ရင်သွေးငယ်များ ဝမ်းဗိုက်ကျန်းမာရေးအတွက် မိခင်နို့ရည်မှ ဘက်တီးရီးယားက အ...
21-Nov-2017
လေ့လာချက်တွေအရ မိခင်နို့ရည်ထဲက ဘက်တီးရီးယားနဲ့ မိခင်ရဲ့နို့သီးခေါင်းက ရင်သွေးငယ်တွေရဲ့ ဝမ်းဗိုက်ကျန်းမာရေးအတွက် ခုခံမှုစွမ်းရည် တိုးမြှင့်ပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ မိခင်နို့ရည်တိုက်ကျွေးတာနဲ့ နို့ဘူးတိုက်ကျွေးတာတို့ကို လေ့လာခဲ့ကြရာမှာ မိခင်ထံကနေ ရင်သွေးငယ်တွေဆီ အကျိုးပြုဘက်တီးရီးယားတွေ လွှဲပြောင်းပေးနိုင်စေဖို့ မိခင်နို့တိုက်ကျွေးတာက အသင့်တော်ဆုံးဖြစ်တယ်လို့ လေ့လာချက်မှာဆိုပါတယ်။
ရင်သွေးတွေရဲ့ ပထမလသားအရွယ်မှာ အူအတွက်အကျိုးုပြု ဘက်တီးရီးယား ၂၅ ရာခိုင်နှုန်းကို မိခင်နို့ရည်ကနေရရှိပြီး မိခင်ရဲ့ နို့သီးခေါင်းတစ်ဝိုက် အရေပြားပိုင်းကနေ ၁၀ ရာခိုင်နှုန်းရရှိတယ်လို့ လေ့လာချက်မှာဆိုပါတယ်။ လေ့လာချက်ကို ကယ်လီဖိုးနီးယားတက္ကသိုလ် လော့စ်အိန်ဂျလိစ်မြို့ ကလေးအထူးကုဌာနက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အခုလိုမိခင်ကနေ အကျိုးပြုဘက်တီးရီးယားတွေ ရင်သွေးဆီရောက်ရှိစေတာက ကလေးအဝလွန်တာကို တိုက်ဖျက်ပေးနိုင်ပြီး ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ခုခံစွမ်းအားစနစ်ကို တိုးမြှင့်စေကာ ဦးနှောက်တွင်း လုပ်ဆောင်ချက်တွေကို အကျိုးထိရောက်မှုရှိစေတယ်လို့ ဒေါက်တာဂရေ့စ်အယ်ဒရဗန်ဒါကဆိုပါတယ်။
Credit: Arogyam magazine
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

