ကလေးများ၏ ဖွံ့ဖြိုးမှုမှတ်တိုင်များ
07-May-2019(၁) နို့စို့တတ်မည်။ လက်ထည့်ကာ စုပ်မည်။
(၂) ပါးတစ်ဖက်အား လက်ဖြင့် ထိကြည့်ပါက ၎င်းလက်ဆီသို့ ဦးခေါင်း၊ ပါးစပ်က လှည့်လိုက်လာမည်။
(၃) ပက်လက်ထားစဉ် ကလေး သိပ်ထားသည့် ခုတင်၊ ကြမ်းပြင်၊ စားပွဲအား ပုတ်လိုက်ပါက ကလေး၏ လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းသို့ ရုတ်တရက် လန့်သကဲ့သို့ တုံ့ပြန်မည်။
ကလေးအသက်အရွယ်
လေးပတ် - စကားပြောကြည့်က ပြန်ဂရုစိုက်မည်။ ချီပါက အငိုရပ်မည်။ ကြည့်သူ၏ နောက် လိုက်ကြည့်တတ်မည်။
ရှစ်ပတ် - နီးကပ်သည့် အရာကို စူးစိုက်ကြည့်တတ်လာမည်။ အငိုသက်သာလာမည်။
သုံးလ - ဗူးမှုတ်တတ်လာမည်။ ကစားစရာကို လှမ်းယူတတ်မည်။ ဆုပ်ကိုင်တတ်လာသည်။
လေးလ - ကလေး
အစာစားတတ်လာမည်။ ပက်လက်လှန်ထားလျှင် မှောက်တတ်လာမည်။
ငါးလ - ကစားစရာများကို စုပ်တတ်မည်။ ထူးဆန်းသည်များကို ကောက်ဝါးနိုင်သည်။
ခြောက်လ
- အကူမပါဘဲ ထိုင်နိုင်လာမည်။ သူ့ခြေထောက်နှင့် ကစားတတ်လာမည်။ အသံလာရာ လှည့်ကြည့်မည်။
ခုနစ်လ -
သူ့ဘာသာသူ စားတတ်လာမည်။ ကစားစရာကို လှမ်းယူ ဆွဲယူတတ်လာမည်။
ရှစ်လ - ဝမ်းလျား
ထိုးတတ်လာမည်။ မဟုတ် မရှိဆိုသည့် စကားကို နားလည်လာမည်။ လိုက်ကြည့်တတ်လာသည်။ ပစ္စည်းကို
လက်တစ်ဖက်မှတစ်ဖက် ပြောင်းတတ်လာသည်။ ပါပါ၊ မာမာ ခေါ်တတ်လာသည်။
ကိုးလ - ဝမ်းလျားထိုး
ပို၍ ကျွမ်းကျင်လာမည်။
၁၀ လ - ကိုင်၍
မတ်တတ်ရပ်မည်။ ကဗျာလင်္ကာဆိုပြပါက အလိုက်သင့် အမူအယာ ပြလာမည်။ ဘိုင့်ဘိုင် လုပ်တတ်လာသည်။
အစားကို ပါးစပ်ထဲ ထည့်တတ်လာမည်။
၁၁ လ - စကားတစ်လုံးစ
နှစ်လုံးစ ပြောတတ်လာမည်။
၁၂ လ - ခြေတစ်လှမ်း
နှစ်လှမ်း လှမ်းတတ်လာမည်။
၁၃ လ - မတတ်
တတတ်၊ မခိုင့်တစ်ခိုင် သူ့ဘာသာသူ လမ်းလျှောက်မည်။ တချို့ကလေးတွေက ကိုးလမှာ စလျှောက်မည်။
တချို့က ၁၇ လအထိ နောက်ကျမည်။ ပျှမ်းမျှ ၁၄ လ ဖြစ်မည်။ အရာဝတ္ထုများကို စူးစမ်းတတ်လာမည်။
လက်အသုံးချတတ်မှု ပိုကျွမ်းကျင်လာမည်။ အသံနှစ်လုံး ဆိုတတ်လာသည်။ ငုံ့ကောက်တတ်လာသည်။
၁၄ လ - သက်သောင့်သက်သာရှိခြင်းကို
ပို၍ ခုံမင်တတ်လာမည်။ အစားအမာ စားတတ်လာမည်။ ခွက်နှင့်တိုက်သည်ကို သောက်တတ်လာမည်။ အတုခိုးတတ်လာသည်။
၁၅ လ - သူ့ပင်ကိုယ်
သဘာဝကလေးများ ပြလာမည်။ စကားပိုကြွယ်လာမည်။ အသံသုံးလုံး ပြောတတ်လာသည်။ မှန်ထဲက သူ့အရိပ်ကို
သူသိမည်။ နောက်ပြန် လျှောက်တတ်လာသည်။
၁၆ လ - သူ့ကိုယ်အင်္ဂါအမည်များကိုမေးလျှင်
ဖြေတတ်လာမည်။ ရယ်တတ်သည်။ စာအုပ်စာရွက်များ လှန်တတ်သည်။
၁၇ လ - အဝတ်အစား
ဝတ်တတ်၊ ချွတ်တတ်လာမည်။ အကူအညီဖြင့် သွားတိုက်တတ်လာမည်။ အသံ ခြောက်လုံးထိ ပြောတတ်လာသည်။
မြင်းရှပ်စီးတတ်သည်။ မျက်လှည့်ပြသည်မျိုးကို သဘောကျသည်။
၁၈ လ - ဘောလုံးကန်တတ်လာမည်။
ခလုတ် စသည်အား တွန်းခြင်း၊ လှည့်ခြင်း လုပ်တတ်မည်။ တေးဂီတဖြင့် ကတတ်လာမည်။
၁၉ လ - မှားပြော၊
မှားလုပ်ပြလျှင် မှားမှန်းသိလာမည်။ ဇွန်းခရင်းကိုင်တတ်လာသည်။ ပြေးတတ်လာသည်။ ဘောလုံးပစ်တတ်လာသည်။
၂၀ လ - လှေကားတက်တတ်လာမည်။
ပြေးတတ်လာမည်။ ကိုက်တတ်၊ တွန်းတတ်သည်။ ကြမ်းတမ်းတတ်လာသည်။
၂၁ လ - အိမ်အလုပ်များ
ကူတတ်လာမည်။ စားပွဲ၊ ကုလားထိုင် သူ့အလိုကျ ရွေ့တတ်လာမည်။
၂၂ လ - ဘယ်ရောညာပါ
လက်များ အနုစိတ်ကိုင်တတ်လာသည်။
၂၃ လ - စကားလုံး
သုံးလုံးပါ ဝါကျကို ပြောတတ်လာမည်။ ဆန့်ကျင်ဘက်ပြောလျှင် နားလည်လာမည်။ အခြားကလေးများနှင့်
တွဲကစားတတ်လာမည်။
၂၄ လ - သူ့အကြောင်း
သူပြောတတ်လာမည်။ သူမကြိုက်တာ ကြိုက်တာ ပြောတတ်လာမည်။ ဘာလို့လဲဆိုသည်များ မေးတတ်လာမည်။
Credit: ဒေါက်တာတင့်ဆွေ