ဦးနှောက်ဖွ့ံဖြိုးမှုနှေးကွေးသောရောဂါ(Cerebral Palsy=CP)
20-Jun-2017အကျဉ်းရှင်းလင်းချက်
-CP ခေါ် ဦးနှောက်ဖွံ့ဖြိုးမှုနောက်ကျသော ရောဂါသည် များသောအားဖြင့် မမွေးဖွားမီ ဖွံ့ဖြိုးနေသော ဦးနှောက်အား အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မိသောကြောင့်ဖြစ်သည်။
-ထိုအခါကလေးငယ်တွင် လှုပ်ရှားမှုများ၊ ကြွက်သားများ နှင့် ကိုယ်ခန္ဓာအနေအထားတို့တွင် မူမမှန်မှုများ ဖြစ်လာသည်။
-ရောဂါလက္ခဏာများသည် ၁နှစ်အောက်နှင့် ကျောင်းကြိုအရွယ်မှစပြီးပေါ်လာတတ်သည်။
-ဉာဏ်ရည်မမှီခြင်း၊ မူမမှန်လှုပ်ရှားမှုများ၊ ပျော့ခွေခြင်း သို့မဟုတ် ခြေလက်များတောင့်တင်းခြင်း၊ ကိုယ်ခန္ဓာအနေအထားမူမမှန်ခြင်း တို့အပြင် အတက်ရောဂါ၊ မျက်စ်ိမမြင်ခြင်း၊ နားမကြားခြင်း၊ အစာမမြိုနိုင်ခြင်း တို့နှင့်တွဲပြီးဖြစ်နိုင်သည်။
လက္ခဏာများ
၁။ကြွက်သားများပျော့ခွေခြင်း သို့မဟုတ် တောင့်တင်းခြင်း
၂။ကြွက်သားများတောင့်တင်း၍ တုံ့ပြန်မှု မြန်ဆန်ပြင်းထန်ခြင်း
၃။တုံ့ပြန်မှုမှာ ပုံမှန်ဖြစ်သော်လည်း ကြွက်သားများတောင့်တင်းနေခြင်း
၄။တုန်ယင်ခြင်း နှင့် မူမမှန်လှုပ်ရှားမှုများ-
၅။ထိုင်ရမည့်အရွယ်၊ လေးဘက်သွားရမည့်အရွယ် များတွင် အခြားကလေးများနည်းတူမဖွ့ံဖြိုးခြင်း
၆။ခန္ဓာကိုယ်၏ တစ်ဖက်တည်းကိုသာအသုံးပြု၍ လှုပ်ရှားသွားလာခြင်း(ဥပမာ- ခြေထောက်တစ်ချောင်းကို တရွတ်ဆွဲသွားခြင်း၊ လက်တစ်ဖက်ဖြင့်သာလှုပ်ရှားခြင်း)
၇။လမ်းလျှောက်သည့်အခါ မူမမှန်ခြင်း (ခြေဖျားထောက်လျှောက်ခြင်း၊ ခြေထောက်များမှာကတ်ကြေး ပုံသဏ္ဍန်ကဲ့သို့ တစ်ချောင်းနှင့်တစ်ချောင်းယှက်နေခြင်း)
၈။မျိုချရခက်ခဲသောကြောင့် နို့ကောင်းကောင်းမစို့ုခြင်း ၊ အစားကောင်းကောင်းမစားနိုင်ခြင်း
၉။သရေကျခြင်း
၁၀။စကားပြောနောက်ကျခြင်း
၁၁။တိကျသော လှုပ်ရှားမှု မလုပ်နိုင်ခြင်း(ဥပမာ ဇွန်း နှင့် အခြားသေးငယ်သောပစ္စည်းများကို မကောက်နိုင်ခြင်း)
၁၂။တက်ခြင်း
ဦးနှောက်နှင့်အာရုံကြောချို့ယွင်းမှုကြောင့်တွေ့ရမည့် လက္ခဏာများမှာ
၁။အမြင်နှင့် အကြားအာရုံထိခိုက်ခြင်း
၂။စာသင်၍မရခြင်း
၃။တက်ခြင်း
၄။အထိအတွေ့အာရုံ ချို့တည့်ခြင်း
၅။ပါးစပ်တွင် အနာပေါက်ခြင်း
၆။စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်း
၇။ဆီးမထိန်းနိုင်ခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
CP ရောဂါသည် ကလေးမမွေးခင် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း နှင့်ပုံမမှန်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသောအကြောင််းအရာများမှာ
(၁) မျိုးရိုးဗီဇချို့ယွင်းပြောင်းလဲမှုများ
