ဂျိုးလေးနှင့် ဆော့ဆော့နေတတ်သည့် ကလေး
24-Feb-2017ကိုယ့်အိမ်က ကလေးလေးတွေ ဂျိုးလေးနဲ့ ဆော့နေလို့ ဆူဖူးပါသလား....
ဆော့ပါစေ....
သူခန္ဓာကိုယ်ကို သူလေ့လာစူးစမ်းနေတာပါ။ ယောကျာ်းလေးတွေမှလုပ်တတ်သည် မထင်ပါနှင့်။မိန်းကလေး တွေလည်း သူတို့လျှိုဝှက် ချက်လေးကိုသူတို ဆော့နေတတ်ပါသည်။ လူကြားထဲမှာ ကိုယ့်ကလေးလေး လုပ်ရင်တော့ သူသူကိုယ်ကိုယ် ရှက်ကြမည်ပေါ့။ဒါနဲ့ဘဲ ကိုယ့်ကလေးကို အပြင်ခေါ်မသွားဝံ့သူတွေ လည်းရှိကြသည်။ ကလေးက နားလည်တဲ့ အရွယ်ရောက်သည်အထိ လုပ်နေလျှင် ကလေးကို ညင်ညင်သာသာ ရှင်းပြပါ။ သူ့အခန်းထဲမှာ သူ့ဘာသာသူလုပ်လျှင် ပြဿ နာမရှိကြောင်း လက်ခံကြောင်းနှင့် လူကြားထဲတွင်တော့ မလုပ်သင့်ကြောင်း ပြောပြပေးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: ပါမောက္ခရဲမြင့်ကျော်