Print

ကလေးတွေ သန်ချသင့်ပါသလား

  13-Apr-2017
Preview Image

ခေါင်းစဉ်မေးခွန်းကို ဖြေရမယ်ဆိုရင် ဟုတ်ကဲ့ ကလေးတွေမှာ သန်ချကိုချသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးဆိုတဲ့သဘောသဘာဝကိုက မြေကြီးတွေ ဖုန်မှုန့်တွေနဲ့ဆော့ကစားလေ့ရှိပြီး လက်ကိုစင်ကြယ်စွာမဆေးကြောတဲ့အခါ ကပ်ပါလာတဲ့ သန်ဥများလက်မှတစ်ဆင့် ပါးစပ်ထဲရောက်နိုင်ပြီး သန်ကောင်များပေါက်လာနိုင်တယ်။ ဒါကြောင့် အနည်းဆုံးတစ်နှစ်တစ်ခါ (သို့မဟုတ်) ခြောက်လတစ်ခါ ကလေးတွေကို (လူကြီတွေလည်းတူတူပါပဲ) သန်ချသင့်ပါတယ်။ သန်ရှိနေပြီဆိုရင် ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ 


- အစာမစားချင်ခြင်း 

- အစားစားလျက်နှင့် ပိန်နေခြင်း 

- ခန္ဓာကိုယ် ယားယံခြင်း ၊ အထူးသဖြင့် (စအိုနှင့် မိန်းမကိုယ်တစ်ဝိုက်နား)

- ညအိပ်လျှင် ကောင်းကောင်းအိ်ပ်မပျော်ခြင်း (ဂျီကျနေခြင်း)

- အချိန်ကြာလျှင် သန်ကောင်များ ခန္ဓာကိုယ်အဂါင်္များတွင်ပိတ်ခြင်း ၊ သွေးအားနည်းခြင်းတို့ဖြစ်တတ်သည် ။


ကလေးငယ်များ သန်ကောင်အန္တရာယ် ကင်းဝေးစေရန်

- တစ်ကိုယ်ရေသန့်ရှင်းမှုအထူးသဖြင့် လက်စင်ကြယ်စွာဆေးခြင်း၊ လက်သည်းရှည်မထားစေခြင်း

- ဖိနပ်မစီးဘဲသွားလာခြင်းကို ဂရုပြုပေးခြင်း ၊ရှောင်ကြဉ်ခြင်း 

- ဝက်သားအမဲသား အသားများစားသုံးလျှင် မကျက်တကျက်စားသုံးခြင်းကို ရှောင်ကြဉ်ခြင်း

- အသီးအရွက်များကိုလည်း မချက်ပြုတ်ခင် စင်ကြယ်စွာဆေးကြောခြင်း တို့ပြုပေးသင့်ပါသည် ။


Credit to _ Dr.Juan AK




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18