German Measles (Rubella) ဂျိုက်သိုး
24-Oct-2017
ကလေးတို့တွင် ဖြစ်ပွားကြသော ကူးစက်ရောဂါတစ်ခုဖြစ်ပြီး အများစုမှာ ကျောင်းတက်နေသောအချိန်တွင် အချင်းချင်းကူးစက်လေ့ရှိကြသည်။ တစ်ခါဖြစ်ပွားပြီးလျှင် နောက်ထပ်၊ ထပ်မံဖြစ်ပွားရန် ခဲယဉ်းသည်။ ရောဂါပိုးဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ ပြုသသည်အထိ (၂) ပတ်မှ (၃) ပတ်အတွင်း ကြာနိုင်သည်။ ပထမဆုံးလက္ခဏာမှာ ပန်းရောင်ပျော့ပျော့ အဖုအပိမ့်များ ဖြစ်ပေါ်ခြင်းဖြစ်ပြီး တစ်ရက်၊ နှစ်ရက်အတွင်း အချင်းချင်းဆက်သွားလေ့ရှိပြီး အနည်းငယ်ဖျားနာခြင်း၊ အအေးမိခြင်းလက္ခဏာများလည်း ရှိတတ်သည်။ အဖုအပိမ့်များမှာ (၃) ရက်ကျော်လျှင် သက်သာလာတတ်ပြီး အရေပြားတစ်ဖြည်းဖြည်း ကွာလာသည်ကို တွေ့ရမည်။ ဂျိုက်သိုးရောဂါမှာ အန္တရာယ်ဖြစ်စေနိုင်ခြင်း မရှိဘဲ နောက်ဆက်တွဲရောဂါများလည်း ဖြစ်လေ့မရှိပေ။
အဖုအပိမ့်များပေါ်လာပြီး (၅) ရက်အတွင်း လူနာမှာ ရောဂါကူးစက်စေနိုင်သည်။ ဂျိုက်သိုးရောဂါမဖြစ်ဖူးသူ ကိုယ်ဝန်ဆောင်တို့တွင် ကိုယ်ဝန်ပထမ (၃) လပတ်အတွင်း ရောဂါဖြစ်ပွားပါက ဆရာဝန်ဖြင့် အမြန်ဆုံးပြသရမည်။ ထိုအချိန်တွင် ဖွံ့ဖြိုးမှု မပြည့်စုံသေးသော ကလေးငယ်တွင် ဖွံ့ဖြိုးမှုကို ထိခိုက်စေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကလေးငယ်ဘဝတွင် ဂျိုက်သိုးရောဂါဖြစ်သူတို့နှင့် ဝေးဝေးထားစရာမလိုဘဲ ကိုယ်ခံစွမ်းအား (သို့) ရောဂါကာကွယ်စွမ်းအား ရရှိစေရန် ရောဂါဖြစ်ပွားစေသင့်သည်။ ယခုအခါ ရောဂါကာကွယ်နိုင်သော ဆေးအနေဖြင့် MMR ကို ၁၉၈၈ ခု အောက်တိုဘာလမှစ၍ တီထွင်နိုင်ခဲ့သည်။ (MMR – Mealses, Mumps, Rubella, Vaccine) ကလေးငယ်တိုင်းကို အသက်တစ်နှစ်မှ နှစ်နှစ်အတွင်း ထိုဆေးထိုးပေးခြင်းဖြင့် ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုးရောဂါတို့ကို ကာကွယ်မှုပေးနိုင်ပါမည်။
Credit:
ဒေါက်တာမေမိုးနွယ်
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

