Print

သွားပေါက်ချိန်နောက်ကျခြင်း

  17-Nov-2020
Preview Image

သွားပေါက်ချိန်နောက်ကျခြင်း

          ပုံမှန် သွားပေါက်ရမည့် အချိန်တွင် သွားပေါက်မလာခြင်းကို သွားပေါက်နောက်ကျခြင်းဟုခေါ်ပါသည်။ သို့သော် ပုံမှန်သွားပေါက်ချိန်ထက် ခြောက်လထိနောက်ကျနေခြင်းကိုတော့ ပုံမှန်ဖြစ်သည်ဟု ကျွန်မတို့ သွားဆရာဝန်များ ယူဆထားကြပါသည်။ ရှေ့သွားနှစ်ချောင်းများသည် ပုံမှန်အားဖြင့် အတူတကွ ပေါက်လာကြပါသည်။ ညဘက် လူကြီးသွားမှာ ကောင်းစွာပေါက်လာပြီး ဘယ်ဘက် လူကြီးသွားမှာ တစ်လ သို့မဟုတ် နှစ်လအထိ နောက်ကျနေခဲ့မည်ဆိုလျှင် မိဘများအတွက် စိုးရိမ်မှုများစွာ ဖြစ်စေပါသည်။ တစ်ခါတစ်ရံတွင် ကလေးသွား စောစီးစွာကျိုးသွားခြင်းကြောင့် လူကြီးသွားမှာ တစ်နှစ် သို့မဟုတ် နှစ်နှစ်ထိကြာအောင် နောက်ကျနေတာမျိုးလည်း ရှိတတ်ကြပါသည်။

          သွားပေါက်နောက်ကျခြင်းကို ဖြစ်စေသည့် ယေဘုယျ အကြောင်းရင်းများမှာ မျက်နှာပြားပြား မျက်လုံးပိတ်ပိတ် ဦးနှောက်မမှန်ဘဲ မွေးဖွားလာခြင်း၊ Down’s syndrome၊ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားစေသည့် ဟော်မုန်းချို့တဲ့ခြင်းနှင့် အရိုးထူနေခြင်းတို့ ဖြစ်ပါသည်။ စိတ်ကျန်းမာရေးနှင့် သက်ဆိုင်သော နှောင့်နှေးခြင်းများ Mental Retardation၊ ဇီဝကမ္မဗေဒဆိုင်ရာ နောက်ကျခြင်းများကြောင့်လည်း ဖြစ်စေပါသည်။

          အခြားသော အကြောင်းအရာများမှာ သွားအပိုများ ပါလာခြင်း၊ လူကြီးသွားထွက်မည့်နေရာတွင် ဒဏ်ရာမတော်တဆရမိခြင်း၊ မွေးရာပါ လူကြီးသွားပါမလာခြင်း စသည်တို့ကြောင့်ဖြစ်ပါသည်။

          ထို့ကြောင့် မိဘများသည် မိမိတို့၏ ကလေးငယ်သွားလဲသည့်အချိန်၊ လူကြီးသွားပေါက်ချိန်တို့ကို မှတ်သားထားကာ စောင့်ကြည့်ပေးနေရပါမည်။ သွားပေါက်ချိန်နောက်ကျနေသည်ကို သတိထားတွေ့ရှိမိလျှင်လည်း သွားဆရာဝန်ထံသို့ ပုံမှန်လာရောက်ပြသပေးရပါမည်။

Credit : ဒေါက်တာ နေနွယ်သန်း 



Related Articles


Advertisment 18