ဖျားနေသောကလေးနှင့် အစာကျွေးခြင်း
24-Feb-2017
ဖျားနေသော ကလေးများ ခံတွင်းမပျက်ဘဲ အစာစားလိုသော စိတ်ဆန္ဒရှိလျှင် ပုံမှန်စားနေကျထက် ဟင်းများကို ကျွေးနိုင်ပါတယ်။ နှစ်ခါစားနေကျဖြစ်၍ သုံးလေးကြိမ် ခွဲပြီး ကျွေးနိုင်ပါတယ်။ ဖျားနေတဲ့အတွက် အဖျားထပ်မတက်ရန် ပုံမှန် ထမင်း၊ ဟင်းကျွေးခြင်းကို ရှောင်ရှားရန် မသင့်ပါ။ အစာမကျွေးတဲ့အတွက် ကလေးများ အာဟာရချို့တဲ့မှု ဖြစ်စေပါတယ်။
အဖျားပျောက်ပြီးသော ကလေးကိုလည်း အာဟာရပြည့်ဝစေရန်အတွက် အစားအစာကို နောက်တစ်ကြိမ် ပို၍ကျွေးရန် လိုအပ်ပါတယ်။ ဖျားနေသော ကလေးများ ရောင်ရမ်းဖျားရောဂါဖြစ်လျှင်တော့ အစားရှောင်ရန် လိုအပ်ပါတယ်။ ခဏခဏအန်သောကလေး၊ ခံတွင်းပျက်သော ကလေးများကိုတော့ အစာကြေလွယ်သော အစာများကျွေးရန် လိုအပ်ပါတယ်။ ဒါကြောင့် မိဘတွေ ကလေးကျန်းမာရေးအတွက် အမှတ်မှားနေတဲ့ အမှားတွေကို ပြင်စေချင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာအေးသောင်း
(ကလေးအထူးကု သမားတော်ကြီး)
Health for all magazine, No.110, March 2016, Pg. 8
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

