Print

Jaundice (အသားဝါခြင်း)

  13-Jun-2017
Preview Image


အသားဝါ၊ မျက်လုံးဝါခြင်း ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းမှ ထွက်သည့် ရောင်ခြယ်ပစ္စည်း တစ်မျိုးဖြစ်သည့် bilirubin ပိုများလာပြီး တစ်ရူးများတွင်ပုံလာသည့်အတွက်ကြောင့်ဖြစ်သည်။


လက္ခဏာများ

- အရေပြား၊ မျက်လုံး နှင့် ခန္ဓာကိုယ်၏ မည်သည့်အမြှေးပါးတွင်မဆို ဝါလာခြင်း

- ဝမ်းအရောင်ဖျော့သွားခြင်း

- ဆီးအရောင်ပို၍ရင့်လာခြင်း

အထက်ပါလက္ခဏာများ ပေါ်ပေါက်လာပါက ခန္ဓာကိုယ်အတွင်းရှိလုပ်ငန်းဆောင်တာများပျက်ယွင်းနေပြီဖြစ်ပါသဖြင့် ဆရာဝန်နှင့်သွားရောက်ပြသင့်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ကိုယ်ခန္ဓာအတွင်းရှိ ထွက်နေသည့် ရောင်ခြယ်ပစ္စည်း bilirubin ကို သွေးထဲမှတဆင့် အသည်းတွင်ဖျက်ဆီးရပြီး ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ရသည်။ ထို လမ်းကြောင်းပုံမှန်အတိုင်းမဟုတ်ဘဲ ပျက်နေပါက Jaundice ဆိုသည့် ဝါလာခြင်း လက္ခဏာကိုခံစားရနိုင်ပါသည်။Bilirubin- Bilirubin ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိသွေးနီဥများပျက်စီးသည့် အခါထွက်လာပြီးသွေးထဲမှတဆင့် အသည်းတွင်ဖျက်စီးပြီး သည်းခြေအရည်မှတဆင့် ဝမ်းသွား၊ဆီးသွားရာတွင် ပါသွားသည်။


Types of Jaundice အမျိုးအစားများ

ဖြစ်စေသည့် အကြောင်းအရင်းများကိုမူတည်၍ သုံးမျိုးခွဲခြားနိုင်သည်။

* Prehepatic jaundice

- သွေးနီဥပေါက်ကွဲမှုများပြီး bilirubin အထွက်များလာသည့် အတွက်ကြောင့်ဖြစ်သည်။

- Malaria- ငှက်ဖျားရောဂါ

- Sickle cell anaemia- သွေးနီဥပုံမမှန်၍ပေါက်ကွဲလွယ်ခြင်း 

- Thalassaemia- သွေးရောဂါ

- Crigler-Najjar syndrome-မွေးရာပါ enzyme ချို့တဲ့သည့်အတွက် bilirubin ပုံခြင်း။

- Hereditary Spherocytosis - မွေးရာပါ သွေးနီဥပုံမမှန်၍ ပေါက်ကွဲလွယ်ပြီး bilirubin ပုံခြင်း။

* Intra-hepatic jaundice

- Bilirubin ကိုဖျက်ဆီးပေးမည့် အသည်းမကောင်းသည့် အတွက်ကြောင့် ရောဂါဖြစ်စေသည်။

- Viral hepatitisအသည်းရောင်အသားဝါရောဂါ

- Alcoholic liver dieseaseအရက်ကြောင့်ဖြစ်သောအသည်းရောဂါ

- Leptospirosis ကြွက်သေးကြောင့်ညစ်ညမ်းပြီးဖြစ်သော အသည်းရောဂါ

- Glandular fever – Epstein-Barr ဗိုင်းရပ်စ်ကြောင့်ဖြစ်သောရောဂါ

- Drug misuse-စိတ်ကြွဆေး ၊ အကိုက်အခဲပျောက်ဆေး ပါရာစီတမောအသောက်များခြင်း

- Primary biliary cirrhosis-

- Gilbert’s syndrome-မွေးရာပါ bilirubin မဖျက်ဆီးနိုင်သည့်ရောဂါ

- Hepatocellular carcinoma- အသည်းကင်ဆာ

- အသည်းထိခိုက်စေသည့် ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများပြီးအသည်းပျက်စီးခြင်း၊ဥပမာ-ပလပ်စတစ်လုပ်ငန်းတွင်အသုံးပြုသော phenol ကွန်ပေါင်း။

- Autoimmune hepatitis- ကိုယ်ပိုင်ခုခံအားပြန်တိုက်သော အသည်းရောင်ခြင်း

- Primary sclerosing cholangitis

- Dubin-Johnson syndrome

* Post-hepatic Jaundice

- Bilirubin စွန့်ပစ်မည့် သည်းခြေပြွှန်လမ်းကြောင်းပိတ်ပြီး သွေးတွင်းbilirubin ပုုံခြင်း

- သည်းခြေအိတ်ကျောက်တည်ခြင်း

- သရက်ရွက်ကင်ဆာ

- သည်းခြေအိတ်နှင့် သည်းခြေပြွန်ကင်ဆာ

- သရက်ရွက်ယောင်ယမ်းခြင်း


စစ်ဆေးမှုများ

- ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်း

- ဖြစ်စေသည့် အခြေခံရောဂါအရင်းအမြစ်အားရှာဖွေခြင်း

- ဆီးစစ်ခြင်း- ပုံမှန်ထက် Urobilinogen တက်မတက်စစ်ခြင်း

- Liver function test အသည်းပုံမှန်လုပ်ငန်းဆောင်တာကောင်းမကောင်း သွေးစစ်ခြင်း 

- Ultrasound scanတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း

- CT scan- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

- MRI scan- သံလိုက်ဓာတ်မှန်ရိုက်ခြင်း

- Liver biopsy- အသည်းအသားစယူခြင်း


ကုသခြင်း

ဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းကို ကုသခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။

လိုအပ်ပါက သွေးသွင်းခြင်း၊ ခွဲစိတ်ကုသခြင်း။


ကာကွယ်ခြင်း

Jaundice အသားဝါခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းတိုင်းကို ကာကွယ်၍မရပါ။

ကာကွယ်လို့ရသည့်အချက်များမှာ-

အရက်သတ်မှတ်ထားသည့် ပမာဏထက်ပို၍ မသောက်သုံးသင့်ပေ။

ကိုယ်အလေးချိန်ထိန်းခြင်း

အသည်းရောင်အသားဝါ ကာကွယ်ဆေးထိုးခြင်း။ ဘီပိုးကာကွယ်ဆေး။ အေပိုးကာကွယ်ဆေး

အသည်းရောင်စီပိုးမှာကာကွယ်ဆေးမရှိသေးသည့်အတွက် ကူးစက်မခံရအောင်ကာကွယ်ခြင်း၊


Healthcare.com.mm

Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18