ကလေးများတွင်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ
27-Oct-2020ကလေးများတွင်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ
ကလေးများတွင်ဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ အအေးမိခြင်း အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနှင့် လေထဲရှိပန်းဝတ်မှုံများ စသည်တို့ကို ရှူမိသောအခါများတွင် လေပြွန် ရောင်ယမ်းလာခြင်းဖြစ်ပါသည်။ ကလေးရင်ကျပ်ရောဂါသည် ကလေးများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သော ကစားခြင်း ကျောင်းသွားခြင်း အိပ်စက်ခြင်း စသည်တို့ကို ထိခိုက်စေနိုင်သည့် ရောဂါတစ်မျိုးဖြစ်သည်။
ရောဂါလက္ခဏာများမှာ
·
မကြာခဏ
ချောင်းဆိုးခြင်း
·
အသက်ရှူလျှင်
တရွီှရွီှမြည်ခြင်း
·
အသက်ရှူမဝခြင်း
·
ရင်ဘတ်ထဲတွင်
တင်းကျပ်နေခြင်း
·
ရင်ဘတ်အောင့်ခြင်း
စသည်တို့ဖြစ်သည်။
အထက်ပါလက္ခဏာများအပြင်
·
ချောင်းဆိုးရင်ကျပ်ခြင်းကြောင့်
အိပ်မပျော်ခြင်း
·
မကြာခဏ
ချောင်းဆိုးတတ်ပြီး အအေးမိခြင်း အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းများဖြစ်သောအခါ
ပိုဆိုးလာတတ်ခြင်း
·
လေပြွန်ရောင်ခြင်း
အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းများဖြစ်သောအခါ
ပြန်ကောင်းရန် အချိန်ကြာခြင်း
·
အသက်ရှူရခက်ခြင်းကြောင့်
ကစားခြင်းနှင့် အားကစားတို့တွင် အများနီးတူမလုပ်နိုင်ခြင်း
·
အိပ်ရေးပျက်ပါများသောကြောင့်
မောပန်းနွမ်းနယ်ခြင်း စသည်တို့ကိုပါတွေ့ရနိုင်ပါသည်။
အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့
ချောင်းဆိုးခြင်း တရွှီရွှီမြည်ခြင်းတို့သည် ကလေးရင်ကျပ်ရောဂါမှာ ရှေးဦးစွာတွေ့ရသည့် လက္ခဏာများဖြစ်သည်။ကလေးရင်ကျပ်ရောဂါသည် ကလေးတစ်ယောက်နှင့်တစ်ယောက် ကွာခြားတတ်ပြီး အချိန်ကြာလာသည်နှင့်အမျှ သက်သာလာသူများရှိသလို ပိုမိုဆိုးရွားလာနိုင်ခြေလဲရှိပါတယ်။
ဘယ်လိုအခြေအနေမှာ
ဆရာဝန်နဲ့ပြသင့်လဲ
ကလေးမှာ
ရင်ကျပ်ရောဂါရှိနေပြီလို့ သံသယရှိတယ်ဆိုတာနဲ့ ဆရာဝန်ပြသင့်ပါသည်။ ဆရာဝန်နှင့် စောစောပြသခြင်းက နေ့စဉ် ခံစားရမည့် ဝေဒနာတွေကို သက်သာစေရုံမဟုတ်ပါဘူး။ ့ရုတ်တရတ်ရင်ကျပ်ခြင်း မဖြစ်အောင်ပါကာကွယ်ပေးနိုင်ပါတယ်။
·
မကြာခဏချောင်းဆိုးခြင်း
·
အသက်ရှူလျှင်တရွီှရွီှမြည်ခြင်း
·
အသက်ရှူမြန်ခြင်း
အသက်ရှူမဝခြင်း
·
ရင်ကျပ်ခြင်း
·
အသက်ရှူလမ်းကြောင်း
မကြာခဏပိုးဝင်၍ လေပြွန်ရောင်ယမ်းခြင်းများ ရှိလျှင် ဆရာဝန်ထံသွားရောက်ပြသသင့်ပါသည်။
အကယ်၍
ကလေးသည်
·
အသက်ရှူမဝသောကြောင့်
စကားကို စာကြောင်းအပြည့်မပြောနိုင်ဘဲ ရပ်၍ အသက်ရှူရလျှင်
·
အသက်ရှူရာတွင်
ဝမ်းဗိုက်ကြွက်သားများကိုပါ အသုံးပြုနေရလျှင်
·
အသက်ရှူရာတွင်
နှာခေါင်းပေါက်ကို ပွ၍ရှူရလျှင်
·
အသက်ရှူသောအခါ
ဝမ်းဗိုက်သည် နံရိုးအောက်ချိုင့်ဝင်သွားလျှင် အရေးပေါ်အခြအနေဖြစ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါသည်။
ဖြစ်ရသောအကြောင်းအရင်းများ
ကလေးရင်ကျပ်ရောဂါ
ဘာကြောင့်ဖြစ်ရသလဲဆိုတာကို အပြည့်အဝနားမလည်ကြသေးပါ။ ဖြစ်နိုင်တဲ့အကြောင်းအရင်းများကတော့
·
မျိုးရိုးလိုက်ခြင်း
·
အလွန်ငယ်ရွယ်သောအချိန်တွင်
အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း
·
ဆေးလိပ်ငွေ့နှင့်
လေထုညစ်ညမ်းမှု စသော ပတ်ဝန်းကျင် အခြေအနေများ စသည်တို့ဖြစ်ပါသည်။
သည့်အပြင်
·
အအေးမိခြင်းကဲ့သို့သော
ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း
·
ဆေးလိပ်ငွေ့
များ ညစ်ညမ်းသောလေထု စသည်တို့နှင့် ထိတွေ့နေရခြင်း
·
ဖုန်မှုန့်များ
တိရိစ္ဆာန် အညစ်အကြေးများ ပန်းဝတ်မှုန်များ မှိုများ စသည်တို့နှင့် ဓာတ်မတည့်ခြင်း
·
ရာသီဥတုပြောင်းလဲခြင်း
အေးခြင်း စသည်တို့ကြောင့်လည်း ရင်ကျပ်စေနိုင်ပါသည်။
ဘယ်လိုကာကွယ်ကျမလဲ
ရင်ကျပ်စေနိုင်သည်
အရာများကို ဂရုစိုက်ရှောင်ရှားခြင်းသည် ရင်ကျပ်ခြင်းကို ကာကွယ်ရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်။
·
ရင်ကျပ်ခြင်းကို
ဖြစ်စေနိုင်သောအရာများကို ဂရုပြုရှောင်ကျဉ်ပါ
·
ကလေးနားမှာ
ဆေးလိပ်မသောက်ပါစေနှင့်
·
ရင်မကျပ်သောအချိန်များတွင်
ကလေးကို လှုပ်လှုပ်ရှားရှားရှိပါစေ
·
ကလေးကို
သင့်တော့သော ကိုယ်အလေးချိန်ရှိပါစေ
· လိုအပ်လျှင် ဆရာဝန်နှင့်ပြသပါ။
Dr.Aung
Ref:mayoclinic.org