Print

ကိုဗစ်ကာကွယ်ဆေးထိုးသင့်မထိုးသင့်

  15-Jun-2025
Preview Image

ကိုဗစ်ကာကွယ်ဆေးထိုးသင့်မထိုးသင့်

ကိုဗစ်ရောဂါပိုးကူးစက်ခံရသူတွေ မြန်မာနိုင်ငံနဲ့အိမ်နီးချင်းထိုင်းနိုင်ငံတို့မှာရှိလာတာကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးသင့်မထိုးသင့်မေးလာကြတာတွေရှိပါတယ်။ 

ကိုဗစ်ကာကွယ်ဆေးကို မဖြစ်မနေထိုးသင့်တဲ့သူများ

-အသက်၆လအထက်ကလေးငယ်များ

-အသက် ၆၅နှစ်နှင့်အထက်လူကြီးများ

-ပြင်းထန်ကိုဗစ်ရောဂါဖြစ်ဖို့အလားအလာများသူများ

-နာတာရှည်ရောဂါရှိသူများ

-ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ

ကိုဗစ်ရောဂါကူးစက်နိုင်ချေကို လျော့ကျရန်နဲ့ ပြင်းထန်တဲ့နောက်ဆက်တွဲလက္ခဏာတွေမဖြစ်အောင် အသက်၆လအထက်မည်သူမဆို ကိုဗစ်ကာကွယ်ဆေးထိုးသင့်ပါတယ်။ 

ထိုးရမည့်ကာကွယ်ဆေးအမျိုးအစားများနှင့်အချိန်ကာလ

• ကိုဗစ်ကာကွယ်ဆေးကို ယခင်ထိုးနှံပြီးသားသူတွေက နောက်တကြိမ်ထိုးမယ်ဆိုရင်အနည်းဆုံး ၆လခြားထိုးလို့ရပါတယ်။ 

• ကိုဗစ်ကူးစက်ခံနေရသူဖြစ်ပါက ရောဂါလက္ခဏာစပြသည့်ရက် (သို့) ကိုဗစ်ကူးစက်ခံရပြီး (လက္ခဏာမပြ)အချိန်ကနေ အနည်းဆုံး (၃)လစောင့်ရပါမယ်။ 

• ထိုးရမယ့်ကာကွယ်ဆေးကတော့ ၂၀၂၄-၂၀၂၅အတွက်ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုဘဲ ထိုးသင့်ပါတယ်။ 

• Pfizer-BioNTech COVID-19 vaccine 2024-2025 (အသက် ၆လနှင့်အထက်)

• Moderna COVID-19 vaccine 2024-2025 (အသက် ၆လနှင့်အထက်) 

• Novavax COVID-19 vaccine 2024-2025 (အသက် ၁၂နှစ်နှင့်အထက်) ကာကွယ်ဆေးတွေကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က အသိအမှတ်ပြုထားပါတယ်။ 


ကိုဗစ်ရောဂါပိုးကူးစက်ခံရခြင်းကို ကာကွယ်လျှော့ချပေးနိုင်သည့်နည်းလမ်းများ

ကာကွယ်ဆေးထိုးရုံတစ်ခုတည်းနဲ့ ကိုဗစ်ရောဂါပိုးကူးစက်ခံရမှာကို မကာကွယ်နိုင်ပါဘူး။ ဒါ့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများကို ကာကွယ်ရန်နည်းလမ်းတွေဖြစ်တဲ့

• လက်ဆေးခြင်း (ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံး စက္ကန့်၂၀ကြာ)

• အပြင်သွားသည့်အခါ နှာခေါင်းစည်း (mask)တပ်ဆင်ခြင်း

• ချောင်းဆိုးနှာချေသည့်အခါ တံတောင်ကွေး (သို့) တစ်ရှူးဖြင့် နှာခေါင်း၊ပါးစပ်များကို လုံအောင်ဖုံးခြင်း

• လူစုလူဝေးများကို ရှောင်ကြဉ်ခြင်း

• ထိတွေ့နေကျ အရာဝတ္ထုများနှင့် မျက်နှာပြင်များကို ပိုးသတ်ခြင်း

• မသန့်ရှင်းသောလက်ဖြင့် မျက်စိ၊နှာခေါင်းနှင့်ပါးစပ်များကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ခြင်း

• ဖျားနာနေပါက အိမ်တွင်အနားယူခြင်းနှင့် ဖျားနာသူနှင့် ခပ်ခွာခွာနေခြင်းတို့ကို လိုက်နာဆောင်ရွက်သင့်ပါတယ်။ 

အားလုံးပဲ ကျန်းမာသုခနှင့်ပြည့်စုံကြပါစေ

Dr. Hazel

Ref: US CDC 



Related Articles


Advertisment 18