့ကိုကိုင်၍ နေရာမှန်ရောက်အောင်ပြန်လုုပ်ပေးရမည်။ ထပ်ခါထပ်ခါ လုပ်ပါ။


--ခေါင်းစောင်းနေသည့်ဘက်ကို လှည့်ကြည့်နိုင်အောင် ကလေးဆော့နေကျ ဂျောက်ဂျက်များဖြင့်  စောင်းနေသည့်ဘက် အနောက်နားမှ အသံပေးခြင်း၊ အမေမှ အသံပြုခြင်း တို ့ပြုလုပ်ပေးနိုင်ပါတယ်။ 


       ထိုသို ့လေ့ကျင့်ခန်းလုပ်ပေးတာတောင် လအနည်းငယ်ကြာသည့်အထိ ကလေးခေါင်းစောင်းတာ မသက်သာလျှင် ခွဲစိတ်ကုသရန်လိုအပ်၍ ကလေးခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်ပြသပါ။


Dr.Moon (7887 Healthcare Call Center)

Ref:Web MD



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18