Print

ကလေးဖွံ့ဖြိုးမှုအတွက်ရော ဘာတွေလုပ်သင့်ပါသလဲ။

  23-May-2017
Preview Image


ဖွံ့ဖြိုးမှုဆိုသည်က ကြီးထွားခြင်းနှင့် မတူ။ လုပ်တတ်လာခြင်း၊ နားလည်လာခြင်းဟု အလွယ်ပြောနိုင်သည်။ အသက်သုံးလအရွယ်ကလေးကို ခါးမတ်မတ်လေး ကိုင်ပေးလိုက်ပါက ခေါင်းလေးက သူ့ဟာသူ လိုက်ထောင်နိုင်လာသည်။ အသက်လေးလ ကလေးကို ကိုယ်နှင့်ခြေ မတ်မတ်လေးစားပွဲပေါ် ထောင်ကိုင်ထားပါက ခြေဖဝါးလေးနှင့် သူ့အလေးချိန်ကို သူစမ်းထိန်းကြည့်လာသည်။ မှောက်တတ်လာ၊ လှန်တတ်လာတာ သိပ်အရေးမပါလှ။ အသက်လေးလ ကလေးကို မှောက်ခုံလေး ချထားလျှင်တော့ ခေါင်းကလေးက မော့ကြည့်တတ်လာသည်။ 


 နှစ်လသား ကလေးကို ပစ္စည်းပြလျှင် ပထမတော့ စိုက်ကြည့်၊ လိုက်ကြည့်တတ်လာသည်။ နောက်တဖြည်းဖြည်းနှင့် လှမ်းပုတ်မည်။ လေးလသားလောက်ကျတော့ မမြဲတမြဲလှမ်းကိုင်တတ်လာသည်။ အဓိပ္ပာယ်ဖော်မရသော အသံကလေးများ တိုးချည်ကျယ်ချည် စမ်းအော်လာကြသည်။ မြှူပြလျှင်လည်း ပြန်ပြုံးပြ၊ ရယ်ပြတတ်ကြသည်။ ဒါတွေအားလုံးကို ဖွံ့ဖြိုးမှုဟုခေါ်ပါသည်။ ဒီဖြစ်သင့်တာလေးတွေ ဖြစ်မလာလျှင် နားလည်သည့် မိဘစိတ်ပူတတ်လာကြသည်။ တစ်ခါတလေတော့လည်း အရေးကြီးသလို တစ်ခါတလေအရေးမကြီးတာလည်း ရှိသည်။ ကျွမ်းကျင်သူနှင့် တိုင်ပင်လျှင်တော့ မမှားနိုင်။ ကျွမ်းကျင်သူဆိုတာက ကလေးခုနှစ်ယောက် မွေးခဲ့ဖူးသော အိမ်နားက အဒေါ်ကြီးမဟုတ်။ ကလေးပေါင်းမြောက်မြားစွာ စမ်းသပ်ဖူးသည့် ဆရာဝန်ကို ဆိုလိုပါသည်။


 မိဘများလုပ်ပေးနိုင်သည်ကတော့ သူ့ဟာသူ မမှောက်တတ်ခင်ကလေး ခေါင်းထောင်နိုင်ပြီ ဆိုကတည်းက ကလေးကို မှောက်ခုံကလေး မကြာခဏ ထားပေးပါ။ ဘယ်တော့စ၍ လှိမ့်ရမည်ကို သူတို့ဘာသာ ဆုံးဖြတ်ပါလိမ့်မည်။ ကလေးအသက်အရွယ်နှင့် လိုက်လျောညီထွေပြီး အန္တရာယ်ကင်းသည့် ကစားစရာလေးများ ပေးဆော့ထားပါ။ ကလေးနားလည်လည် မလည်လည်ကလေးကို စကားတစ်ချိန်လုံး ပြောနေပေးပါ။ ဒီဦးနှောက် သေးသေးလေးကို အထင်မသေးပါနှင့်။ အနည်းဆုံးတော့ စကားလုံးများကို လိုက်မှတ်တတ်နေပါပြီ။ ကျွန်မက သိပ်စကားနည်းတာဟု ဆင်ခြေပေးချင်သော မိဘများအတွက်ကတော့ ကလေးကိုစာအုပ်ဖတ်ပြနိုင်ပါသည်။


Credit:

ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18