အသက်အရွယ်အလိုက် ထမင်းနှင့် ဖြည့်စွက်စာကျွေးပုံ နမူနာ
30-Oct-2016
၆ လ = ဇွန်းနှင့် ချေထားသောထမင်း၊ ဆန်ပြုတ်၊ ဇွန်းနှင့်ချေထားသော ငှက်ပျောသီးမှည့်၊ သင်္ဘောသီးမှည့်။
၇ လ = ထမင်း၊ နူးအောင်ချက်ထားသော အသား၊ ငါး၊ ပဲနှင့်ဟင်းရွက်များ၊ ဥအနှစ်၊ သစ်သီးမှည့်များ (အစာအားလုံးကို ကြေအောင်ချေပြီးမှ ကျွေးပါ)
၈-၉ လ = ထမင်းပျော့ပျော၊ အသား၊ ငါးအတုံးသေးသေး၊ သစ်သီးမှည့်အတုံးသေးသေး၊ ဟင်းသီးဟင်းရွက်များကို နုတ်နုတ်စဉ်း၍ ကျွေးပါ။
၁၀-၁၁လ = ထမင်းပျော့ပျော၊ အသား၊ ဥအမျိုးမျိုး၊ ပဲ၊ အသီးအရွက်မျိုးစုံ ကျွေးပါ။
၁၂ လ = အပူ၊ အစပ်၊ အခါး၊ နှင့် ငန်လွန်းသော အစာများမှလွဲ၍ လူကြီးများ စားသည့်အတိုင်း ကျွေးနို်င်သည်။
ဖြည့်စွက်စာကျွေးရင်း မိခင်နို့ကို ကလေး၏ အသက် ၂ နှစ်အရွယ်အထိ ဆက်၍တိုက်ပါ။
Healthcare.com.mm
Ref:
Unicef၊ အာဟာရမျှတ၍ ကျန်းမာစေရန် စားသောက်နည်းလမ်းညွန်