(၂)ကိုယ်ဝန်ဆောင်နေစဉ် မိခင်အားရောဂါပိုးကူးစက်ခံရခြင်း
(၃)သန္ဓေသား၏ ဦးနှောက်သို့ သွေးရောက်ရှိမှုနည်းသည့် အခြေအနေများ(ဥပမာ မိခင်တွင်ကိုယ်ဝန်ဆိပ်တက်ခြင်း၊သွေးတိုးရာဂါရှိခြင်း၊ ချော်လဲကျခြင်း၊ကလေးအချင်းအနေအထားမမှန်ုခြင်း)--
(၄)မွေးကင်းစအရွယ်တွင်ရောဂါပိုးကူးစက်ခံရခြင်း၊ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း
(၅) မွေးဖွားရခက်ခဲခြင်း ၊မွေးဖွားချိန်ကြာမြင့်ခြင်း စသည်တို့ကြောင့် ကလေး၏ဦးနှောက်အတွင်း အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်ခြင်း
ဖြစ်နိုင်ချေများသူများ
(၁)မိခင်နှင့်သက်ဆိုင်သည့်အခြေအနေများ
၁။ကိုယ်ဝန်ဆောင်စဉ် ဂျာ မန်ဝက်သက်ပေါက်ခြင်း
၂။ရေခြောက်ပေါက်ခြင်း
၃။Cytomegalovirus ဟုခေါ်သောဗိုင်းရပ်စ်ပိုး ကူးဆက်ခံရခြင်း
၄။ရေရုံပေါက်ခြင်း
၅။Toxoplasmosis ဟုခေါ်သော ကြောင် နှင့် အစားအသောက်များမှ တစ်ဆင့်ကူးဆက်သည့် ရောဂါပိုးဝင်ရောက်ခြင်း
၆။ကာလသားရောဂါဖြစ်ပွားခြင်း
၇။ပြဒါးကဲ့သို့သော အဆိပ်အတောက် ဖြစ်စေသည့်ဓာတုပစ္စည်းများဖြင့်ထိတွေ့မိခြင်း
၈။Zika ဗိုင်းရပ်စ်ပိုးကူးဆက်ခံရခြင်း
၉။သိုင်းရွိက်ရောဂါရှိသူများ၊ စိတ်ရောဂါရှိသူများ နှင့် အတက်ရောဂါရှိသူများ
(၂) ကလေးနှင့်သက်ဆိုင်သည့်အခြေအနေများ
၁။ဦးနှောက်အမြှေးယောင်ရောဂါဖြစ်ပွားခြင်း
၂။ဦးနှောက်ယောင်ရောဂါဖြစ်ပွားခြင်း
၃။မွေးကင်းစအသားဝါခြင်းကို ထိရောက်သော ကုသမှုမခံယူခြင်း
(၃)အခြားအချက်အလက်များ
၁။တင်ပဆုံဖွားမွေးခြင်း
၂။မွေးဖွားသည့်အချိန်တွင် ကလေး၏ အသက်ရှူခြင်းနှင့် အချင်းအားထိခို်က်စေသာအခြေအနေများဖြစ်ခြင်း။ထိုသို့ဖြစ်ခြင်းကြောင့် ကလေး၏ ဦးနှောက်တွင် အောက်ဆိီဂျင်ပြတ်လတ်ခြင်း(ဥပမာ မွေးဖွားချိန်ကြာခြင်း၊ အချင်းအနေအထား ကလေးအနေအထားမမှန်ခြင်း၊ ရေမွှာစောပေါက်ခြင်း)
၃။ပေါင်မပြည့်ခြင်း (ပေါင်မပြည့်ခြင်းဆိုသည်မှာ ၅ပေါင်၅အောင်စအောက် သို့ ၂.၅ ကီလိုဂရမ်အောက်ကျခြင်းကိုခေါ်သည်)
၄။ကလေးအမွှာများမွေးခြင်း
၅။လမစေ့ဘဲမွေးခြင်း(၃၇ ပတ်ထက်စော၍ မွေးခြင်း)
၆။ မိခင်နှင့်ကလေး Rh ဟုခေါ်သော သွေးအုပ်စု မတူခြင်း
နောက်ဆက်တွဲ ပြဿနာများ
၁။ကြွက်သားများတောင့်တင်းနေသောကြောင့် ကြီးထွားမှုရပ်တန့်ခြင်း၊ အရိုးအဆစ်များပုံပျက်ခြင်း။
၂။အာဟာရချို့တဲ့ခြင်း(အစာကောင်းကောင်းမမျိုနိုင်ခြင်း ၊မစားနိုင်ခြင်း တို့ကြောင့်ဖြစ်သည်)
၃။စိတ်ပ်ိုင်းဆိုင်ရာချို့တဲ့ခြင်း ။
၄။အဆုတ်၊အသက်ရှုလမ်းကြောင်းနှင့်သက်ဆိုင်သောရောဂါများမကြာခဏဖြစ်ပွားခြင်း။
၅။ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးသောကြောင့် မူမမှန်လှုပ်ရှားမှုများ၊ စကားပြောနှေးခြင်း၊ စာမသင်နိုင်ခြင်း စသည် တို့ဖြစ်နိုင်သည်။
၆။ပုံမမှန်လှုပ်ရှားမှုများနှင့် ကြွက်သားများတောင့်တင်းနေသောကြောင့် အရိုးအဆစ်များရောင်ရမ်းခြင်း
၇။အရိုးကျိုးလွယ်ခြင်း။
၈။အမြင်အာရုံ ချို့တဲ့ခြင်း။
စစ်ဆေးမှုများ
၁။ ကလေး၏ ပုံသဏ္ဍာန်နှင့် ရောဂါလက္ခဏာများကိုကြည့်၍ ရောဂါအမည်တပ်ခြင်း။
၂။သံလိုက်ဓါတ်မှန်ရိုက်ကူးခြင်း။
၃။ဦးနှောက်တယ်လီဗေးရှင်းဓါတ်မှန်ရိုက်ခြင်း။
၄။ဦးနှောက်လျှပ်စစ်လှိုင်းများပုံဖော်ခြင်း။
၅။မျိုးရိုးဗီဇစစ်ဆေးခြင်း နှင့် သွေးစစ်ခြင်း။
အခြားစစ်ဆေးမှုများ
၁။အမြင်အာရုံစစ်ဆေးခြင်း။
၂။အကြားအာရုံစစ်ဆေးခြင်း။
၃။စကားပြောစွမ်းရည် စစ်ဆေးခြင်း။
၄။မှတ်ဉာဏ်စစ်ဆေးခြင်း။
၅။အခြား ဖွံ့ဖြိုးမှုနှင့် လှုပ်ရှားမှုများကိုစစ်ဆေးခြင်း
ကုသခြင်း
(၁)CP သည် ဆရာဝန်တစ်ယောက်တည်းဖြင့်ကု၍ မရပေ။
အုပ်စုဖွဲ့၍ ကုသရန်လိုသည်။ထိုအုပ်စုတွင် ကလေးအထူးကုများ၊ ဦးနှောက်နှင့် အာရုံကြောအထူးကုများ၊ အရိုးအကြောအဆစ်ပြန်လည်သန်စွမ်းရေးဆရာဝန်များ၊စိတ်ကျန်းမာရေးဆရာဝန်များ၊
နားနှာခေါင်းနှင့်လည်ချောင်းဆရာဝန်များ၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမည့်သူများ၊စကားအပြောအဆိုသင်ပေးမည့်သုူများ၊ပြန်လည်ထူထောင်ရေးအဖွဲ့အစည်းများ၊ အခြားလူမှုကူညီရေးအဖွဲ့အစည်းများ၊ အထူးကြပ်မတ်ထားသော ကျောင်းဆရာ၊ဆရာမများ။ စသည်ဖြင့်ပါဝင်ရန်လိုအပ်ပါသည်။
(၂) ရောဂါလက္ခဏာများသက်သာအောင်သာကု၍ ရသည်။(ဥပမာ--ကြွက်သားများတောင့်တင်းခြင်း၊ တက်ခြင်း၊ အစာမျိုချရန်ခက်ခြင်း၊ စသည်တို့ကို သက်သာ အောင် ကုသပေးခြင်း)
အထက်ပါအဖွဲ့အစည်းများစုပေါင်း၍ စိတ်ရှည်လက်ရှည်ကုသရန်လိုသည်။
(၃) မိဘများမှလည်း ကလေးအား ကိစ္စရပ်များကို မည်သည့်အကုူအညီမျှမပါဘဲလုပ်ဆောင်နိုင်ရန်သင်ကြားပေးပါ။
(၄) ကလေးငယ်များ၏ အပြုအမူလေးများကို အားပေးစကားပြောပေးပါ။
(၅) ထောက်ပံ့မှုအပြည့်အဝပေးပါ။
ကာကွယ်ခြင်း
- ဖြစ်စေနိုင်သည့်အကြောင်းအရာများက်ုိ သိရှိပြီးကာကွယ်ထားရန်လိုသည်။
-ကိုယ်ဝန်ဆောင်စဉ် နှင့် မွေးဖွားစဉ် ကလေးဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်းမှာ အများဆုံးဖြစ်သောကြောင့်
-ကိုယ်ဝန်မှန်မှန်ပြခြင်း၊
-ကိုယ်ဝန်ဆောင်စဉ်ရောဂါပိုးမဝင်စေရန်ဂရုစိုက်ခြင်း၊
-သိုင်းရွိက်ရောဂါ ကဲ့သို့သော ရောဂါများရှိလျှင် စနစ်တကျဆေးကုသမှုခံယူထားခြင်း-
-ကျွမ်းကျင်သောသူများနှင့် သို့မဟုတ် ဆေးရုံများတွင်သာမွေးဖွားခြင်း။
-မွေးကင်းစကလေးအသားဝါလျှင်၊ ဖျားလျှင်နီးစပ်ရာဆေးရုံဆေးခန်းသို့အမြန်ဆုံးသွားရန်
Dr.Moon (7887 Healthcare Call Center)
Ref: Mayo clinic